အီတလီဘာသာစကား စာမေးပွဲအောင်ပြီး ပတ်စပို့တ်စောင့်နေတဲ့ ဆွာရက်ဇ်က ဘာစီလိုနာနဲ့ လေ့ကျင့်ခန်းဆင်းနေလို့ အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ဖော်ပြနေကြ

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက အသင်းသစ်ရှာဖို့ ပြောထားတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဂျူဗင်တပ်ကိုပြောင်း ရွှေ့ဖို့အတွက် သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ အီတလီဘာသာစကားစာမေးပွဲဖြေဆို အောင်မြင်ပြီးသွားတဲ့ ဆွာရက်ဇ်ဟာ ပတ်စပို့တ် စောင်းဆိုင်းနေတယ်လို့ သတင်းတွေက ဖော်ပြနေပေမယ့် ဘာစီလိုနာနဲ့အတူ လေ့ကျင့်ခန်းပြန် ဆင်းနေတယ်လို့လည်း သိရတာကြောင့် အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။


ဘာစီလိုနာရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ကစားခွင့်မရခဲ့ပေမယ့် ဂီရိုနာကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာတော့ နည်းပြ ရော်နယ်ကိုးမန်းက ဆွာရက်ဇ်အနေနဲ့ အသင်းမှာ ဆက်နေဖြစ်မယ်ဆိုရင်လည်း နေလို့ရကြောင်း ပြောခဲ့တယ်လို့ သိရပါ တယ်။ ဆွာရက်ဇ်ဟာ ဂျူဗင်တပ်ကို သုံးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့အတွက် စက်တင်ဘာလအစောပိုင်းကတည်းက သဘော တူညီမှု ရရှိထားတယ်လို့လည်း သိရပါတယ်။


ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျန်နေသေးတာကြောင့် ဆွာရက်ဇ်အနေနဲ့ မက်ဆီရှိနေမယ့် အသင်းမှာ စာချုပ် သက်တမ်းကုန်တဲ့အချိန်ထိ ဆက်ရှိနေနိုင်တယ်လို့လည်း သတင်းဌာနတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသ ပတေးနေ့က ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဆွာရက်ဇ်က အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်ခဲ့တာ ကြောင့် ဘာစီလိုနာမှာ ဆွာရက်ဇ် ဆက်နေမလားဆိုတဲ့ သတင်းတွေက ထွက်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

LUIS SUAREZ ENTRENANDO CON EL BARCELONA

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက “ ဆွာရက်ဇ်က အသင်းမှာ ရှိမယ်ဆိုရင် ကစားသမားတစ်ယောက်အဖြစ် ရှိနေ မှာပါ။ သူနဲ့လည်း စကားပြောဆိုမှုတွေ ပြုလုပ်ပြီးသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်တဲ့ စာချုပ်ပါအချက်အလက် တွေကို လေးစားရမှာ ဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာဟာ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဒီရာသီရဲ့ လာလီ ဂါအဖွင့်ပွဲစဉ်ကို ဗီလာရီးရဲလ်နဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

အီတလီဘာသာစကား စာေမးပြဲေအာင္ၿပီး ပတ္စပို႔တ္ေစာင့္ေနတဲ့ ဆြာရက္ဇ္က ဘာစီလိုနာနဲ႔ ေလ့က်င့္ခန္းဆင္းေနလို႔ အေျပာင္းအလဲ ျဖစ္လာႏိုင္တယ္လို႔ ေဖာ္ျပေနၾက
ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းက အသင္းသစ္ရွာဖို႔ ေျပာထားတဲ့ တိုက္စစ္မွဴး ဆြာရက္ဇ္ဟာ ဂ်ဴဗင္တပ္ကိုေျပာင္း ေရႊ႕ဖို႔အတြက္ သေဘာတူညီမႈရရွိထားတယ္လို႔ သိရပါတယ္။ အီတလီဘာသာစကားစာေမးပြဲေျဖဆို ေအာင္ျမင္ၿပီးသြားတဲ့ ဆြာရက္ဇ္ဟာ ပတ္စပို႔တ္ ေစာင္းဆိုင္းေနတယ္လို႔ သတင္းေတြက ေဖာ္ျပေနေပမယ့္ ဘာစီလိုနာနဲ႔အတူ ေလ့က်င့္ခန္းျပန္ ဆင္းေနတယ္လို႔လည္း သိရတာေၾကာင့္ အေျပာင္းအလဲ ျဖစ္လာႏိုင္တယ္လို႔လည္း သတင္းေတြ ထြက္ေနပါတယ္။
ဘာစီလိုနာရဲ႕ ရာသီၾကိဳ ေျခစမ္းပြဲေတြမွာ ကစားခြင့္မရခဲ့ေပမယ့္ ဂီရိုနာကို အႏုိင္ရခဲ့တဲ့ ေျခစမ္းပြဲအၿပီးမွာေတာ့ နည္းျပ ေရာ္နယ္ကိုးမန္းက ဆြာရက္ဇ္အေနနဲ႔ အသင္းမွာ ဆက္ေနျဖစ္မယ္ဆိုရင္လည္း ေနလို႔ရေၾကာင္း ေျပာခဲ့တယ္လို႔ သိရပါ တယ္။ ဆြာရက္ဇ္ဟာ ဂ်ဴဗင္တပ္ကို သံုးႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ဖို႔အတြက္ စက္တင္ဘာလအေစာပိုင္းကတည္းက သေဘာ တူညီမႈ ရရွိထားတယ္လို႔လည္း သိရပါတယ္။
ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္က်န္ေနေသးတာေၾကာင့္ ဆြာရက္ဇ္အေနနဲ႔ မက္ဆီရွိေနမယ့္ အသင္းမွာ စာခ်ဳပ္ သက္တမ္းကုန္တဲ့အခ်ိန္ထိ ဆက္ရွိေနႏိုင္တယ္လို႔လည္း သတင္းဌာနေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသ ပေတးေန႔က ျပဳလုပ္ခဲ့တဲ့ ဘာစီလိုနာရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ ဆြာရက္ဇ္က အသင္းနဲ႔ ပူးေပါင္းၿပီး ေလ့က်င့္ခဲ့တာ ေၾကာင့္ ဘာစီလိုနာမွာ ဆြာရက္ဇ္ ဆက္ေနမလားဆိုတဲ့ သတင္းေတြက ထြက္ေဖာ္ခဲ့တာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းက “ ဆြာရက္ဇ္က အသင္းမွာ ရွိမယ္ဆိုရင္ ကစားသမားတစ္ေယာက္အျဖစ္ ရွိေန မွာပါ။ သူနဲ႔လည္း စကားေျပာဆိုမႈေတြ ျပဳလုပ္ၿပီးသြားပါၿပီ။ ကြ်န္ေတာ္တို႔အေနနဲ႔ သက္ဆိုင္တဲ့ စာခ်ဳပ္ပါအခ်က္အလက္ ေတြကို ေလးစားရမွာ ျဖစ္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။ ဘာစီလိုနာဟာ စက္တင္ဘာလ ၂၇ ရက္ေန႔မွာ ဒီရာသီရဲ႕ လာလီ ဂါအဖြင့္ပြဲစဥ္ကို ဗီလာရီးရဲလ္နဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။