ဂါရတ်ဘေးလ်အနေနဲ့ ပရီးမီးယားလိဂ်ထိပ်သီး ၆ သင်းကို မပြောင်းရွှေ့သင့်ကြောင်း ဘောလုံးပွဲသုံးသပ်သူ အလန်ရှီးယား ပြောဆို

ဘောလုံးပွဲသုံးသပ်သူတစ်ဦးဖြစ်တဲ့ အလန်ရှီးယားက ရီးရဲလ်မှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ ဂါရတ်ဘေးလ်အနေနဲ့ ပရီးမီးယားလိဂ်ထိပ်သီး ၆ သင်းကို မပြောင်းရွှေ့သင့်ဘဲ ရီးရဲလ်မှာပဲနေရာ ရဖို့ ကြိုးစားသင့်ကြောင်း ပြောခဲ့ပါတယ်။ နယူးကာဆယ်ကစားသမားဟောင်းဖြစ်တဲ့ အလန်ရှီးယားက ဂါရတ်ဘေးလ်အနေ နဲ့ ပရီးမီးယားလိဂ်မှာ ပြန်ကစားမယ်ဆိုရင်လည်း ရုန်းကန်ရနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။


အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်နည်းပြဇီဒန်းနဲ့ အဆင်မပြေဖြစ်နေတာကြောင့် ပွဲကစားခွင့်နည်းခဲ့ သလို ပြီးခဲ့တဲ့ရာသီကဆိုရင်လည်း အသင်းအတွက် လိဂ် ၁၆ ပွဲသာကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နွေရာသီအပြောင်း အရွှေ့တုန်းက ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်နဲ့ စပါးအသင်းတို့က ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့ပေ မယ့် ရီးရဲလ်ဘက်ကပယ်ချခဲ့တယ် ဆိုပြီး ဥက္ကဌဟောင်း ကယ်ဒါရွန်က ပြောခဲ့ပါတယ်။


အလန်ရှီးယားက ဂါရတ်ဘေးလ်အနေနဲ့ သူရဲ့လစာငွေကြောင့် အခုလို အရန်ခုံမှာ ထိုင်နေတာက ရှက်စရာဖြစ်တယ်လို့ ပြောခဲ့ပြီး ရီးရဲလ်မှာ ရနေတဲ့လစာအတိုင်း ရရှိဖို့အတွက်လည်း ခက်ခဲမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဂါရတ်ဘေးလ်ရဲ့ အေး ဂျင့်ဖြစ်သူက သူရဲ့ကစားသမားအနေနဲ့ လစာလျော့ယူပြီး အခြားအသင်းတွေကို ပြောင်းရွှေ့မှာ မဟုတ်ဘူးဆိုပြီးတော့ လည်း ထုတ်ဖော်ပြောကြားခဲ့တာတွေ ရှိခဲ့ပါတယ်။


အလန်ရှီးယားက “ ဂါရတ်ဘေးလ်က အံသြဖွယ်ရာတွေလုပ်ပြနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဆိုတာ အားလုံးသိ ပါတယ်။ သူလို ကစားသမားတစ်ယောက်အနေနဲ့ လစာငွေကြောင့် ပုံမှန်ကစားခွင့်ရမယ့်အသင်းကို မပြောင်းဘဲ အရန်ခုံမှာ ထိုင်နေတာက ရှက်စရာကောင်းပါတယ်။ ဘောလုံးသမားတစ်ယောက်အနေနဲ့ ပွဲကစားခွင့်ရဖို့က အရေးအကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

