စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၆၇ သန်း ပါဝင်တဲ့ ကာလရှည် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်တဲ့ ဘာစီလိုနာ လူငယ်တိုက်စစ်ကစားသမားလေး အန်ဆုဖာတီ

ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား အန်ဆုဖာတီဟာ အသင်းမှာ ကာလရှည် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီး ကျောနံပါတ် (၂၂) ကို ပြောင်းလဲ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ လူငယ်တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာ စီနီယာအသင်းမှာ ပွဲထွက်ကစားခွင့်ရလာပြီးနောက် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အသင်းအတွက် (၃၃) ပွဲကစားထားပြီး (၈) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးခဲ့ပါတယ်။

အန်ဆုဖာတီဟာ စပိန်လက်ရွေးစင်အသင်းကြီးမှာလည်း ဒီလအစောပိုင်းက ရွေးချယ်ခံရပြီး ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၆၇ သန်းကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ ဖာတီရဲ့ နဂို စာချုပ်သက်တမ်းဟာ (၂) နှစ်ကျန်ရှိနေသေးပေမယ့် နဂိုစာချုပ်ဖျက်သိမ်းကြေးက ပေါင် ၂၁၁ သန်းပဲ ရှိတဲ့အတွက် နောက်ထပ် ပေါင် ၁၅၆ သန်းထပ်ပြီး ပေါင်းထည့် ချုပ်ဆိုချင်လို့ ယခုလို စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

နောက်လ အောက်တိုဘာ ၃၁ ရက်နေ့မှာ ၁၈ နှစ်ပြည့်မယ့် အန်ဆုဖာတီကို ဘာစီလိုနာအသင်း အသင်းရဲ့ စီနီယာ ကစားသမားအဖြစ် တရားဝင် ကြေညာခဲ့ပါတယ်။ ဖာတီကို ဒီနှစ်အစောပိုင်းတုန်းက ပရီးမီးယားလိဂ်က ယူနိုက်တက်က ဆက်သွယ်မှုတွေ လုပ်ခဲ့ပါသေးတယ်။

တောင်ပံတိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက သြဂုတ်လမှာ အသက် ၁၆ နှစ်နဲ့ ၂၉၈ ရက်မှာပဲ ဘက်တစ်အသင်းကို (၅-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ပွဲချိန်ပြည့် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဘာစီလိုနာအသင်းသမိုင်းမှာ ဒုတိယအသက်အငယ်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။နောက်တစ်ပတ်အကြာမှာပဲ အန်ဆုဖာတီဟာ အိုဆာဆူနာအသင်းနဲ့ (၂-၂) သရေကျခဲ့တဲ့ပွဲမှာ ဘာစီလိုာအသင်းသမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၃၆၇ သန္း ပါ၀င္တဲ့ ကာလရွည္ စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုလိုက္တဲ့ ဘာစီလိုနာ လူငယ္တိုက္စစ္ကစားသမားေလး အန္ဆုဖာတီ

ဘာစီလိုနာအသင္းရဲ႕ လူငယ္တိုက္စစ္ကစားသမား အန္ဆုဖာတီဟာ အသင္းမွာ ကာလရွည္ စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုလိုက္ျပီး ေက်ာနံပါတ္ (၂၂) ကို ေျပာင္းလဲ ၀တ္ဆင္သြားမွာ ျဖစ္ပါတယ္။ အသက္ ၁၇ ႏွစ္ပဲ ရွိေသးတဲ့ လူငယ္တိုက္စစ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ဘာစီလိုနာ စီနီယာအသင္းမွာ ပြဲထြက္ကစားခြင့္ရလာျပီးေနာက္ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ အသင္းအတြက္ (၃၃) ပြဲကစားထားျပီး (၈) ဂိုးသြင္း (၁) ဂိုးဖန္တီးေပးခဲ့ပါတယ္။

အန္ဆုဖာတီဟာ စပိန္လက္ေရြးစင္အသင္းၾကီးမွာလည္း ဒီလအေစာပိုင္းက ေရြးခ်ယ္ခံရျပီး ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။ သူဟာ ဘာစီလိုနာအသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ ဆက္ရွိေနမယ့္ စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုခဲ့ျပီး စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၃၆၇ သန္းကိုလည္း ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။ ဖာတီရဲ႕ နဂို စာခ်ဳပ္သက္တမ္းဟာ (၂) ႏွစ္က်န္ရွိေနေသးေပမယ့္ နဂိုစာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၂၁၁ သန္းပဲ ရွိတဲ့အတြက္ ေနာက္ထပ္ ေပါင္ ၁၅၆ သန္းထပ္ျပီး ေပါင္းထည့္ ခ်ဳပ္ဆိုခ်င္လို႔ ယခုလို စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ေနာက္လ ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ ၁၈ ႏွစ္ျပည့္မယ့္ အန္ဆုဖာတီကို ဘာစီလိုနာအသင္း အသင္းရဲ႕ စီနီယာ ကစားသမားအျဖစ္ တရား၀င္ ေၾကညာခဲ့ပါတယ္။ ဖာတီကို ဒီႏွစ္အေစာပိုင္းတုန္းက ပရီးမီးယားလိဂ္က ယူႏိုက္တက္က ဆက္သြယ္မႈေတြ လုပ္ခဲ့ပါေသးတယ္။

ေတာင္ပံတိုက္စစ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ၾသဂုတ္လမွာ အသက္ ၁၆ ႏွစ္နဲ႔ ၂၉၈ ရက္မွာပဲ ဘက္တစ္အသင္းကို (၅-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ ပြဲခ်ိန္ျပည့္ ပြဲထြက္ကစားခြင့္ရခဲ့တဲ့ ဘာစီလိုနာအသင္းသမိုင္းမွာ ဒုတိယအသက္အငယ္ဆံုး ကစားသမားျဖစ္ခဲ့ပါတယ္။ေနာက္တစ္ပတ္အၾကာမွာပဲ အန္ဆုဖာတီဟာ အိုဆာဆူနာအသင္းနဲ႔ (၂-၂) သေရက်ခဲ့တဲ့ပြဲမွာ ဘာစီလိုာအသင္းသမုိင္းမွာ အသက္အငယ္ဆံုး ဂိုးသြင္းသူအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။