အပြောင်းအရွှေ့ကိစ္စ အပြောင်းအလဲ ဖြစ်ပြီးနောက် ဘာစီလိုနာအတွက် ပထမဆုံးပွဲကစားပေးခဲ့တဲ့ မက်ဆီ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ အပြောင်းအရွှေ့ကိစ္စ အပြောင်းအလဲ ဖြစ်ပြီးနောက် စနေနေ့က ကစားခဲ့တဲ့ ဂျီမီနက်စ်အသင်းကို ဘာစီလိုနာ (၃-၁) နဲ့ အနိုင်ရခဲ့တဲပွဲမှာ ပွဲချိန် (၄၅) မိနစ်ကို ကစားပေးသွားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ကစားသမားကို နည်းပြသစ် ရော်နယ်ကိုးမန်းက အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ထည့်သွင်းခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ အူစမန်နီဒမ်ဘီလီ၊ ဂရစ်ဇ်မန်း နဲ့ ကော်တိုဟို တို့က သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ လူသိရှင်ကြား ဆက်ဆံရေးကျဲခဲ့တာဖြစ်ပြီး ဒီတစ်ပတ် တနလာၤနေ့ကမှ အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်လည်ရောက်ရှိလာပါတယ်။ သို့သော်လည်း နည်းပြ ရော်နယ်ကိုးမန်းကတော့ အသင်းအတွက် မက်ဆီက အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီက ဘာစီလိုနာအသင်းကနေ စာချုပ်ဖျက်သိမ်းကြေးကို ပယ်ဖျက်ပေးပြီး အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်တောင်းဆိုခဲ့တာပါ။ ဘာစီလိုနာအသင်းကတော့ မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်မပေးခဲ့ပဲ ထွက်ချင်ရင် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀၀ ကို ပေးရမယ်လို့ ပြန်လည်ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒ့ါကြောင့် အာဂျင်တီးနားကြယ်ပွင့်က အသင်းမှာ နောက်နှစ်ကုန်မယ့် စာချုပ်သက်တမ်းပြီးတဲ့အထိ ဆက်နေရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မက်ဆီမရှိတော့မယ့် အနာဂတ်အတွက် ပြင်ဆင်မှု အနည်းငယ်လုပ်နေတာဖြစ်ပါတယ်။ အသင်းဟာ လိုင်ယွန်တိုက်စစ်ကစားသမား ဒီပေး နဲ့ လီဗာပူးလ်က ဝိုင်နယ်လ်ဒမ် ကို ခေါ်ယူရန် ကြိုးစားပေးမယ့် ရုန်းကန်နေရပါတယ်။

အေျပာင္းအေရႊ႕ကိစၥ အေျပာင္းအလဲ ျဖစ္ျပီးေနာက္ ဘာစီလိုနာအတြက္ ပထမဆံုးပြဲကစားေပးခဲ့တဲ့ မက္ဆီ

ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီဟာ အေျပာင္းအေရႊ႕ကိစၥ အေျပာင္းအလဲ ျဖစ္ျပီးေနာက္ စေနေန႔က ကစားခဲ့တဲ့ ဂ်ီမီနက္စ္အသင္းကို ဘာစီလိုနာ (၃-၁) နဲ႔ အႏိုင္ရခဲ့တဲပြဲမွာ ပြဲခ်ိန္ (၄၅) မိနစ္ကို ကစားေပးသြားခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားကို နည္းျပသစ္ ေရာ္နယ္ကိုးမန္းက အသင္းရဲ႕ ပြဲထြက္ လူစာရင္းမွာ ထည့္သြင္းခဲ့ျပီး အႏိုင္ဂိုးေတြကိုေတာ့ အူစမန္နီဒမ္ဘီလီ၊ ဂရစ္ဇ္မန္း နဲ႔ ေကာ္တိုဟို တို႔က သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားကစားသမားဟာ ဘာစီလိုနာအသင္းနဲ႔ လူသိရွင္ၾကား ဆက္ဆံေရးက်ဲခဲ့တာျဖစ္ျပီး ဒီတစ္ပတ္ တနလာၤေန႔ကမွ အသင္းရဲ႕ ေလ့က်င့္ေရးကို ျပန္လည္ေရာက္ရွိလာပါတယ္။ သို႔ေသာ္လည္း နည္းျပ ေရာ္နယ္ကိုးမန္းကေတာ့ အသင္းအတြက္ မက္ဆီက အေရးပါတဲ့ ကစားသမားျဖစ္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

မက္ဆီက ဘာစီလိုနာအသင္းကေန စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ပယ္ဖ်က္ေပးျပီး အသင္းက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ေတာင္းဆိုခဲ့တာပါ။ ဘာစီလိုနာအသင္းကေတာ့ မက္ဆီကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္မေပးခဲ့ပဲ ထြက္ခ်င္ရင္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရိုသန္း ၇၀၀ ကို ေပးရမယ္လို႔ ျပန္လည္ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဒ့ါေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္က အသင္းမွာ ေနာက္ႏွစ္ကုန္မယ့္ စာခ်ဳပ္သက္တမ္းျပီးတဲ့အထိ ဆက္ေနရန္ဆံုးျဖတ္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ မက္ဆီမရွိေတာ့မယ့္ အနာဂတ္အတြက္ ျပင္ဆင္မႈ အနည္းငယ္လုပ္ေနတာျဖစ္ပါတယ္။ အသင္းဟာ လိုင္ယြန္တုိက္စစ္ကစားသမား ဒီေပး နဲ႔ လီဗာပူးလ္က ၀ိုင္နယ္လ္ဒမ္ ကို ေခၚယူရန္ ၾကိဳးစားေပးမယ့္ ရုန္းကန္ေနရပါတယ္။