အဝတ်လဲခန်းအတွင်းမှာ ဂြိုလ်သားတစ်ဦးနဲ့ အတူရှိနေတယ်လို့ ခံစားရတယ်လို့ ပြောခဲ့တဲ့ ပီဂျာနစ်

နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ကစားသမား ပီဂျာနစ်က အဝတ်လဲခန်းအတွင်းမှာ မက်ဆီနဲ့ အတူရှိနေတာနဲ့ ပတ်သက်ပြီး ဂြိုလ်သားတစ်ဦးနဲ့အတူ ရှိနေတယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။ ပီဂျာနစ်ဟာ ဘာစီလိုနာကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားတဲ့ အာသာမယ်လိုရဲ့ အပြောင်းအရွှေ့အစိတ် အပိုင်းအဖြစ် ဘာစီလိုနာကို ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။


အသက် ၃၀ ရှိနေပြီဖြစ်နေတဲ့ ပီဂျာနစ်က သူအနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ကစားဖို့ ရွေးချယ်ခဲ့ရတဲ့ အဓိကအကြောင်း ရင်းက မက်ဆီနဲ့ တွဲကစားချင်လို့ဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့ဖူးသလို ဘာစီလိုနာကနေ မက်ဆီ ထွက်မယ်ဆိုတဲ့သတင်းတွေ ကြောင့်လည်း စိုးရိမ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ မက်ဆီဟာ အစောပိုင်းတုန်းက ဘာစီလိုနာကနေ ထွက်ဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။


ပီဂျာနစ်က “ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေနဲ့ အတူတွဲပြီး ကစားဖူးပါတယ်။ နောက်ထပ် ကမ္ဘာ့အကောင်းဆုံးက စားသမားတစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ တွဲကစားခွင့်ရမယ့် အခွင့်အရေးအတွက်လည်း ရင်ခုန်မိခဲ့ပါတယ်။ မက်ဆီရဲ့ အပြောင်း အရွှေ့သတင်းတွေကြောင့် သူနဲ့တွဲကစားခွင့်မရမှာကို စိုးရိမ်ခဲ့ပါတယ်။ ဘာစီလိုနာကို ရောက်လာချိန်မှာတော့ မက်ဆီက အသင်းနဲ့အတူ ပျော်ရွှင်နေတာကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်မိပါတယ်” လို့ ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘာစီလိုနာကို တရားဝင်ရောက်ရှိလာတဲ့ ပီဂျာနစ်က အသက် ၆ နှစ်တုန်းက ဘာစီလိုနာကို ရောက်ရှိခဲ့ ပြီး ကစားခွင့်ရဖို့အတွက် မျှော်လင့်ခဲ့မိပါတယ်။ အခုတော့ ကျွန်တော်စိတ်ကူးထားတဲ့အသင်းမှာ တကယ်ကစားခွင့်ရခဲ့ပါပြီ လို့ ပြောခဲ့ပါတယ်။ ပီဂျာနစ်ဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်ဒို တို့နှစ်ယောက်စလုံး နဲ့ တွဲကစားခွင့်ရတဲ့ကစားသမားတွေထဲက သူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

