ဂျူဗင်တပ်က ဆွာရက်ဇ် ကို မခေါ်တော့ဘူးဆိုတာကို အတည်ပြုခဲ့တဲ့ အားကစားဒါရိုက်တာ ပါရာတီဆီ

ဂျူဗင်တပ်အသင်းအားကစားဒါရိုက်တာ ဖေဘီယို ပါရာတီဆီက ဘာစီလိုနာကနေထွက်ဖို့ ရှိနေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ် ကို အသင်းအနေနဲ့ ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ အတည်ပြုပြောခဲ့ပါတယ်။ အစောပိုင်းတုန်းက ဆွာရက်ဇ်နဲ့ ဂျူဗင်တပ် တို့ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုထားပြီး အပြောင်းအရွှေ့အတွက် နိုင်ငံကူးလက်မှတ်ရဖို့ စောင့်ဆိုင်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတုန်းက ဆွာရက်ဇ် အနေနဲ့ နိုင်ငံကူးလက်မှတ်ရဖို့အတွက် အီတလီဘာသာစကား စာမေးပွဲဖြေဆို ခဲ့ပြီး အောင်မြင်မှုရခဲ့တာကြောင့် ဂျူဗင်တပ်အသင်းကို ယူရို ၁၀ သန်းနဲ့ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေက ခိုင်မာ စွာ ထွက်ပေါ်ခဲ့ပေမယ့် အခုချိန်မှာတော့ ဂျူဗင်တပ်အားကစားဒါရိုက်တာ ပါရာတီဆီက ဆွာရက်ဇ်ကို ဂျူဗင်တပ်အနေနဲ့ ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။


ဂျူဗင်တပ်ဟာ ဆွာရက်ဇ်ကို ခေါ်ယူတော့မဟုတ်ပေမယ့် ရိုးမားက ဒီဇီကို ကိုခေါ်ယူဖို့အတွက် နီးစပ်နေပြီလို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရိုးမားရဲ့ စီးရီးအေအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဗီရိုနာနဲ့ ပွဲမှာတော့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဒီဇီကို ဟာ အရန်စာရင်းမှာပဲ ရှိနေခဲ့ပြီး ပါဝင်ကစားခဲ့ခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။ အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ ဒီဇီကို ဟာ ရိုးမားအသင်းရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။


ဂျူဗင်တပ်အသင်းဒါရိုက်တာ ဖေဘီယိုပါရာတီဆီက “ အသင်းမှာ တိုက်စစ်မှူးလိုအပ်တယ်ဆိုပေမယ့် တစ်ဦးကိုပဲ ခေါ်ယူ ဖို့ လိုတာပါ။ နှစ်ဦးအထိခေါ်ယူဖို့ မလိုအပ်ပါဘူး။ လက်ရှိမှာ စီးရီးအေအတွေ့အကြုံပိုများတဲ့ ဒီဇီကို ကိုခေါ်ယူဖို့က အခွင့် အရေးပိုကောင်းနေတာကြောင့် အသင်းအနေနဲ့ ဆွာရက်ဇ်ကို ခေါ်ယူတော့မှာ မဟုတ်ဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဆွာ ရက်ဇ်ကို အသင်းဟောင်းတွေဖြစ်တဲ့ အေဂျက်နဲ့ လီဗာပူးတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

ဂ်ဴဗင္တပ္က ဆြာရက္ဇ္ ကို မေခၚေတာ့ဘူးဆိုတာကို အတည္ျပဳခဲ့တဲ့ အားကစားဒါရိုက္တာ ပါရာတီဆီ

ဂ်ဴဗင္တပ္အသင္းအားကစားဒါရိုက္တာ ေဖဘီယို ပါရာတီဆီက ဘာစီလိုနာကေနထြက္ဖို႔ ရွိေနတဲ့ တိုက္စစ္မွဴး ဆြာရက္ဇ္ ကို အသင္းအေနနဲ႔ ေခၚယူေတာ့မွာ မဟုတ္ဘူးလို႔ အတည္ျပဳေျပာခဲ့ပါတယ္။ အေစာပိုင္းတုန္းက ဆြာရက္ဇ္နဲ႔ ဂ်ဴဗင္တပ္ တို႔ဟာ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈထားၿပီး အေျပာင္းအေရႊ႕အတြက္ ႏိုင္ငံကူးလက္မွတ္ရဖို႔ ေစာင့္ဆိုင္းေနတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းတုန္းက ဆြာရက္ဇ္ အေနနဲ႔ ႏိုင္ငံကူးလက္မွတ္ရဖို႔အတြက္ အီတလီဘာသာစကား စာေမးပြဲေျဖဆို ခဲ့ၿပီး ေအာင္ျမင္မႈရခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္အသင္းကို ယူရို ၁၀ သန္းနဲ႔ ေျပာင္းေရႊ႕ေတာ့မယ္ဆိုတဲ့ သတင္းေတြက ခုိင္မာ စြာ ထြက္ေပၚခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ဂ်ဴဗင္တပ္အားကစားဒါရိုက္တာ ပါရာတီဆီက ဆြာရက္ဇ္ကို ဂ်ဴဗင္တပ္အေနနဲ႔ ေခၚယူေတာ့မွာ မဟုတ္ဘူးလို႔ အတည္ျပဳေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္ဟာ ဆြာရက္ဇ္ကို ေခၚယူေတာ့မဟုတ္ေပမယ့္ ရိုးမားက ဒီဇီကို ကိုေခၚယူဖို႔အတြက္ နီးစပ္ေနၿပီလို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ရိုးမားရဲ႕ စီးရီးေအအဖြင့္ပြဲစဥ္ျဖစ္တဲ့ ဗီရိုနာနဲ႔ ပြဲမွာေတာ့ အဓိကတိုက္စစ္မွဴးျဖစ္တဲ့ ဒီဇီကို ဟာ အရန္စာရင္းမွာပဲ ရွိေနခဲ့ၿပီး ပါဝင္ကစားခဲ့ျခင္းမရွိတာကိုလည္း ေတြ႔ရပါတယ္။ အသက္ ၃၄ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဒီဇီကို ဟာ ရိုးမားအသင္းရဲ႕ ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္အသင္းဒါရိုက္တာ ေဖဘီယိုပါရာတီဆီက “ အသင္းမွာ တိုက္စစ္မွဴးလိုအပ္တယ္ဆိုေပမယ့္ တစ္ဦးကိုပဲ ေခၚယူ ဖို႔ လိုတာပါ။ ႏွစ္ဦးအထိေခၚယူဖို႔ မလိုအပ္ပါဘူး။ လက္ရွိမွာ စီးရီးေအအေတြ႕အၾကံဳပိုမ်ားတဲ့ ဒီဇီကို ကိုေခၚယူဖို႔က အခြင့္ အေရးပိုေကာင္းေနတာေၾကာင့္ အသင္းအေနနဲ႔ ဆြာရက္ဇ္ကို ေခၚယူေတာ့မွာ မဟုတ္ဘူး” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ ဆြာ ရက္ဇ္ကို အသင္းေဟာင္းေတြျဖစ္တဲ့ ေအဂ်က္နဲ႔ လီဗာပူးတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။