ရီးရဲလ်ကို နည်းပြခွင့်ရဖို့အတွက်က ကျွန်တော် အိပ်မက်ပါ လို့ ပြောခဲ့တဲ့ ပိုချက်တီနို

စပါးနည်းပြဟောင်းဖြစ်တဲ့ ပိုချက်တီနိုက ဘာစီလိုနာအသင်းရဲ့နည်းပြသစ်အဖြစ် ကမ်းလှမ်းမှုကို မရပြီးနောက်မှာတော့ သူ အနေနဲ့ ရီးရဲလ်ကို နည်းပြအဖြစ် လုပ်ကိုင်ခွင့်ရဖို့ကသာ အိပ်မက်တစ်ခုဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ရာထူးကနေ ဆက်တီယန် ထုတ်ပယ်ခံရပြီးနောက်မှာ ပိုချက်တီနိုအနေနဲ့ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေ မယ့် ဘာစီလိုနာတာဝန်ရှိသူတွေက ကစားသမားဟောင်းဖြစ်ခဲ့ဖူူးတဲ့ ရော်နယ်ကိုးမန်းကိုပဲ နည်းပြအဖြစ်ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက စပါးနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ပိုချက်တီနိုဟာ လက်ရှိအချိန်ထိ အသင်းလက် မဲ့ဖြစ်နေတဲ့ နည်းပြတစ်ဦးဖြစ်ပြီး သူကို ယူနိုက်တက်၊ အာဆင်နယ်နဲ့ ဘာစီလိုနာတို့က နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အတွက်လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ဘာစီလိုနာအားကစား ဒါရိုက်တာဖြစ်တဲ့ ရေမွန်ပလန်နက်စ်နဲ့ ညစာအတူစားခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


ဘာစီလိုနာရဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အက်စ်ပန်ညိုအသင်းကို နည်းပြခဲ့ဖူးတဲ့ ပိုချက်တီနိုက “ ဘာစီလိုနာတာဝန်ရှိသူတွေ အနေနဲ့ နည်းပြနေရာအတွက် ကျွန်တော်ကို တစ်ခါမှကမ်းလှမ်းခဲ့တာမျိုး မရှိပါဘူး။ ဘာစီလိုနာဥက္ကဌ ဖြစ်တဲ့ ဘာတိုမီယူ ကိုလည်း တစ်ခါမှမတွေ့ဖူးပါဘူး။ ရေမွန်ပလန်နက်စ်နဲ့ ညစာအတူစားဖြစ်တယ်ဆိုတာကလည်း သူနဲ့ အက်စ်ပန်ညိုအသင်း မှာကတည်းက ရင်းနှီးခဲ့တာကြောင့်ပါ” ဆိုပြီး ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ပိုချက်တီနိုက “ အက်စ်ပန်ညို ပရိသတ်တစ်ဦးဖြစ်တဲ့ ကျွန်တော်က ဘာစီလိုနာကို နည်းပြမယ်ဆိုတာ မဖြစ် နိုင်ဘူး ထင်ပါတယ်။ ကျွန်တော်နည်းပြ လုပ်ချင်တဲ့အသင်းက ဘာစီလိုနာရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်နည်းပြဖြစ်ပြီး ရီးရဲလ် ကို ကိုင်တွယ်ခွင့်ရဖို့ဆိုတာ ကျွန်တော်ရဲ့ အိပ်မက်တစ်ခုပါ” လို့ ပြောခဲ့ပါတယ်။ ရီးရဲလ်ဟာ တစ်ကျော့ပြန်ကိုင်တွယ်နေတဲ့ နည်းပြဇီဒန်းရဲ့ လက်အောက်မှာတော့ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

