အဲဗာတန်မှာ လက်တွဲခဲ့တဲ့ လူကာကူကို ရော်နယ်ကိုးမန်းက ခေါ်ယူချင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းက ကြီးကြီးမားမား အသုံးမပြုနိုင်ခဲ့

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက အင်တာမီလန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူလိုပေမယ့် အသင်းက မတတ်နိုင်ဘူးလို့ သတင်းထွက်ပေါ်လာပါတယ်။ လူကာကူဟာ ရော်နယ်ကိုးမန်း အဲဗာတန်အသင်းမှာ တုန်းက ပြိုင်ပွဲစုံ (၂၇) ဂိုးသွင်းပြီး (၇) ဂိုးဖန်တီးပေးထားထားခဲ့သူဖြစ်ပြီး ဟော်လန်လူမျိုးနည်းပြက ဆွာရက်ဇ်နေရာမှာ အစားထိုးရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

Mundo Deportivo က ဖော်ပြချက်အရ ဘာစီလိုနာ ဘုတ်အဖွဲ့ဟာ ဘဏ္ဍာရေးထိခိုက်ဆုံးရှုံးမှုများကြောင့် ရော်နယ်ကိုးမန်းရဲ့ တင်ပြချက်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ဒါ့ကြောင့် ရော်နယ်ကိုးမန်းဟာ လိုင်ယွန်တိုက်စစ်ကစားသမား ဒီပေးကို နောက်ထပ်ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ လာလီဂါကလပ်အသင်းဟာ ဂျူဗင်တပ်စ်က ပီယာနစ်ကို လည်း ခေါ်ယူထားပါတယ်။ လူကာကူဟာ အင်တာမီလန်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၃၄) ဂိုးသွင်းပေးခဲ့ပြီး ယူရိုပါလိဂ်မှာလည်း (၉) ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ နည်းပြရော်နယ်ကိုးမန်းအတွက် ဂရစ်ဇ်မန်း၊ အူစမန်နီဒမ်ဘီလီ နဲ့ ဘရိတ်ဝိတ် တို့ရှိနေပြီး မက်ဆီလည်း အသင်းမှာ ဆက်နေရန် ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

နည်းပြက ဆွာရက်ဇ်ကို အသင်းရဲ့ အနာဂတ်အစီအစဉ်မှာ မပါဘူးလို့ ပြောခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဥရုဂွေးတိုက်စစ်မှူးကလည်း အခုအချိန်အထိ အသင်းမှာပဲ ဆက်ရှိနေပါသေးတယ်။ သူ့ကို ဂျူဗင်တပ်စ်အသင်းက ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်ပေါ်တော့ဘူးလို့ အီတလီက သတင်းများလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

အဲဗာတန္မွာ လက္တြဲခဲ့တဲ့ လူကာကူကို ေရာ္နယ္ကိုးမန္းက ေခၚယူခ်င္ခဲ့ေပမယ့္ ဘာစီလိုနာအသင္းက ၾကီးၾကီးမားမား အသံုးမျပဳႏိုင္ခဲ့

ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းက အင္တာမီလန္တိုက္စစ္မွဴး လူကာကူကို ေခၚယူလိုေပမယ့္ အသင္းက မတတ္ႏိုင္ဘူးလို႔ သတင္းထြက္ေပၚလာပါတယ္။ လူကာကူဟာ ေရာ္နယ္ကိုးမန္း အဲဗာတန္အသင္းမွာ တုန္းက ျပိဳင္ပြဲစံု (၂၇) ဂိုးသြင္းျပီး (၇) ဂိုးဖန္တီးေပးထားထားခဲ့သူျဖစ္ျပီး ေဟာ္လန္လူမ်ိဳးနည္းျပက ဆြာရက္ဇ္ေနရာမွာ အစားထိုးရန္ ရည္ရြယ္ထားတာျဖစ္ပါတယ္။

Mundo Deportivo က ေဖာ္ျပခ်က္အရ ဘာစီလိုနာ ဘုတ္အဖြဲ႕ဟာ ဘ႑ာေရးထိခိုက္ဆံုးရႈံးမႈမ်ားေၾကာင့္ ေရာ္နယ္ကိုးမန္းရဲ႕ တင္ျပခ်က္ကို ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ဒါ့ေၾကာင့္ ေရာ္နယ္ကိုးမန္းဟာ လိုင္ယြန္တိုက္စစ္ကစားသမား ဒီေပးကို ေနာက္ထပ္ပစ္မွတ္ထားခဲ့တာျဖစ္ပါတယ္။ လာလီဂါကလပ္အသင္းဟာ ဂ်ဴဗင္တပ္စ္က ပီယာနစ္ကို လည္း ေခၚယူထားပါတယ္။ လူကာကူဟာ အင္တာမီလန္အသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးတာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက အင္တာမီလန္အသင္းအတြက္ ျပိဳင္ပြဲစံု (၃၄) ဂိုးသြင္းေပးခဲ့ျပီး ယူရိုပါလိဂ္မွာလည္း (၉) ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဘာစီလုိနာအသင္းမွာ နည္းျပေရာ္နယ္ကိုးမန္းအတြက္ ဂရစ္ဇ္မန္း၊ အူစမန္နီဒမ္ဘီလီ နဲ႔ ဘရိတ္၀ိတ္ တို႔ရွိေနျပီး မက္ဆီလည္း အသင္းမွာ ဆက္ေနရန္ ဆံုးျဖတ္ထားတာျဖစ္ပါတယ္။

နညး္ျပက ဆြာရက္ဇ္ကို အသင္းရဲ႕ အနာဂတ္အစီအစဥ္မွာ မပါဘူးလို႔ ေျပာခဲ့တယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ဥရုေဂြးတိုက္စစ္မွဴးကလည္း အခုအခ်ိန္အထိ အသင္းမွာပဲ ဆက္ရွိေနပါေသးတယ္။ သူ႔ကို ဂ်ဴဗင္တပ္စ္အသင္းက ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ အေျပာင္းအေရႊ႕ မျဖစ္ေပၚေတာ့ဘူးလို႔ အီတလီက သတင္းမ်ားလည္း ထြက္ေပၚလာျပီ ျဖစ္ပါတယ္။