အက်သလက်တီကိုရဲ့ ရတနာလို့ တင်စားနေတဲ့ ဂါနာချိုကို စီရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ ဂျာစီဝတ်ဆင်ခွင့်ပေးပြီး ခေါ်ယူ ဖို့ လုပ်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ဥရောပလူငယ်ကစားသမားတွေထဲမှာ အထွန်းတောက်ဆုံးဖြစ်လာနိုင်တဲ့ အက်သလက်တီကို အကယ်ဒမီလူငယ်က ဂါနာချို ကိုခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ ဂါနာချိုကို ယူနိုက်တက်အနေနဲ့ အသင်းကို ပြောင်းရွှေ့လာပါက စီရော်နယ်ဒိုဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ဂျာစီကို ဝတ် ဆင်ကစားခွင့်ပေးမယ်ဆိုတဲ့ အချက်နဲ့ စည်းရုံးထားတယ်လို့လည်း သိရပါတယ်။


၂၀၁၅ ခုနှစ်ကတည်းက အက်သလက်တီကို အကယ်အမီကို ရောက်ရှိနေတဲ့ ဂါနာချိုဟာ လက်ရှိမှာ အသက် ၁၆ နှစ်ပဲ ရှိ သေးတာဖြစ်ပြီး ဘာစီလိုနာက မက်ကျုရာဒိုနဲ့ ရီးရဲလ်က အဲလ်ဗာရိုဖာနန်ဒက်ဇ် တို့အပြီး အသက်အငယ်ဆုံးနဲ့ အသင်းကြီး ကို ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။ ဂါနာချို ကိုယ်တိုင်ကလည်း သူရဲ့စံပြကစားသမား စီရော်နယ်ဒို ကစားခဲ့တဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ကစားချင်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။


မက်ဒရစ်မြို့မှာ မွေးဖွားခဲ့တဲ့ စပိန်လူငယ်ကစားသမားကို ရီးရဲလ်နဲ့ဒေါ့မွန် အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ တာကြောင့် ယူနိုက်တက်အနေနဲ့ လက်ဦးမှုရယူပြီး ခေါ်ယူဖို့ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက အက်သလက်တီကို လူငယ်အသင်းမှာ ကစားခဲ့တဲ့ ဂါနာချိုကို အရွယ်နဲ့မလိုက်အောင် အဆုံးသတ်ကောင်းသူလို့လည်း ချီးကျူးမှုတွေ ပြုလုပ်ဖော်ပြနေတာကို တွေ့ရပါတယ်။


ဂါနာချိုဟာ စီရော်နယ်ဒိုလိုမျိုးပဲ ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်ခဲ့တဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက အက်သလက်တီ ကို ယူ-၁၉ အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ သိရပါတယ်။ အခြားသတင်းတွေကတော့ အက်သလက်တီ ကို လူငယ်ကစားသမား ဂါနာချိုအနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် မန်ချက်စတာမြို့ကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။

zawgyi version

အက္သလက္တီကိုရဲ႕ ရတနာလို႔ တင္စားေနတဲ့ ဂါနာခ်ိဳကို စီေရာ္နယ္ဒိုရဲ႕ ေက်ာနံပါတ္ ၇ ဂ်ာစီဝတ္ဆင္ခြင့္ေပးၿပီး ေခၚယူ ဖို႔ လုပ္ေနတဲ့ ယူႏိုက္တက္
ယူႏိုက္တက္အသင္းဟာ ဥေရာပလူငယ္ကစားသမားေတြထဲမွာ အထြန္းေတာက္ဆံုးျဖစ္လာႏိုင္တဲ့ အက္သလက္တီကို အကယ္ဒမီလူငယ္က ဂါနာခ်ိဳ ကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ စီေရာ္နယ္ဒိုရဲ႕ ပရိသတ္တစ္ဦးျဖစ္တဲ့ ဂါနာခ်ိဳကို ယူႏုိက္တက္အေနနဲ႔ အသင္းကို ေျပာင္းေရႊ႕လာပါက စီေရာ္နယ္ဒိုဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကို ဝတ္ ဆင္ကစားခြင့္ေပးမယ္ဆိုတဲ့ အခ်က္နဲ႔ စည္းရံုးထားတယ္လို႔လည္း သိရပါတယ္။
၂၀၁၅ ခုႏွစ္ကတည္းက အက္သလက္တီကို အကယ္အမီကို ေရာက္ရွိေနတဲ့ ဂါနာခ်ိဳဟာ လက္ရွိမွာ အသက္ ၁၆ ႏွစ္ပဲ ရွိ ေသးတာျဖစ္ၿပီး ဘာစီလိုနာက မက္က်ဳရာဒိုနဲ႔ ရီးရဲလ္က အဲလ္ဗာရိုဖာနန္ဒက္ဇ္ တို႔အၿပီး အသက္အငယ္ဆံုးနဲ႔ အသင္းၾကီး ကို ေရာက္ရွိလာခဲ့သူလည္း ျဖစ္ပါတယ္။ ဂါနာခ်ိဳ ကိုယ္တိုင္ကလည္း သူရဲ႕စံျပကစားသမား စီေရာ္နယ္ဒို ကစားခဲ့တဲ့ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ကစားခ်င္ေနတာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္လာႏိုင္တယ္လို႔ သံုးသပ္ထားၾကပါတယ္။
မက္ဒရစ္ျမိဳ႕မွာ ေမြးဖြားခဲ့တဲ့ စပိန္လူငယ္ကစားသမားကို ရီးရဲလ္နဲ႔ေဒါ့မြန္ အသင္းေတြကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့ တာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ လက္ဦးမႈရယူၿပီး ေခၚယူဖို႔ လုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ကတည္းက အက္သလက္တီကို လူငယ္အသင္းမွာ ကစားခဲ့တဲ့ ဂါနာခ်ိဳကို အရြယ္နဲ႔မလိုက္ေအာင္ အဆံုးသတ္ေကာင္းသူလို႔လည္း ခ်ီးက်ဴးမႈေတြ ျပဳလုပ္ေဖာ္ျပေနတာကို ေတြ႕ရပါတယ္။
ဂါနာခ်ိဳဟာ စီေရာ္နယ္ဒိုလိုမ်ိဳးပဲ ေက်ာနံပါတ္ ၇ ဂ်ာစီကို ဝတ္ဆင္ခဲ့တဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ေဘာလံုးရာသီက အက္သလက္တီ ကို ယူ-၁၉ အသင္းမွာ အေကာင္းဆံုး ေျခစြမ္းျပႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အျခားသတင္းေတြကေတာ့ အက္သလက္တီ ကို လူငယ္ကစားသမား ဂါနာခ်ိဳအေနနဲ႔ ယူႏုိက္တက္ကို ေျပာင္းေရႊ႕ဖို႔အတြက္ မန္ခ်က္စတာျမိဳ႕ကို ေရာက္ရွိေနၿပီလို႔လည္း သိရပါတယ္။