အပြန်အလှန်လေးစားမှု ရှိပေမယ့် မက်ဆီ၊ ဆွာရက်ဇ် တို့နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေမဟုတ်ဘူးလို့ ပြောခဲ့တဲ့ ရာကီတစ်

နွေရာသီအပြောင်းအရွှေ့မှာ အပြောင်းအလဲပြုလုပ်နေတဲ့ ဘာစီလိုနာကနေ အသင်းဟောင်း ဆီဗီလာကို ပြန်ပြောင်းရွှေ့ခဲ့ တဲ့ ကွင်းလယ်ကစားသမား ရာကီတစ်က ဘာစီလိုနာမှာ ၆နှစ်ကြာကစားခဲ့တာ ဖြစ်ပေမယ့် အသင်းရဲ့ အဓိကတိုက်စစ်မှူး တွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ သူငယ်ချင်းလိုမျိုး ရင်းနှီးခဲ့မှု မရှိဘဲ အပြန်အလှန်လေးစားမှုပဲ ရှိတယ်ဆိုပြီး ပြောခဲ့ပါ တယ်။


EL Desmarque ကနေတဆင့် ရာကီတစ်က “ ကျွန်တော်ဘက်အခြမ်းကနေ ပြောရမယ်ဆိုရင် မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ ဘာစီလိုနာမှာ ၆ နှစ်လောက်တွဲကစားခဲ့ဖူးပေမယ့် သူတို့နဲ့ သူငယ်ချင်းတွေကို မရင်းနှီးခဲ့ပါဘူး။ အသင်းမှာ ရှိတဲ့ ကစား သမား ၂၃ ယောက် ဒါမှမဟုတ် ၂၄ လောက်စလုံး တစ်စုတစ်စည်းထဲ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တွေက အင်နီယေစတာ ၊ တာစတီဂန်၊ ပရင့်ဘိုတန်နဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီကဆိုရင်တော့ ဂျူနီယာဖာပို တို့ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ရာကီတစ်က “ သူတို့ နှစ်ယောက်စလုံးက ဘာစီလိုနာအတွက် အရေးကြီးတဲ့ကစားသမားတွေပါ။သူတို့နဲ့ အ တူ ၆ နှစ်လောက် ဘောလုံးတွဲကစားခွင့်ရတဲ့အတွက်လည်း အံသြမိပါတယ်။ မရင်းနှီးပေမယ့် သူတို့နှစ်ယောက်စလုံးနဲ့ ကျွန်တော်ကြားမှာ အပြန်အလှန်လေးစားမှုတော့ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းဖြစ်နေတုန်းက သူတို့နဲ့ အတူရှိခဲ့ပြီး ကူညီပေးခဲ့တာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ရာကီတစ်အနေနဲ့ ခရိုအေရှားလက်ရွေးစင်အသင်းကနေ အနားယူပြီလို့ သတင်းတွေက ဖော်ပြ ခဲ့ကြပါတယ်။ အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ ရာကီတစ်ဟာ ခရိုအေရှားလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၀၆ ပွဲကစား ပေးထားပြီး ၁၅ ဂိုးသွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဗိုလ်လုပွဲတက်ခဲ့ တဲ့ ခရိုအေရှားအသင်းမှာ ရာကီတစ်ဟာ အဓိက,ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

