ဆီမီဒိုကို ရောင်းချပြီး အေဂျက်ကြယ်ပွင့် ဆာဂျီယိုဒက် ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဘာစီလိုနာအသင်းဟာ အေဂျက် ညာနောက်ခံ လူငယ်ကစားသမားလေး ဆာဂျီယိုဒက်စ် ကို ဒီနွေရာသီမှာ ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားကို ကမ္ဘာ့ဘောလုံးလောကရဲ့ အလားအလာရှိတဲ့ နောက်ခံလူတစ်ယောက်အဖြစ် သတ်မှတ်ထားနေကြပြီး ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကလည်း အသင်းမှာ မလိုချင်တော့တဲ့ ဆီမီဒို နေရာမှာ အစားထိုးရန် သတ်မှတ်ထားတာဖြစ်ပါတယ်။

သတင်းများအရ ရော်နယ်ကိုးမန်းဟာ ဒီနွေရာသီမှာပဲ အေဂျက်ကြယ်ပွင့်ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။အသင်းဟာ ပေါ်တူဂီညာနောက်ခံလူ ဆီမီဒိုကို ရောင်းချပြီး ရတဲ့ ငွေကြေးနဲ့ ညာနောက်ခံလူအသစ်တစ်ယောက်ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဆီမီဒိုဟာ ဘာစီလိုနာအသင်း ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်မှာ (၈-၂) နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဝေဖန်ခံခဲ့ရပါတယ်။ ဆီမီဒိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော်ချ်မန်းဒက်စ်ဟာ ကစားသမားကို ပေါင် ၃၆ သန်းသတ်မှတ်ထားပြီး အမည်မသိရသေးတဲ့ အသင်းတစ်သင်းက ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဆီမီဒိုကို ေရာင္းခ်ျပီး ေအဂ်က္ၾကယ္ပြင့္ ဆာဂ်ီယိုဒက္ ကို ေခၚယူခ်င္ေနတဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာအသင္းဟာ ေအဂ်က္ ညာေနာက္ခံ လူငယ္ကစားသမားေလး ဆာဂ်ီယိုဒက္စ္ ကို ဒီေႏြရာသီမွာ ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားကို ကမာၻ႕ေဘာလံုးေလာကရဲ႕ အလားအလာရွိတဲ့ ေနာက္ခံလူတစ္ေယာက္အျဖစ္ သတ္မွတ္ထားေနၾကျပီး ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းကလည္း အသင္းမွာ မလုိခ်င္ေတာ့တဲ့ ဆီမီဒို ေနရာမွာ အစားထိုးရန္ သတ္မွတ္ထားတာျဖစ္ပါတယ္။

သတင္းမ်ားအရ ေရာ္နယ္ကိုးမန္းဟာ ဒီေႏြရာသီမွာပဲ ေအဂ်က္ၾကယ္ပြင့္ကို ေခၚယူလိုေနတယ္လို႔ သိရပါတယ္။အသင္းဟာ ေပၚတူဂီညာေနာက္ခံလူ ဆီမီဒိုကို ေရာင္းခ်ျပီး ရတဲ့ ေငြေၾကးနဲ႔ ညာေနာက္ခံလူအသစ္တစ္ေယာက္ကို ေခၚယူလိုေနတာျဖစ္ပါတယ္။

ဆီမီဒိုဟာ ဘာစီလိုနာအသင္း ဘိုင္ယန္ျမဴးနစ္ကို ခ်န္ပီယံလိဂ္မွာ (၈-၂) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ေ၀ဖန္ခံခဲ့ရပါတယ္။ ဆီမီဒိုရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ္ခ်္မန္းဒက္စ္ဟာ ကစားသမားကို ေပါင္ ၃၆ သန္းသတ္မွတ္ထားျပီး အမည္မသိရေသးတဲ့ အသင္းတစ္သငး္က ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။