၂၀၂၀ ခုနှစ်က ကျွန်တော်အတွက် ကြီးကျယ်ခမ်းနားတဲ့ နှစ်လို့တောင် ဆိုရမှာဖြစ်တယ်လို့ ပြောခဲ့တဲ့ ဒီယေဂို ကားလို့စ်

ဆီဗီလာနောက်ခံလူ ဒီယေဂိုကားလို့စ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး လာလီဂါမှာ အဆင့်-၄ နေရာရခဲ့သလို ယူရိုပါလိဂ်မှာလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ သူရဲ့စွမ်းဆောင်ရည်ကြောင့် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးက ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပြီး ဆီဗီလာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အသင်းမှာဆက်ရှိနေပေမယ့် သူအတွက် ကြီးကျယ်ခမ်းနားတဲ့ နှစ်ဖြစ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။


အပြောင်းအရွှေ့ဈေးကွက်က အောက်တိုဘာလဆန်းပိုင်းရောက်မှာ ပိတ်မှာဖြစ်တာကြောင့် ဈေးကွက်အတွင်းမှာတော့ ဒီယေဂိုကားလို့စ်ကို ခေါ်ယူဖို့အတွက် မန်စီးတီးအပြင် ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်း တွေက ဖော်ပြနေကြပါတယ်။ ဒီယေဂိုကားလို့စ်က အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ မှာ ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ ဥရောပစူပါဖလားပွဲအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။


ဆီဗီလာရဲ့ ရေဒီယိုလိုင်းတစ်ခုဖြစ်တဲ့ Cope Sevilla ကနေတဆင့် ဒီယေဂိုကားလို့စ်က “ ဘောလုံးလောကမှာ ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ အသေအချာမပြောနိုင်ပါဘူး။ လက်ရှိအချိန်မှာ ကျွန်တော်အနေနဲ့ ဆီဗီလာမှာ ပျော်ရွှင်နေပါတယ်။ အပြောင်းအရွှေ့ဈေးကွက် ဘယ်တော့ပိတ်မလဲဆိုတာကိုလည်း ကျွန်တော်မစဉ်းစားထားပါဘူး။ စာချုပ်သက်တမ်းကုန်တဲ့ အချိန်ထိ ဆီဗီလာအတွက် ကစားချင်တယ်လို့ပဲ ကျွန်တော်ရဲ့ အေးဂျင့်ကို ပြောထားပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆီဗီလာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်ကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုရခဲ့ တာကြောင့် နောက်ဆုံး ၇ နှစ်အတွင်းမှာ ယူရိုပါလိဂ်ချန်ပီယံဆုကို ၄ ကြိမ်မြောက်အဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီယေဂိုကား လို့စ်က အသင်းနဲ့ ယူရိုပါလိဂ်မှာ အောင်မြင်မှုရယူနိုင်ခဲ့သလိုမျိုး ချန်ပီယံလိဂ်မှာလည်း အောင်မြင်မှု ရယူချင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

၂၀၂၀ ခုႏွစ္က ကြ်န္ေတာ္အတြက္ ၾကီးက်ယ္ခမ္းနားတဲ့ ႏွစ္လို႔ေတာင္ ဆိုရမွာျဖစ္တယ္လို႔ ေျပာခဲ့တဲ့ ဒီေယဂို ကားလို႔စ္
ဆီဗီလာေနာက္ခံလူ ဒီေယဂိုကားလို႔စ္ဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီက အသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ၿပီး လာလီဂါမွာ အဆင့္-၄ ေနရာရခဲ့သလို ယူရိုပါလိဂ္မွာလည္း ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ သူရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးက ေခၚယူဖို႔ ကမ္းလွမ္းမႈေတြရွိခဲ့ၿပီး ဆီဗီလာမွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့တာေၾကာင့္ အသင္းမွာဆက္ရွိေနေပမယ့္ သူအတြက္ ၾကီးက်ယ္ခမ္းနားတဲ့ ႏွစ္ျဖစ္ခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။
အေျပာင္းအေရႊ႕ေစ်းကြက္က ေအာက္တိုဘာလဆန္းပိုင္းေရာက္မွာ ပိတ္မွာျဖစ္တာေၾကာင့္ ေစ်းကြက္အတြင္းမွာေတာ့ ဒီေယဂိုကားလို႔စ္ကို ေခၚယူဖို႔အတြက္ မန္စီးတီးအျပင္ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ကလည္း စိတ္ဝင္စားေနတယ္လို႔ သတင္း ေတြက ေဖာ္ျပေနၾကပါတယ္။ ဒီေယဂိုကားလို႔စ္က အေျပာင္းအေရႊ႕သတင္းေတြထြက္ေနတဲ့ စက္တင္ဘာလ ၂၄ ရက္ေန႔ မွာ ကစားမယ့္ ဘိုင္ယန္ျမဴးနစ္နဲ႔ ဥေရာပစူပါဖလားပြဲအတြက္ပဲ အာရံုစိုက္ထားတယ္လို႔ ေျပာခဲ့ပါတယ္။
ဆီဗီလာရဲ႕ ေရဒီယိုလိုင္းတစ္ခုျဖစ္တဲ့ Cope Sevilla ကေနတဆင့္ ဒီေယဂိုကားလို႔စ္က “ ေဘာလံုးေလာကမွာ ဘာျဖစ္မလဲ ဆိုတာ ဘယ္သူမွ အေသအခ်ာမေျပာႏိုင္ပါဘူး။ လက္ရွိအခ်ိန္မွာ ကြ်န္ေတာ္အေနနဲ႔ ဆီဗီလာမွာ ေပ်ာ္ရႊင္ေနပါတယ္။ အေျပာင္းအေရႊ႕ေစ်းကြက္ ဘယ္ေတာ့ပိတ္မလဲဆိုတာကိုလည္း ကြ်န္ေတာ္မစဥ္းစားထားပါဘူး။ စာခ်ဳပ္သက္တမ္းကုန္တဲ့ အခ်ိန္ထိ ဆီဗီလာအတြက္ ကစားခ်င္တယ္လို႔ပဲ ကြ်န္ေတာ္ရဲ႕ ေအးဂ်င့္ကို ေျပာထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆီဗီလာ ဟာ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ယူရိုပါလိဂ္ဗိုလ္လုပြဲမွာ အင္တာမီလန္ကို သံုးဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရၿပီး ခ်န္ပီယံဆုရခဲ့ တာေၾကာင့္ ေနာက္ဆံုး ၇ ႏွစ္အတြင္းမွာ ယူရိုပါလိဂ္ခ်န္ပီယံဆုကို ၄ ၾကိမ္ေျမာက္အျဖစ္ရရွိခဲ့တာျဖစ္ပါတယ္။ ဒီေယဂိုကား လို႔စ္က အသင္းနဲ႔ ယူရိုပါလိဂ္မွာ ေအာင္ျမင္မႈရယူႏိုင္ခဲ့သလိုမ်ိဳး ခ်န္ပီယံလိဂ္မွာလည္း ေအာင္ျမင္မႈ ရယူခ်င္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။