ရီးရဲလ်က ထွက်ပြီး ဖရန့်ဖတ်ကို ပြန်ချင်နေတဲ့ ဂျိုဗစ်ကို အသင်းကလည်း အဌားနဲ့ ပြန်ခေါ်ချင်နေတယ်လို့ သိရ


ဖရန့်ဖတ်ကနေ ရီးရဲလ်ကို ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ပြောင်းရွှေ့လာခဲ့ပေမယ့် ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပွဲထွက်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဂျိုဗစ်အနေနဲ့ ရီးရဲလ်ကထွက်ပြီး အသင်းဟောင်းကို ပြန်ဖို့ အလိုရှိနေသလို ဖရန့် ဖတ်ကလည်း သူတို့ရဲ့ တိုက်စစ်မှူးဟောင်းကို အဌားနဲ့ ပြန်လည်ခေါ်ယူဖို့ အတွက် အလိုရှိနေတယ်လို့ သိရပါတယ်။ ဂျိုဗစ် ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အတွက် ၄ ပွဲပဲ ပွဲထွက်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။


အသက် ၂၂ နှစ်သာရှိသေးတဲ့ ဂျိုဗစ်ဟာ ဖရန့်ဖတ်အတွက် နောက်ဆုံးကစားခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ၄၈ ပွဲကစားပြီး ၂၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ်အထိပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဖရန့်ဖတ်နဲ့ အတူခြေစွမ်း ပြနိုင်ခဲ့တဲ့ ဂျိုဗစ်ကို ဥရောပအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားလာတာကြောင့် ရီးရဲလ်က လက်ဦးမှုရယူပြီး ပေါင် ၅၃ သန်းနဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အတွက် ၂၇ ပွဲကစားခဲ့ရာမှာ ၄ ပွဲပဲ ပွဲထွက်ခွင့်ရခဲ့တဲ့ ဂျိုဗစ်ဟာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဂျိုဗစ်က ပုံမှန်နေရာမရဖြစ်နေတဲ့ ရီးရဲလ်က ထွက် ပြီး အသင်းဟောင်း ဖရန့်ဖတ်ကို ပြန်ဖို့အတွက် အလိုရှိနေတယ်လို့ သိရပါတယ်။ ဒီရာသီ လာလီဂါရဲ့အဖွင့်ပွဲစဉ်မှာလည်း ရီးရဲလ်နည်းပြ ဇီဒန်းအနေနဲ့ ဂျိုဗစ်ကို အသုံးမပြုခဲ့ဘဲ လူငယ်ကစားသမားတွေဖြစ်တဲ့ မာဗင်နဲ့ အာရီဘတ်စ်တို့ကို ကစားစေ ခဲ့တာ ဖြစ်ပါတယ်။


ရီးရဲလ်အနေနဲ့ ဂျိုဗစ်ကို ဖရန့်ဖတ်အသင်းကို ပြန်လည်အဌားချခဲ့မယ်ဆိုရင် စပါးအသင်းကို ပြန်လည်အဌားချခဲ့တဲ့ ဂါရတ် ဘေးလ်လိုမျိုး အသင်းဟောင်းထံကို ပြန်လည်အဌားချတဲ့ ဒုတိယမြောက်ကစားသမားလည်း ဖြစ်လာမယ်လို့ သိရပါတယ်။ ဖရန့်ဖတ်ကလည်း ဂျိူဗစ်ကို အဌားနဲ့ ပြန်လည်ခေါ်ယူဖို့အလိုရှိနေတာကြောင့် အပြောင်းအရွှေ့ဟာ နွေရာသီဈေးကွက် မပိတ်မီမှာ ဖြစ်မြောက်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

