အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရ

အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီဟာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စပိန်ကလပ်အသင်းက ကြေညာခဲ့ပါတယ်။ အာဂျင်တီးနားလူမျိုးနည်းပြကြီးဟာ ယခုအခါ အိမ်မှာပဲ သီးသန့်နေထိုင်နေပြီဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ သြဂုတ်လတုန်းက ချန်ပီယံလိဂ် ကစားထားရလို့ ဒီတစ်ပတ်မှာ ပြန်လည်စတင်တဲ့ စပိန်လာလီဂါ ပြိုင်ပွဲမှာ ပါဝင်ကစားထားရခြင်းမရှိသေးပါဘူး။

“ဒီသောကြာနေ့မှာ အသင်းက အသစ်ထပ်မံစစ်ဆေးခဲ့တဲ့ အုပ်စုမှာ နည်းပြကြီးကတော့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ကံကောင်းစွာနဲ့ နည်းပြကြီးမှာ ဘာရောဂါလက္ခဏာမှ မပြပါဘူး။ အခုသူဟာ အိမ်မှာပဲ သီးသန့်နေထိုင်းပြီး လိုအပ်တာတွေ လုပ်ဆောင်နေပါတယ်” လို့ အသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အင်္ဂါနေ့မှာ တန်းတက်လာတဲ့ ကာဒစ်ဇ်အသင်းနဲ့ ခြေစမ်းပွဲကစားရဖို့ ရှိနေတာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ နောက် ၂ ပတ်အကြာမှ ဂရန်နာဒါ အသင်းနဲ့ စပိန်လာလီဂါ အဖွင့်ပွဲ စတင်ကစားသွားရမှာပါ။

အက္သလက္တီကိုမက္ဒရစ္နည္းျပ ဆီျမြန္နီ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံေနရ

အက္သလက္တီကိုမက္ဒရစ္နည္းျပ ဆီျမြန္နီဟာ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ရတယ္လို႔ စပိန္ကလပ္အသင္းက ေၾကညာခဲ့ပါတယ္။ အာဂ်င္တီးနားလူမ်ိဳးနည္းျပၾကီးဟာ ယခုအခါ အိမ္မွာပဲ သီးသန္႔ေနထိုင္ေနျပီျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ၾသဂုတ္လတုန္းက ခ်န္ပီယံလိဂ္ ကစားထားရလို႔ ဒီတစ္ပတ္မွာ ျပန္လည္စတင္တဲ့ စပိန္လာလီဂါ ျပိဳင္ပြဲမွာ ပါ၀င္ကစားထားရျခင္းမရွိေသးပါဘူး။

“ဒီေသာၾကာေန႔မွာ အသင္းက အသစ္ထပ္မံစစ္ေဆးခဲ့တဲ့ အုပ္စုမွာ နညး္ျပၾကီးကေတာ့ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ ကံေကာင္းစြာနဲ႔ နည္းျပၾကီးမွာ ဘာေရာဂါလကၡဏာမွ မျပပါဘူး။ အခုသူဟာ အိမ္မွာပဲ သီးသန္႔ေနထိုင္းျပီး လိုအပ္တာေတြ လုပ္ေဆာင္ေနပါတယ္” လို႔ အသင္းက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ အဂၤါေန႔မွာ တန္းတက္လာတဲ့ ကာဒစ္ဇ္အသင္းနဲ႔ ေျခစမ္းပြဲကစားရဖို႔ ရွိေနတာျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ေနာက္ ၂ ပတ္အၾကာမွ ဂရန္နာဒါ အသင္းနဲ႔ စပိန္လာလီဂါ အဖြင့္ပြဲ စတင္ကစားသြားရမွာပါ။