zawgyi version

ရီးရဲလ္ကို နည္းျပခြင့္ရဖို႔အတြက္က ကြ်န္ေတာ္ အိပ္မက္ပါ လို႔ ေျပာခဲ့တဲ့ ပိုခ်က္တီႏို
စပါးနည္းျပေဟာင္းျဖစ္တဲ့ ပိုခ်က္တီႏိုက ဘာစီလိုနာအသင္းရဲ႕နည္းျပသစ္အျဖစ္ ကမ္းလွမ္းမႈကို မရၿပီးေနာက္မွာေတာ့ သူ အေနနဲ႔ ရီးရဲလ္ကို နည္းျပအျဖစ္ လုပ္ကိုင္ခြင့္ရဖို႔ကသာ အိပ္မက္တစ္ခုျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ဘာစီလိုနာနည္းျပ ရာထူးကေန ဆက္တီယန္ ထုတ္ပယ္ခံရၿပီးေနာက္မွာ ပိုခ်က္တီႏိုအေနနဲ႔ နည္းျပသစ္ျဖစ္လာဖို႔ ေရပန္းအစားဆံုးျဖစ္ခဲ့ေပ မယ့္ ဘာစီလိုနာတာဝန္ရွိသူေတြက ကစားသမားေဟာင္းျဖစ္ခဲ့ဖူူးတဲ့ ေရာ္နယ္ကိုးမန္းကိုပဲ နည္းျပအျဖစ္ခန္႔အပ္ခဲ့တာပဲ ျဖစ္ ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလတုန္းက စပါးနည္းျပ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ ပိုခ်က္တီႏိုဟာ လက္ရွိအခ်ိန္ထိ အသင္းလက္ မဲ့ျဖစ္ေနတဲ့ နည္းျပတစ္ဦးျဖစ္ၿပီး သူကို ယူႏိုက္တက္၊ အာဆင္နယ္နဲ႔ ဘာစီလိုနာတို႔က နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ အတြက္လုပ္ေဆာင္ေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့သူလည္း ျဖစ္ပါတယ္။ ပိုခ်က္တီႏိုဟာ ဘာစီလိုနာအားကစား ဒါရိုက္တာျဖစ္တဲ့ ေရမြန္ပလန္နက္စ္နဲ႔ ညစာအတူစားခဲ့တယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ဘာစီလိုနာရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့ အက္စ္ပန္ညိဳအသင္းကို နည္းျပခဲ့ဖူးတဲ့ ပိုခ်က္တီႏိုက “ ဘာစီလိုနာတာဝန္ရွိသူေတြ အေနနဲ႔ နည္းျပေနရာအတြက္ ကြ်န္ေတာ္ကို တစ္ခါမွကမ္းလွမ္းခဲ့တာမ်ိဳး မရွိပါဘူး။ ဘာစီလိုနာဥကၠဌ ျဖစ္တဲ့ ဘာတိုမီယူ ကိုလည္း တစ္ခါမွမေတြ႔ဖူးပါဘူး။ ေရမြန္ပလန္နက္စ္နဲ႔ ညစာအတူစားျဖစ္တယ္ဆိုတာကလည္း သူနဲ႔ အက္စ္ပန္ညိဳအသင္း မွာကတည္းက ရင္းႏွီးခဲ့တာေၾကာင့္ပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ပိုခ်က္တီႏိုက “ အက္စ္ပန္ညိဳ ပရိသတ္တစ္ဦးျဖစ္တဲ့ ကြ်န္ေတာ္က ဘာစီလိုနာကို နည္းျပမယ္ဆိုတာ မျဖစ္ ႏိုင္ဘူး ထင္ပါတယ္။ ကြ်န္ေတာ္နည္းျပ လုပ္ခ်င္တဲ့အသင္းက ဘာစီလိုနာရဲ႕ ၿပိဳင္ဘက္ျဖစ္တဲ့ ရီးရဲလ္နည္းျပျဖစ္ၿပီး ရီးရဲလ္ ကို ကိုင္တြယ္ခြင့္ရဖို႔ဆိုတာ ကြ်န္ေတာ္ရဲ႕ အိပ္မက္တစ္ခုပါ” လို႔ ေျပာခဲ့ပါတယ္။ ရီးရဲလ္ဟာ တစ္ေက်ာ့ျပန္ကိုင္တြယ္ေနတဲ့ နည္းျပဇီဒန္းရဲ႕ လက္ေအာက္မွာေတာ့ အေကာင္းဆံုး ေျခစြမ္းျပေနတဲ့ အသင္းလည္း ျဖစ္ပါတယ္။