zawgyi version

အ၀တ္လဲခန္းအတြင္းမွာ ၿဂိဳလ္သားတစ္ဦးနဲ႔ အတူရွိေနတယ္လို႔ ခံစားရတယ္လို႔ ေျပာခဲ့တဲ့ ပီဂ်ာနစ္
ေႏြရာသီအေျပာင္းအေရႊ႕မွာ ဂ်ဴဗင္တပ္ကေန ဘာစီလိုနာကို ေျပာင္းေရႊ႕လာခဲ့တဲ့ ကြင္းလယ္ကစားသမား ပီဂ်ာနစ္က အဝတ္လဲခန္းအတြင္းမွာ မက္ဆီနဲ႔ အတူရွိေနတာနဲ႔ ပတ္သက္ၿပီး ၿဂိဳလ္သားတစ္ဦးနဲ႔အတူ ရွိေနတယ္လို႔ ခံစားမိေၾကာင္း ေျပာခဲ့ပါတယ္။ ပီဂ်ာနစ္ဟာ ဘာစီလိုနာကေန ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕သြားတဲ့ အာသာမယ္လိုရဲ႕ အေျပာင္းအေရႊ႕အစိတ္ အပိုင္းအျဖစ္ ဘာစီလိုနာကို ေရာက္ရွိခဲ့သူလည္း ျဖစ္ပါတယ္။
အသက္ ၃၀ ရွိေနၿပီျဖစ္ေနတဲ့ ပီဂ်ာနစ္က သူအေနနဲ႔ ဘာစီလိုနာကို ေျပာင္းေရႊ႕ကစားဖို႔ ေရြးခ်ယ္ခဲ့ရတဲ့ အဓိကအေၾကာင္း ရင္းက မက္ဆီနဲ႔ တြဲကစားခ်င္လို႔ဆိုၿပီး ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသလို ဘာစီလိုနာကေန မက္ဆီ ထြက္မယ္ဆိုတဲ့သတင္းေတြ ေၾကာင့္လည္း စိုးရိမ္ခဲ့ရတယ္လို႔ ေျပာခဲ့ပါတယ္။ မက္ဆီဟာ အေစာပိုင္းတုန္းက ဘာစီလိုနာကေန ထြက္ဖို႔ ၾကိဳးစားခဲ့ေပမဲ့ ေနာက္ဆံုးမွာေတာ့ စာခ်ဳပ္သက္တမ္းကုန္ဆံုးခ်ိန္အထိ အသင္းမွာ ဆက္ရွိေနမွာပဲ ျဖစ္ပါတယ္။
ပီဂ်ာနစ္က “ ကမၻာ့အေကာင္းဆံုး ေဘာလံုးသမားေတြနဲ႔ အတူတြဲၿပီး ကစားဖူးပါတယ္။ ေနာက္ထပ္ ကမၻာ့အေကာင္းဆံုးက စားသမားတစ္ဦးျဖစ္တဲ့ မက္ဆီနဲ႔ တြဲကစားခြင့္ရမယ့္ အခြင့္အေရးအတြက္လည္း ရင္ခုန္မိခဲ့ပါတယ္။ မက္ဆီရဲ႕ အေျပာင္း အေရႊ႕သတင္းေတြေၾကာင့္ သူနဲ႔တြဲကစားခြင့္မရမွာကို စိုးရိမ္ခဲ့ပါတယ္။ ဘာစီလိုနာကို ေရာက္လာခ်ိန္မွာေတာ့ မက္ဆီက အသင္းနဲ႔အတူ ေပ်ာ္ရႊင္ေနတာေၾကာင့္ ကြ်န္ေတာ္ကိုယ္တိုင္လည္း ေပ်ာ္ရႊင္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ အဂၤါေန႔က ဘာစီလုိနာကို တရားဝင္ေရာက္ရွိလာတဲ့ ပီဂ်ာနစ္က အသက္ ၆ ႏွစ္တုန္းက ဘာစီလိုနာကို ေရာက္ရွိခဲ့ ၿပီး ကစားခြင့္ရဖို႔အတြက္ ေမွ်ာ္လင့္ခဲ့မိပါတယ္။ အခုေတာ့ ကြ်န္ေတာ္စိတ္ကူးထားတဲ့အသင္းမွာ တကယ္ကစားခြင့္ရခဲ့ပါၿပီ လို႔ ေျပာခဲ့ပါတယ္။ ပီဂ်ာနစ္ဟာ ကမၻာ့အေကာင္းဆံုးေဘာလံုးသမားေတြျဖစ္တဲ့ မက္ဆီ၊ စီေရာ္နယ္ဒို တို႔ႏွစ္ေယာက္စလံုး နဲ႔ တြဲကစားခြင့္ရတဲ့ကစားသမားေတြထဲက သူတစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။