မက်အာရွန်စ်အတွက် ဘာစီလိုနာအသင်းဆီက ကမ်းလှမ်းမှု (၂) ကြိမ်ကို ပယ်ချခဲ့တဲ့ နောဝှစ်ချ်
ချန်ပီယံရှစ်ကလပ် နောဝှစ်ချ်အသင်းက နောက်ခံလူ မက်အာရွန်စ်အတွက် ဘာစီလိုနာအသင်းဆီက ပေါင်သန်း (၂၀) တစ်ကြိမ်အပါအဝင် ကမ်းလှမ်းမှု (၂) ကြိမ်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ညာနောက်ခံလူဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ နောဝှစ်ချ်အသင်းတန်းဆင်းသွားခဲ့ရသော်လည်း အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
အာရွန်စ်ဟာ နောဝှစ်ချ်အသင်းကြီးအတွက် ၂၀၁၈-၁၉ ဘောလုံးရာသီမှာ စတင်ကစားပေးခဲ့ပြီး အခြားသော အသင်းကြီးတွေက မခေါ်ခင် နောဝှစ်ချ်အသင်းက စာချုပ်သက်တမ်း (၅) နှစ်ချုပ်ဆိုခဲ့ပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ အသင်းကို ပြန်လည်တည်ဆောက်နေပြီး ညာနောက်ခံလူ အာရွန်စ်ကို နူးကမ့်ကို ခေါ်ယူလိုပေမယ့် နောဝှစ်ချ်အသင်းက ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ကမ်းလှမ်းမှု တစ်ကြိမ်က ပေါင်သန်း ၂၀ အပါအဝင် အပိုဆုကြေး ပါဝင်တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုအခါ အေဂျက်ကြယ်ပွင့် ဆာဂျီယိုဒက်ကို ပြန်လည်အာရုံစိုက်နေပြီဖြစ်ပါတယ်။ သို့သော်လည်း အာရွန်စ်ကို ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းရဲ့ ကင်းထောက်တွေဟာ စနေနေ့ နောဝှစ်ချ် နဲ့ ပရက်စတန် ကစားမယ့် ပွဲမှာ စောင့်ကြည့်သွားဖွယ်ရှိနေပါတယ်။
မက်အာရွန်စ်အတွက် ဘာစီလိုနာအသင်းဆီက ကမ်းလှမ်းမှု (၂) ကြိမ်ကို ပယ်ချခဲ့တဲ့ နောဝှစ်ခ်ျ
ချန်ပီယံရှစ်ကလပ် နောဝှစ်ခ်ျအသင်းက နောက်ခံလူ မက်အာရွန်စ်အတွက် ဘာစီလိုနာအသင်းဆီက ပေါင်သန်း (၂၀) တစ်ကြိမ်အပါအ၀င် ကမ်းလှမ်းမှု (၂) ကြိမ်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ညာနောက်ခံလူဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ နောဝှစ်ခ်ျအသင်းတန်းဆင်းသွားခဲ့ရသော်လည်း အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
အာရွန်စ်ဟာ နောဝှစ်ခ်ျအသင်းကြီးအတွက် ၂၀၁၈-၁၉ ဘောလုံးရာသီမှာ စတင်ကစားပေးခဲ့ပြီး အခြားသော အသင်းကြီးတွေက မခေါ်ခင် နောဝှစ်ခ်ျအသင်းက စာချုပ်သက်တမ်း (၅) နှစ်ချုပ်ဆိုခဲ့ပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ အသင်းကို ပြန်လည်တည်ဆောက်နေပြီး ညာနောက်ခံလူ အာရွန်စ်ကို နူးကမ့်ကို ခေါ်ယူလိုပေမယ့် နောဝှစ်ခ်ျအသင်းက ပယ်ချခဲ့တာ ဖြစ်ပါတယ်။