zawgyi version

အျပန္အလွန္ေလးစားမႈ ရွိေပမယ့္ မက္ဆီ၊ ဆြာရက္ဇ္ တို႔နဲ႔ ရင္းႏွီးတဲ့သူငယ္ခ်င္းေတြမဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ရာကီတစ္
ေႏြရာသီအေျပာင္းအေရႊ႕မွာ အေျပာင္းအလဲျပဳလုပ္ေနတဲ့ ဘာစီလိုနာကေန အသင္းေဟာင္း ဆီဗီလာကို ျပန္ေျပာင္းေရႊ႕ခဲ့ တဲ့ ကြင္းလယ္ကစားသမား ရာကီတစ္က ဘာစီလိုနာမွာ ၆ႏွစ္ၾကာကစားခဲ့တာ ျဖစ္ေပမယ့္ အသင္းရဲ႕ အဓိကတုိက္စစ္မွဴး ေတြျဖစ္တဲ့ မက္ဆီ၊ ဆြာရက္ဇ္တို႔နဲ႔ သူငယ္ခ်င္းလိုမ်ိဳး ရင္းႏွီးခဲ့မႈ မရွိဘဲ အျပန္အလွန္ေလးစားမႈပဲ ရွိတယ္ဆိုၿပီး ေျပာခဲ့ပါ တယ္။
EL Desmarque ကေနတဆင့္ ရာကီတစ္က “ ကြ်န္ေတာ္ဘက္အျခမ္းကေန ေျပာရမယ္ဆိုရင္ မက္ဆီ၊ ဆြာရက္ဇ္တို႔နဲ႔ ဘာစီလိုနာမွာ ၆ ႏွစ္ေလာက္တြဲကစားခဲ့ဖူးေပမယ့္ သူတို႔နဲ႔ သူငယ္ခ်င္းေတြကို မရင္းႏွီးခဲ့ပါဘူး။ အသင္းမွာ ရွိတဲ့ ကစား သမား ၂၃ ေယာက္ ဒါမွမဟုတ္ ၂၄ ေလာက္စလံုး တစ္စုတစ္စည္းထဲ မျဖစ္ႏိုင္ပါဘူး။ ကြ်န္ေတာ္ရဲ႕ ရင္းႏွီးတဲ့ သူငယ္ခ်င္း ေတြက အင္နီေယစတာ ၊ တာစတီဂန္၊ ပရင့္ဘိုတန္နဲ႔ ၿပီးခဲ့တဲ့ေဘာလံုးရာသီကဆိုရင္ေတာ့ ဂ်ဴနီယာဖာပို တို႔ပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ရာကီတစ္က “ သူတို႔ ႏွစ္ေယာက္စလံုးက ဘာစီလိုနာအတြက္ အေရးၾကီးတဲ့ကစားသမားေတြပါ။သူတို႔နဲ႔ အ တူ ၆ ႏွစ္ေလာက္ ေဘာလံုးတြဲကစားခြင့္ရတဲ့အတြက္လည္း အံၾသမိပါတယ္။ မရင္းႏွီးေပမယ့္ သူတို႔ႏွစ္ေယာက္စလံုးနဲ႔ ကြ်န္ေတာ္ၾကားမွာ အျပန္အလွန္ေလးစားမႈေတာ့ ရွိပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေလာ့ခ္ေဒါင္းျဖစ္ေနတုန္းက သူတို႔နဲ႔ အတူရွိခဲ့ၿပီး ကူညီေပးခဲ့တာေတြအတြက္လည္း ေက်းဇူးတင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ ရာကီတစ္အေနနဲ႔ ခရိုေအရွားလက္ေရြးစင္အသင္းကေန အနားယူၿပီလို႔ သတင္းေတြက ေဖာ္ျပ ခဲ့ၾကပါတယ္။ အသက္ ၃၂ ႏွစ္ရွိေနၿပီျဖစ္တဲ့ ရာကီတစ္ဟာ ခရိုေအရွားလက္ေရြးစင္အသင္းအတြက္ ပြဲေပါင္း ၁၀၆ ပြဲကစား ေပးထားၿပီး ၁၅ ဂိုးသြင္းယူထားႏိုင္သူလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကမၻာ့ဖလားၿပိဳင္ပြဲတုန္းက ဗိုလ္လုပြဲတက္ခဲ့ တဲ့ ခရိုေအရွားအသင္းမွာ ရာကီတစ္ဟာ အဓိက,ကစားသမားတစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။