ရော်နယ်ကိုးမန်းလက်ထက် ပထမဆုံးဂိုးကို ညာခြေကန်ချက်ပြင်းပြင်းနဲ့ ဂိုးသွင်းခဲ့တဲ့ မက်ဆီ

ဘာစီလိုနာမှာ ဆက်နေဖို့အတွက် ဆုံးဖြတ်ခဲ့တဲ့ မက်ဆီကတော့ နည်းပြသစ် ရော်နယ်ကိုးမန်းရဲ့လက်အောက်မှာ သူရဲ့ ပထမဆုံးသွင်းဂိုးကို ဂီရိုနာကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ညာခြေအပြင်းကန်ချက်နဲ့ သွင်းယူခဲ့တယ်လို့ သိရပါတယ်။ ဂီရိုနာကို အနိုင်ရတဲ့ပွဲမှာ မက်ဆီက သွင်းဂိုးနှစ်ဂိုးနဲ့ ဘိုင်ယန်မြူးနစ်ကနေ ပြန်ရောက်လာတဲ့ ကော်တင်ဟိုတို့က သွင်းယူခဲ့ တာပဲ ဖြစ်ပါတယ်။


ကော်တင်ဟို ဟာ အစောပိုင်းတုန်းက အသင်းပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဘာစီလိုနာနည်းပြ သစ် ရော်နယ်ကိုးမန်းက အသင်းရဲ့အစီအစဉ်တွေမှာ ပါဝင်တယ်လို့ ပြောခဲ့အပြီးမှာတော့ အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေ မှာ ပါဝင်ကစားခဲ့ရပြီး နှစ်ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းရဲ့သမိုင်းမှာ ဈေးအကြီးဆုံးနဲ့ ခေါ်ယူထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။


ကော်တင်ဟိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော်ရတ်ချီယန်က သူရဲ့ကစားသမားကို ပရီးမီးယားလိဂ်ကိုပြန်လည်ပြောင်းရွှေ့ဖို့အတွက် လုပ်ဆောင်ခဲ့ပေမယ့် ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက ကော်တင်ဟိုကို အလိုရှိတယ်လို့ ပြောအပြီးမှာတော့ သူရဲ့ ကစားသမားအနေနဲ့ ဘာစီလိုနာမှာပဲ ဆက်ရှိနေမယ်လို့ talkSPORT ကနေတဆင့်ပြောခဲ့ပါတယ်။ ကော်တင်ဟို ဟာ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။


အသင်းပြောင်းရွှေ့ဖို့ ပြောထားခံရတဲ့ ဆွာရက်ဇ်ကို ရော်နယ်ကိုးမန်းက အသင်းမှာ ဆက်နေဖြစ်ခဲ့မယ်ဆိုရင်လည်း အသုံး ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဆွာရက်ဇ်အနေနဲ့ စီးရီးအေထိပ်သီးကလပ်ဖြစ်တဲ့ ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ သတင်း တွေ ထွက်နေခဲ့ပေမယ့် အပြီးသတ်မပြောင်းရွှေ့နိုင်သေးတာပဲ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ဆွာရက်ဇ်ကို သူရဲ့ အသင်းဟောင်းတစ်သင်းဖြစ်တဲ့ အေဂျက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

zawgyi version

ေရာ္နယ္ကိုးမန္းလက္ထက္ ပထမဆံုးဂိုးကို ညာေျခကန္ခ်က္ျပင္းျပင္းနဲ႔ ဂိုးသြင္းခဲ့တဲ့ မက္ဆီ
ဘာစီလိုနာမွာ ဆက္ေနဖို႔အတြက္ ဆံုးျဖတ္ခဲ့တဲ့ မက္ဆီကေတာ့ နည္းျပသစ္ ေရာ္နယ္ကိုးမန္းရဲ႕လက္ေအာက္မွာ သူရဲ႕ ပထမဆံုးသြင္းဂိုးကို ဂီရိုနာကို သံုးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ ညာေျခအျပင္းကန္ခ်က္နဲ႔ သြင္းယူခဲ့တယ္လို႔ သိရပါတယ္။ ဂီရိုနာကို အႏိုင္ရတဲ့ပြဲမွာ မက္ဆီက သြင္းဂိုးႏွစ္ဂိုးနဲ႔ ဘိုင္ယန္ျမဴးနစ္ကေန ျပန္ေရာက္လာတဲ့ ေကာ္တင္ဟိုတို႔က သြင္းယူခဲ့ တာပဲ ျဖစ္ပါတယ္။
ေကာ္တင္ဟို ဟာ အေစာပိုင္းတုန္းက အသင္းေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ဘာစီလိုနာနည္းျပ သစ္ ေရာ္နယ္ကိုးမန္းက အသင္းရဲ႕အစီအစဥ္ေတြမွာ ပါဝင္တယ္လို႔ ေျပာခဲ့အၿပီးမွာေတာ့ အသင္းရဲ႕ရာသီၾကိဳေျခစမ္းပြဲေတြ မွာ ပါဝင္ကစားခဲ့ရၿပီး ႏွစ္ပြဲစလံုးမွာ ဂိုးသြင္းယူႏုိင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေကာ္တင္ဟိုဟာ ဘာစီလိုနာအသင္းရဲ႕သမိုင္းမွာ ေစ်းအၾကီးဆံုးနဲ႔ ေခၚယူထားတဲ့ ကစားသမားလည္း ျဖစ္ပါတယ္။
ေကာ္တင္ဟိုရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ္ရတ္ခ်ီယန္က သူရဲ႕ကစားသမားကို ပရီးမီးယားလိဂ္ကိုျပန္လည္ေျပာင္းေရႊ႕ဖို႔အတြက္ လုပ္ေဆာင္ခဲ့ေပမယ့္ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းက ေကာ္တင္ဟိုကို အလိုရွိတယ္လို႔ ေျပာအၿပီးမွာေတာ့ သူရဲ႕ ကစားသမားအေနနဲ႔ ဘာစီလိုနာမွာပဲ ဆက္ရွိေနမယ္လို႔ talkSPORT ကေနတဆင့္ေျပာခဲ့ပါတယ္။ ေကာ္တင္ဟို ဟာ အာဆင္နယ္၊ ခ်ဲလ္ဆီးနဲ႔ စပါးအသင္းေတြကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့တာပဲ ျဖစ္ပါတယ္။
အသင္းေျပာင္းေရႊ႕ဖို႔ ေျပာထားခံရတဲ့ ဆြာရက္ဇ္ကို ေရာ္နယ္ကိုးမန္းက အသင္းမွာ ဆက္ေနျဖစ္ခဲ့မယ္ဆိုရင္လည္း အသံုး ျပဳမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဆြာရက္ဇ္အေနနဲ႔ စီးရီးေအထိပ္သီးကလပ္ျဖစ္တဲ့ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ဖို႔ သတင္း ေတြ ထြက္ေနခဲ့ေပမယ့္ အၿပီးသတ္မေျပာင္းေရႊ႕ႏိုင္ေသးတာပဲ ျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဆြာရက္ဇ္ကို သူရဲ႕ အသင္းေဟာင္းတစ္သင္းျဖစ္တဲ့ ေအဂ်က္ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔လည္း သိရပါတယ္။