ဂါရတ္ေဘးလ္အေနနဲ႔ ပရီးမီးယားလိဂ္ထိပ္သီး ၆ သင္းကို မေျပာင္းေရႊ႕သင့္ေၾကာင္း ေဘာလံုးပြဲသံုးသပ္သူ အလန္ရွီးယား ေျပာဆို
ေဘာလံုးပြဲသံုးသပ္သူတစ္ဦးျဖစ္တဲ့ အလန္ရွီးယားက ရီးရဲလ္မွာ ပံုမွန္ပြဲထြက္ခြင့္မရတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတဲ့ ဂါရတ္ေဘးလ္အေနနဲ႔ ပရီးမီးယားလိဂ္ထိပ္သီး ၆ သင္းကို မေျပာင္းေရႊ႕သင့္ဘဲ ရီးရဲလ္မွာပဲေနရာ ရဖို႔ ၾကိဳးစားသင့္ေၾကာင္း ေျပာခဲ့ပါတယ္။ နယူးကာဆယ္ကစားသမားေဟာင္းျဖစ္တဲ့ အလန္ရွီးယားက ဂါရတ္ေဘးလ္အေန နဲ႔ ပရီးမီးယားလိဂ္မွာ ျပန္ကစားမယ္ဆိုရင္လည္း ရုန္းကန္ရႏိုင္တယ္လို႔လည္း ေျပာခဲ့ပါတယ္။
အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ ဂါရတ္ေဘးလ္ဟာ ရီးရဲလ္နည္းျပဇီဒန္းနဲ႔ အဆင္မေျပျဖစ္ေနတာေၾကာင့္ ပြဲကစားခြင့္နည္းခဲ့ သလို ၿပီးခဲ့တဲ့ရာသီကဆိုရင္လည္း အသင္းအတြက္ လိဂ္ ၁၆ ပြဲသာကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္း အေရႊ႕တုန္းက ဂါရတ္ေဘးလ္ကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္နဲ႔ စပါးအသင္းတို႔က ယူရိုသန္း ၁၀၀ နဲ႔ ကမ္းလွမ္းခဲ့ေပ မယ့္ ရီးရဲလ္ဘက္ကပယ္ခ်ခဲ့တယ္ ဆိုၿပီး ဥကၠဌေဟာင္း ကယ္ဒါရြန္က ေျပာခဲ့ပါတယ္။
အလန္ရွီးယားက ဂါရတ္ေဘးလ္အေနနဲ႔ သူရဲ႕လစာေငြေၾကာင့္ အခုလို အရန္ခံုမွာ ထိုင္ေနတာက ရွက္စရာျဖစ္တယ္လို႔ ေျပာခဲ့ၿပီး ရီးရဲလ္မွာ ရေနတဲ့လစာအတိုင္း ရရွိဖို႔အတြက္လည္း ခက္ခဲမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ဂါရတ္ေဘးလ္ရဲ႕ ေအး ဂ်င့္ျဖစ္သူက သူရဲ႕ကစားသမားအေနနဲ႔ လစာေလ်ာ့ယူၿပီး အျခားအသင္းေတြကို ေျပာင္းေရႊ႕မွာ မဟုတ္ဘူးဆိုၿပီးေတာ့ လည္း ထုတ္ေဖာ္ေျပာၾကားခဲ့တာေတြ ရွိခဲ့ပါတယ္။
အလန္ရွီးယားက “ ဂါရတ္ေဘးလ္က အံၾသဖြယ္ရာေတြလုပ္ျပႏိုင္တဲ့ ကစားသမားေကာင္းတစ္ေယာက္ဆိုတာ အားလံုးသိ ပါတယ္။ သူလို ကစားသမားတစ္ေယာက္အေနနဲ႔ လစာေငြေၾကာင့္ ပံုမွန္ကစားခြင့္ရမယ့္အသင္းကို မေျပာင္းဘဲ အရန္ခံုမွာ ထိုင္ေနတာက ရွက္စရာေကာင္းပါတယ္။ ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ ပြဲကစားခြင့္ရဖို႔က အေရးအၾကီးဆံုးအခ်က္ပဲ ျဖစ္ပါတယ္” ဆိုၿပီး ေျပာခဲ့ပါတယ္။