ဘာစီလိုနာနဲ့ စာချုပ်ဖျက်သိမ်းပြီးတဲ့ ဆွာရက်ဇ် အက်သလက်တီကိုမက်ဒရစ်ကို ရောက်ရန်နီးစပ်နေပြီး မိုရာတာက ဂျူဗင်တပ်စ်ကို အငှားနဲ့ ရောက်ရန် နီးစပ်

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းဖျက်သိမ်းပြီးနောက ်အသင်းကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနဲ့သတင်းတွေထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ဥရုဂွေးတိုက်စစ်မှူးဟာ အက်သလက်တီကိုမက်ဒရစ်ကိုပြောင်းရွှေ့ရန် နီးစပ်နေတယ်လို့ စပိန်သတင်းစာများရဲ့ အဆိုအရ သိရပါတယ်။ အက်သလက်တီကိုမက်ဒရစ်က တိုက်စစ်မှူး မိုရာတာကို ဂျူဗင်တပ်စ်က အငှားနဲ့ ခေါ်ယူမှာဖြစ်လို့ ဆွာရက်ဇ်ကို အက်သလက်တီကိုမက်ဒရစ်က ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက သူ့ရဲ့ အစီအစဉ်မှာ မပါဝင်ဘူးလို့ ပြောကြားခဲ့ပြီးနောက် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ရန် နီးစပ်ခဲ့ပါတယ်။ သို့သော်လည်း ဂျူဗင်တပ်စ်အသင်းဟာ အာသာ နဲ့ မက်ကင်နီး တို့ကို ခေါ်ယူထားတာဖြစ်လို့ ဥရောပက မဟုတ်တဲ့ နောက်ထပ် ကစားသမားတစ်ယောက်ကို ထပ်မံခေါ်ယူခွင့်မရှိတော့ပါဘူး။

အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ နိုင်ငံကူးလက်မှတ်ရဖို့အတွက်လည်း စောင့်ဆိုင်းနေရတာဖြစ်ပြီး အပြောင်းအရွှေ့ရာသီကလည်း အောက်တိုဘာလ (၅) ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်လို့ နည်းပြပီယာလိုကလည်း ခက်ခဲမယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ဆွာရက်ဇ်နဲ့ ကော်စတာအတွဲကို အသင်းရဲ့ တိုက်စစ်မှာ တွဲဖက်ကစားစေလိုနေတာဖြစ်ပါတယ်။ အသင်းက တိုက်စစ်မှူး မိုရာတာကိုတော့ ဂျူဗင်တပ်စ်အသင်းက အငှားနဲ့ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ စပိန်ကစားသမားဟာ ၂၀၁၄ ကနေ ၂၀၁၆ အထိ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့ပြီး ၂၀၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနဲ႔ စာခ်ဳပ္ဖ်က္သိမ္းျပီးတဲ့ ဆြာရက္ဇ္ အက္သလက္တီကိုမက္ဒရစ္ကို ေရာက္ရန္နီးစပ္ေနျပီး မိုရာတာက ဂ်ဴဗင္တပ္စ္ကို အငွားနဲ႔ ေရာက္ရန္ နီးစပ္

ဘာစီလုိနာတိုက္စစ္မွဴး ဆြာရက္ဇ္ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းဖ်က္သိမ္းျပီးေနာက ္အသင္းကေန ထြက္ခြာသြားျပီျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းနဲ႔သတင္းေတြထြက္ေပၚခဲ့ေသာ္လည္း ယခုအခါ ဥရုေဂြးတိုက္စစ္မွဴးဟာ အက္သလက္တီကိုမက္ဒရစ္ကိုေျပာင္းေရႊ႕ရန္ နီးစပ္ေနတယ္လို႔ စပိန္သတင္းစာမ်ားရဲ႕ အဆိုအရ သိရပါတယ္။ အက္သလက္တီကိုမက္ဒရစ္က တိုက္စစ္မွဴး မိုရာတာကို ဂ်ဴဗင္တပ္စ္က အငွားနဲ႔ ေခၚယူမွာျဖစ္လို႔ ဆြာရက္ဇ္ကို အက္သလက္တီကိုမက္ဒရစ္က ေခၚယူလိုေနတာျဖစ္ပါတယ္။

ဆြာရက္ဇ္ဟာ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းက သူ႔ရဲ႕ အစီအစဥ္မွာ မပါ၀င္ဘူးလို႔ ေျပာၾကားခဲ့ျပီးေနာက္ ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ရန္ နီးစပ္ခဲ့ပါတယ္။ သို႔ေသာ္လည္း ဂ်ဴဗင္တပ္စ္အသင္းဟာ အာသာ နဲ႔ မက္ကင္နီး တို႔ကို ေခၚယူထားတာျဖစ္လို႔ ဥေရာပက မဟုတ္တဲ့ ေနာက္ထပ္ ကစားသမားတစ္ေယာက္ကို ထပ္မံေခၚယူခြင့္မရွိေတာ့ပါဘူး။

အသက္ ၃၃ ႏွစ္အရြယ္ကစားသမားဟာ ႏိုင္ငံကူးလက္မွတ္ရဖို႔အတြက္လည္း ေစာင့္ဆိုင္းေနရတာျဖစ္ျပီး အေျပာင္းအေရႊ႕ရာသီကလည္း ေအာက္တိုဘာလ (၅) ရက္ေန႔မွာ ပိတ္သိမ္းမွာျဖစ္လို႔ နည္းျပပီယာလိုကလည္း ခက္ခဲမယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။

အက္သလက္တီကိုမက္ဒရစ္နည္းျပ ဆီျမြန္နီက ဆြာရက္ဇ္နဲ႔ ေကာ္စတာအတြဲကို အသင္းရဲ႕ တိုက္စစ္မွာ တြဲဖက္ကစားေစလိုေနတာျဖစ္ပါတယ္။ အသင္းက တိုက္စစ္မွဴး မိုရာတာကိုေတာ့ ဂ်ဴဗင္တပ္စ္အသင္းက အငွားနဲ႔ ေခၚယူလိုေနတယ္လို႔ သိရပါတယ္။ စပိန္ကစားသမားဟာ ၂၀၁၄ ကေန ၂၀၁၆  အထိ ဂ်ဴဗင္တပ္စ္အသင္းမွာ ကစားခဲ့ျပီး ၂၀၁၅ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။