zawgyi version

ရီးရဲလ္က ထြက္ၿပီး ဖရန္႔ဖတ္ကို ျပန္ခ်င္ေနတဲ့ ဂ်ိဳဗစ္ကို အသင္းကလည္း အဌားနဲ႔ ျပန္ေခၚခ်င္ေနတယ္လို႔ သိရ
ဖရန္႔ဖတ္ကေန ရီးရဲလ္ကို ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕က ေျပာင္းေရႊ႕လာခဲ့ေပမယ့္ ပံုမွန္ေျခစြမ္းမျပႏိုင္ခဲ့တာေၾကာင့္ ပြဲထြက္ဖို႔ ရုန္းကန္ေနရတဲ့ တိုက္စစ္မွဴး ဂ်ိဳဗစ္အေနနဲ႔ ရီးရဲလ္ကထြက္ၿပီး အသင္းေဟာင္းကို ျပန္ဖို႔ အလိုရွိေနသလို ဖရန္႔ ဖတ္ကလည္း သူတို႔ရဲ႕ တိုက္စစ္မွဴးေဟာင္းကို အဌားနဲ႔ ျပန္လည္ေခၚယူဖို႔ အတြက္ အလိုရွိေနတယ္လို႔ သိရပါတယ္။ ဂ်ိဳဗစ္ ဟာ ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္အတြက္ ၄ ပြဲပဲ ပြဲထြက္ကစားခြင့္ရခဲ့တာ ျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္သာရွိေသးတဲ့ ဂ်ိဳဗစ္ဟာ ဖရန္႔ဖတ္အတြက္ ေနာက္ဆံုးကစားခဲ့တဲ့ရာသီတုန္းက ၿပိဳင္ပြဲစံု ၄၈ ပြဲကစားၿပီး ၂၇ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၇ ၾကိမ္အထိျပဳလုပ္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ယူရိုပါလိဂ္ၿပိဳင္ပြဲမွာ ဖရန္႔ဖတ္နဲ႔ အတူေျခစြမ္း ျပႏိုင္ခဲ့တဲ့ ဂ်ိဳဗစ္ကို ဥေရာပအသင္းၾကီးေတြက ေခၚယူဖို႔ စိတ္ဝင္စားလာတာေၾကာင့္ ရီးရဲလ္က လက္ဦးမႈရယူၿပီး ေပါင္ ၅၃ သန္းနဲ႔ ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္အတြက္ ၂၇ ပြဲကစားခဲ့ရာမွာ ၄ ပြဲပဲ ပြဲထြက္ခြင့္ရခဲ့တဲ့ ဂ်ိဳဗစ္ဟာ အသင္းအတြက္ သြင္းဂိုး ၂ ဂိုးပဲ သြင္းယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ ဂ်ိဳဗစ္က ပံုမွန္ေနရာမရျဖစ္ေနတဲ့ ရီးရဲလ္က ထြက္ ၿပီး အသင္းေဟာင္း ဖရန္႔ဖတ္ကို ျပန္ဖို႔အတြက္ အလိုရွိေနတယ္လို႔ သိရပါတယ္။ ဒီရာသီ လာလီဂါရဲ႕အဖြင့္ပြဲစဥ္မွာလည္း ရီးရဲလ္နည္းျပ ဇီဒန္းအေနနဲ႔ ဂ်ိဳဗစ္ကို အသံုးမျပဳခဲ့ဘဲ လူငယ္ကစားသမားေတြျဖစ္တဲ့ မာဗင္နဲ႔ အာရီဘတ္စ္တို႔ကို ကစားေစ ခဲ့တာ ျဖစ္ပါတယ္။
ရီးရဲလ္အေနနဲ႔ ဂ်ိဳဗစ္ကို ဖရန္႔ဖတ္အသင္းကို ျပန္လည္အဌားခ်ခဲ့မယ္ဆိုရင္ စပါးအသင္းကို ျပန္လည္အဌားခ်ခဲ့တဲ့ ဂါရတ္ ေဘးလ္လိုမ်ိဳး အသင္းေဟာင္းထံကို ျပန္လည္အဌားခ်တဲ့ ဒုတိယေျမာက္ကစားသမားလည္း ျဖစ္လာမယ္လို႔ သိရပါတယ္။ ဖရန္႔ဖတ္ကလည္း ဂ်ိဴဗစ္ကို အဌားနဲ႔ ျပန္လည္ေခၚယူဖို႔အလိုရွိေနတာေၾကာင့္ အေျပာင္းအေရႊ႕ဟာ ေႏြရာသီေစ်းကြက္ မပိတ္မီမွာ ျဖစ္ေျမာက္ႏိုင္တယ္လို႔ သံုးသပ္မႈေတြလည္း ရွိေနပါတယ္။