ဒီပေးက အရည်အချင်းရှိတာမှန်ပေမယ့် သူက မက်ဆီ နဲ့ ရော်နယ်ဒိုလည်း မဟုတ်ဘူးလို့ ဘာစီလိုနာကို သတိပေးလိုက်တဲ့ ဗန်ဟားလ်

ဗန်ဟားလ်က ဒီပေးကို ဒီနွေရာသီမှာ ခေါ်ယူတာက ဘာစီလိုနာအသင်းရဲ့ ပြဿနာအားလုံးကို အဆင်ပြေသွားမှာ မဟုတ်ဘူးလို့ သတိပေးပြောသွားခဲ့ပါတယ်။ ဟော်လန်တိုက်စစ်ကစားသမားကို ဘာစီလိုနာအသင်းက လက်ရှိအပြောင်းအရွှေ့ရာသီမှာ ရော်နယ်ကိုးမန်းက ခေါ်ယူရန် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒီပေးဟာ ဟော်လန်လက်ရွေးစင်အသင်းနဲ့ ယူနိုက်တက်အသင်းတို့မှာ ဗန်ဟားလ်လက်အောက်မှာ အတူတူလက်တွဲ လုပ်ကိုင်ခဲ့ဖူးသူပါ။

“ဒီပေးက အရည်အချင်းရှိပေမယ့် သူက မက်ဆီကော ရော်နယ်ဒိုကော မဟုတ်တာကို မမေ့ပါနဲ့။ မေးခွန်းထုတ်စရာအချက်တွေရှိပါတယ်။ ဒီပေးက စိတ်ဝင်စားစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ အထူးသဖြင့် သူက ဘယ်နေရာမှာ မဆိုကစားနိုင်တာပဲ။ ဒါပေမယ့် သူ့အနေနဲ့ အသင်းအသစ် ပတ်ဝန်းကျင်အသစ်မှာ အထိုင်ကျဖို့ ကြိုးစားရမှာပါ။ ပထမရာသီကတော့ ခက်ခဲမှာ သေချာပါတယ်။ ဒီလစ် နဲ့ ဒီဂျောင်ကိုပဲ ဘာဖြစ်နေလဲ ကြည့်လိုက်ပါ” လို့ ဗန်ဟားလ်က Tuttomercatoweb ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

လိုင်ယွန်တိုက်စစ်ကစားသမား ဒီပေးဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက လီဂူး ၁ အသင်းအတွက် ပုံစံကောင်းပြထားပြီး အသင်းအတွက် ကစားခဲ့တဲ့ (၄) ရာသီ စုစုပေါင်း (၅၂) ဂိုးသွင်းပေးထားပါတယ်။  ဘာစီလိုအသင်းဟာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်ပဲ ကျန်တော့တဲ့ နယ်သာလန်တိုက်စစ်ကစားသမား ဒီပေးကို ဒီနွေရာသီမှာ ပေါင် ၁၇ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။

ဒီေပးက အရည္အခ်င္းရွိတာမွန္ေပမယ့္ သူက မက္ဆီ နဲ႔ ေရာ္နယ္ဒိုလည္း မဟုတ္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ဗန္ဟားလ္

ဗန္ဟားလ္က ဒီေပးကို ဒီေႏြရာသီမွာ ေခၚယူတာက ဘာစီလိုနာအသင္းရဲ႕ ျပႆနာအားလံုးကို အဆင္ေျပသြားမွာ မဟုတ္ဘူးလို႔ သတိေပးေျပာသြားခဲ့ပါတယ္။ ေဟာ္လန္တိုက္စစ္ကစားသမားကို ဘာစီလိုနာအသင္းက လက္ရွိအေျပာင္းအေရႊ႕ရာသီမွာ ေရာ္နယ္ကိုးမန္းက ေခၚယူရန္ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ ဒီေပးဟာ ေဟာ္လန္လက္ေရြးစင္အသင္းနဲ႔ ယူႏိုက္တက္အသင္းတို႔မွာ ဗန္ဟားလ္လက္ေအာက္မွာ အတူတူလက္တြဲ လုပ္ကိုင္ခဲ့ဖူးသူပါ။

“ဒီေပးက အရည္အခ်င္းရွိေပမယ့္ သူက မက္ဆီေကာ ေရာ္နယ္ဒိုေကာ မဟုတ္တာကို မေမ့ပါန႔ဲ။ ေမးခြန္းထုတ္စရာအခ်က္ေတြရွိပါတယ္။ ဒီေပးက စိတ္၀င္စားစရာေကာင္းတဲ့ ကစားသမားတစ္ေယာက္ပါ။ အထူးသျဖင့္ သူက ဘယ္ေနရာမွာ မဆုိကစားႏိုင္တာပဲ။ ဒါေပမယ့္ သူ႔အေနနဲ႔ အသင္းအသစ္ ပတ္၀န္းက်င္အသစ္မွာ အထိုင္က်ဖို႔ ၾကိဳးစားရမွာပါ။ ပထမရာသီကေတာ့ ခက္ခဲမွာ ေသခ်ာပါတယ္။ ဒီလစ္ နဲ႔ ဒီေဂ်ာင္ကိုပဲ ဘာျဖစ္ေနလဲ ၾကည့္လိုက္ပါ” လို႔ ဗန္ဟားလ္က Tuttomercatoweb ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

လိုင္ယြန္တိုက္စစ္ကစားသမား ဒီေပးဟာ ၿပီးခဲ့တဲ့ရာသီေတြကတည္းက လီဂူး ၁ အသင္းအတြက္ ပုံစံေကာင္းျပထားၿပီး အသင္းအတြက္ ကစားခဲ့တဲ့ (၄) ရာသီ စုစုေပါင္း (၅၂) ဂိုးသြင္းေပးထားပါတယ္။ စပိန္သတင္းစာ Mundo Deportivo ကအဆိုအရ ဘာစီလိုအသင္းဟာ လိုင္ယြန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ပဲ က်န္ေတာ့တဲ့ နယ္သာလန္တိုက္စစ္ကစားသမား ဒီေပးကို ဒီေႏြရာသီမွာ ေပါင္ ၁၇ သန္းနဲ႔ ေခၚယူႏိုင္မယ္လို႔ ယုံၾကည္မႈရွိေနတာျဖစ္ပါတယ္။