ဂျူဗင်တပ်စ်အသင်းကို ဆေးစစ်ဖို့ ခံယူရန် ရောက်လာပြီဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး မိုရာတာ

မိုရာတာဟာ ဂျူဗင်တပ်စ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းအခြေစိုက်မှာ ဆေးစစ်မှု ခံယူရန် ရောက်လာပြီဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ ၂၀၁၆ ခုနှစ်တုန်းက ဂျူဗင်တပ်စ်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ယခုအခါ အက်သလက်တီကိုမက်ဒရစ်အသင်းဆီကနေ တစ်နှစ်အငှားနဲ့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

မိုရာတာကို အသင်းရဲ့ လေ့ကျင့်ရေးကွင်းအခြေစိုက်မှာ တွေ့ရှိခဲ့ရပြီး ပရိသတ်တွေကို လက်ပြနှုတ်ဆက်တာကို မြင်တွေ့ခဲ့ရပါတယ်။ စပိန်တိုက်စစ်မှူးဟာ တနလာၤနေ့ညက တူရင်ကို ရောက်ရှိလာတာဖြစ်ပြီး ရာသီကုန်မှာလည်း အငှားနဲ့ ဝယ်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးအသင်းကနေ စပိန်ကလပ်ကို အပြီးသတ်ပြောင်းရွှေ့ခဲ့တဲ့ မိုရာတာဟာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ (၁၉) ဂိုးသွင်းပြီး (၂) ဂိုးဖန်တီးပေးခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျူဗင်တပ်စ်မှာ ကစားခဲ့တဲ့ (၂) နှစ်တာကာလမှာလည်း (၁၅) ဂိုးသွင်းခဲ့ပေမယ့် ဆွာရက်ဇ်ကို မရခဲ့လို့ သူ့ကို ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

ဂ်ဴဗင္တပ္စ္အသင္းကို ေဆးစစ္ဖို႔ ခံယူရန္ ေရာက္လာျပီျဖစ္တဲ့ အက္သလက္တီကိုမက္ဒရစ္ တုိက္စစ္မွဴး မိုရာတာ

မိုရာတာဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းအေျခစိုက္မွာ ေဆးစစ္မႈ ခံယူရန္ ေရာက္လာျပီျဖစ္ပါတယ္။ တိုက္စစ္မွဴးဟာ ၂၀၁၆ ခုႏွစ္တုန္းက ဂ်ဴဗင္တပ္စ္ကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ျပီး ယခုအခါ အက္သလက္တီကိုမက္ဒရစ္အသင္းဆီကေန တစ္ႏွစ္အငွားနဲ႔ ျပန္လည္ေရာက္ရွိလာျပီျဖစ္ပါတယ္။

မိုရာတာကို အသင္းရဲ႕ ေလ့က်င့္ေရးကြင္းအေျခစိုက္မွာ ေတြ႕ရွိခဲ့ရျပီး ပရိသတ္ေတြကို လက္ျပႏႈတ္ဆက္တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ စပိန္တုိက္စစ္မွဴးဟာ တနလာၤေန႔ညက တူရင္ကို ေရာက္ရွိလာတာျဖစ္ျပီး ရာသီကုန္မွာလည္း အငွားနဲ႔ ၀ယ္ယူခြင့္ရွိတယ္ဆိုတဲ့ အခ်က္ကိုလည္း ထည့္သြင္းခ်ဳပ္ဆိုထားတာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ေႏြရာသီက ခ်ဲလ္ဆီးအသင္းကေန စပိန္ကလပ္ကို အျပီးသတ္ေျပာင္းေရႊ႕ခဲ့တဲ့ မိုရာတာဟာ အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ (၁၉) ဂိုးသြင္းျပီး (၂) ဂိုးဖန္တီးေပးခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ တိုက္စစ္မွဴးဟာ ဂ်ဴဗင္တပ္စ္မွာ ကစားခဲ့တဲ့ (၂) ႏွစ္တာကာလမွာလည္း (၁၅) ဂိုးသြင္းခဲ့ေပမယ့္ ဆြာရက္ဇ္ကို မရခဲ့လို႔ သူ႔ကို ေခၚယူခဲ့ရတာျဖစ္ပါတယ္။