ဝိတ်တက်နေတယ်ဆိုပြီး ဝေဖန်နေကြလို့ gym သွားပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ ဟာဇက်

ရာသီအကြို လေ့ကျင့်ရေးဆင်းနေစဉ် ဟာဇက် ဝိတ်တက်နေပြီဆိုပြီး စွပ်စွဲနေကြလို့ ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်ကစားသမား အသင်းရဲ့ gym မှာ ဒီတစ်ပတ် လေ့ကျင့်ခန်းလုပ်နေတာကို ပရိသတ်တွေကို ပြသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကနေ ပြီးခဲ့တဲ့ရာသီက ရောက်လာခဲ့တဲ့ ဟာဇက်ဟာ စပိန်ကလပ်ကို ရောက်လာပြီးနောက်ပိုင်း ဝိတ်တက်နေတယ်ဆိုပြီး ပြောဆိုနေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ဒဏ်ရာပြဿာနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေအတွက် ပြန်လည်ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမားကို ပြီးခဲ့တဲ့အပတ်တွေက ကစားခဲ့တဲ့ ပွဲအတွက် နည်းပြ မာတီနက်ဇ်က အသင်းလူစာရင်းထံ ခေါ်ယူခဲ့သော်လည်း အိုက်စလန် နဲ့ ဒိန်းမတ်အသင်းတို့ ပွဲမှာ တစ်မိနစ်တောင် ဝင်မကစားခဲ့ပါဘူး။

စပိန်က သတင်းများအရ ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ ချဲလ်ဆီးအသင်းဆီကနေ ပေါင်သန်း ၁၅၀ နဲ့ ခေါ်ယူခဲ့တဲ့ ဟာဇက်ဟာ လက်ရွေးစင်အသင်းနဲ့ မကစားပဲ သူ့ရဲ့ ကြံ့ခိုင်မှုအတွက် ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ နေခဲ့တယ်လို့ သိရပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၁) ဂိုးသာ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

၀ိတ္တက္ေနတယ္ဆိုျပီး ေ၀ဖန္ေနၾကလို႔ gym သြားျပီး ေလ့က်င့္ခန္းလုပ္ေနတဲ့ ဟာဇက္

ရာသီအၾကိဳ ေလ့က်င့္ေရးဆင္းေနစဥ္ ဟာဇက္ ၀ိတ္တက္ေနျပီဆိုျပီး စြပ္စြဲေနၾကလို႔ ရီးရဲလ္မက္ဒရစ္အသင္းဟာ တုိက္စစ္ကစားသမား အသင္းရဲ႕ gym မွာ ဒီတစ္ပတ္ ေလ့က်င့္ခန္းလုပ္ေနတာကို ပရိသတ္ေတြကို ျပသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းကေန ျပီးခဲ့တဲ့ရာသီက ေရာက္လာခဲ့တဲ့ ဟာဇက္ဟာ စပိန္ကလပ္ကို ေရာက္လာျပီးေနာက္ပိုင္း ၀ိတ္တက္ေနတယ္ဆိုျပီး ေျပာဆိုေနၾကတာျဖစ္ပါတယ္။

ဒါ့အျပင္ ဒဏ္ရာျပႆာနာေတြနဲ႔ ရုနး္ကန္ခဲ့ရတဲ့ ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ရာသီၾကိဳ ေျခစမ္းပြဲေတြအတြက္ ျပန္လည္ျပင္ဆင္ေနျပီျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံ တုိက္စစ္ကစားသမားကို ျပီးခဲ့တဲ့အပတ္ေတြက ကစားခဲ့တဲ့ ပြဲအတြက္ နည္းျပ မာတီနက္ဇ္က အသင္းလူစာရင္းထံ ေခၚယူခဲ့ေသာ္လည္း အိုက္စလန္ နဲ႔ ဒိန္းမတ္အသင္းတို႔ ပြဲမွာ တစ္မိနစ္ေတာင္ ၀င္မကစားခဲ့ပါဘူး။

စပိန္က သတင္းမ်ားအရ ၂၀၁၉ ေႏြရာသီအေျပာင္းအေရႊ႕ ခ်ဲလ္ဆီးအသင္းဆီကေန ေပါင္သန္း ၁၅၀ နဲ႔ ေခၚယူခဲ့တဲ့ ဟာဇက္ဟာ လက္ေရြးစင္အသင္းနဲ႔ မကစားပဲ သူ႔ရဲ႕ ၾကံ့ခိုင္မႈအတြက္ ရီးရဲလ္မက္ဒရစ္အသင္းမွာပဲ ေနခဲ့တယ္လို႔ သိရပါတယ္။ ဟာဇက္ဟာ ျပီးခဲ့တဲ့ရာသီက ရီးရဲလ္မက္ဒရစ္အသင္းအတြက္ (၁) ဂိုးသာ သြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။