အသင်းက ထွက်ခွာခွင့်တောင်းခဲ့သော်လည်း ဘာစီလိုနာ အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိနေမယ့် မက်ဆီ

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိနေမယ်လို့ စနေနေ့က အသင်းက အတည်ပြုသွားခဲ့ပါတယ်။ အာဂျင်တီးနား ကစားသမားဟာ ပြီးခဲ့တဲ့လက အသင်းက ထွက်ခွာရန် တောင်းဆိုခဲ့ပေမယ့် အလွတ်ပြောင်းရွှေ့ခွင့် မရတဲ့အတွက် အသင်းမှာပဲ ဆက်ကစားရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို အခိုက်အတန့်တွေရှိခဲ့သော်လည်း အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ နည်းပြသစ် ရော်နုယ်ကိုးမန်းရဲ့ အသင်းအတွက် ဒီရာသီမှာ အသင်းခေါင်းဆောင် အဖြစ် ဆက်လက်တာဝန်ယူသွားရမှာပါ။

မက်ဆီ နဲ့အတူ အသင်းခေါင်းဆောင် တာဝန်ကို ဘက်စ်ကွက်စ်၊ ပီကေး နဲ့ ဆာဂျီရော်ဘတ်တို တို့ကလည်း တာဝန်ယူသွားကြမှာ ဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ စနေနေ့က သူတို့ (၄) ယောက ်အသင်းခေါင်းဆောင် လက်ပတ်ကို ကိုင်ထားတဲ့ ပုံနဲ့ အတည်ပြုခဲ့တာပါ။

“တတိယမြောက် ရာသီ ဆက်တိုက်အဖြစ် မက်ဆီ၊ ဘက်စ်ကွက်စ်၊ ပီကေး နဲ့ ဆာဂျီရော်ဘတ်တို တို့ကို အစဉ်လိုက် အသင်းခေါင်းဆောင် တာဝန်ကို ယူသွားကြမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က အင်နီယေစတာ အသင်းကနေ ထွက်သွားကတည်းက အာဂျင်တီးနား ကြယ်ပွင့်က ဘာစီလိုနာအသင်းကို ဦးဆောင်ခဲ့သူပါ။ ကျောနံပါတ် (၁၀) ကစားသမားဟာ ပထမအသင်းမှာ (၁၇) ရာသီ ဆက်တိုက်ကစားထားပြီး အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူတာ (၃) ရာသီမြောက်ဖြစ်ပါတယ်” လို့ အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အသင္းက ထြက္ခြာခြင့္ေတာင္းခဲ့ေသာ္လည္း ဘာစီလိုနာ အသင္းေခါင္းေဆာင္ အျဖစ္ ဆက္ရွိေနမယ့္ မက္ဆီ

ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီက အသင္းေခါင္းေဆာင္ အျဖစ္ ဆက္ရွိေနမယ္လို႔ စေနေန႔က အသင္းက အတည္ျပဳသြားခဲ့ပါတယ္။ အာဂ်င္တီးနား ကစားသမားဟာ ျပီးခဲ့တဲ့လက အသင္းက ထြက္ခြာရန္ ေတာင္းဆိုခဲ့ေပမယ့္ အလြတ္ေျပာင္းေရႊ႕ခြင့္ မရတဲ့အတြက္ အသင္းမွာပဲ ဆက္ကစားရန္ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီလို အခိုက္အတန္႔ေတြရွိခဲ့ေသာ္လည္း အသက္ ၃၃ ႏွစ္အရြယ္ကစားသမားဟာ နည္းျပသစ္ ေရာ္နုယ္ကိုးမန္းရဲ႕ အသင္း

အတြက္ ဒီရာသီမွာ အသင္းေခါင္းေဆာင္ အျဖစ္ ဆက္လက္တာ၀န္ယူသြားရမွာပါ။ မက္ဆီ နဲ႔အတူ အသင္းေခါင္းေဆာင္ တာ၀န္ကို ဘက္စ္ကြက္စ္၊ ပီေကး နဲ႔ ဆာဂ်ီေရာ္ဘတ္တို တို႔ကလည္း တာ၀န္ယူသြားၾကမွာ ျဖစ္ပါတယ္။ဘာစီလိုနာအသင္းဟာ စေနေန႔က သူတို႔ (၄) ေယာက ္အသင္းေခါင္းေဆာင္ လက္ပတ္ကို ကိုင္ထားတဲ့ ပံုနဲ႔ အတည္ျပဳခဲ့တာပါ။

“တတိယေျမာက္ ရာသီ ဆက္တိုက္အျဖစ္ မက္ဆီ၊ ဘက္စ္ကြက္စ္၊ ပီေကး နဲ႔ ဆာဂ်ီေရာ္ဘတ္တို တို႔ကို အစဥ္လိုက္ အသင္းေခါင္းေဆာင္ တာ၀န္ကို ယူသြားၾကမွာ ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္က အင္နီေယစတာ အသင္းကေန ထြက္သြားကတည္းက အာဂ်င္တီးနား ၾကယ္ပြင့္က ဘာစီလိုနာအသင္းကို ဦးေဆာင္ခဲ့သူပါ။ ေက်ာနံပါတ္ (၁၀) ကစားသမားဟာ ပထမအသင္းမွာ (၁၇) ရာသီ ဆက္တိုက္ကစားထားျပီး အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူတာ (၃) ရာသီေျမာက္ျဖစ္ပါတယ္” လို႔ အသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။