မက်ဆီက အကောင်းဆုံးပဲလို့ ချီးကျူးလိုက်တဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက မက်ဆီက အကောင်းဆုံးပါလို့ အာဂျင်တီးနား ကစားသမားရဲ့ အပြောင်းအရွှေ့ ပြဿနာဖြေရှင်းပြီးတဲ့နောက်မှာ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ မက်ဆီဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ငယ်ငယ်ကတည်းက ကစားလာတဲ့ နူးကမ့်ကနေ ထွက်ခွာပြီး မန်စီးတီးအသင်းကို ရောက်ရှိရန် နီးစပ်ခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း အသက် ၃၃ နှစ်အရွယ်ကစားသမားက ဘာစီလိုနာအသင်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၃၀ ကို မပေးနိုင်တဲ့အတွက် အသင်းမှာ နောက်ထပ် တစ်နှစ်ဆက်နေမယ်လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။

ကော်နယ်ကိုးမန်းက လာမယ့်ရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်နေပြီး မက်ဆီကပဲ ဦးဆောင်မယ်လို့ ပြောသွားခဲ့ပါတယ်။ စနေနေ့ကစားမယ့် Gimnastic အသင်းနဲ့ ခြေစမ်းပွဲမတိုင်မီ ရော်နယ်ကိုးမန်းက မက်ဆီဟာ အသင်းရဲ့ အောင်မြင်မှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်မယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“သူက အကောင်းဆုံးပါ။ မက်ဆီသာ ကြံ့ခိုင်မှု ပြည့်ဝနေရင် ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားဖြစ်ပါတယ်။ ဒါကိုလည်း သူနှစ်ပေါင်းများစွာ ပြသထားပါတယ်။ ဒီရာသီမှာလည်း ထပ်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဥရောပ ပြိုင်ပွဲတွေကစားထားရလို့ လာလီဂါ အစောပိုင်း (၂) ပွဲကို ရွှေ့ဆိုင်ထားပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဗီလာရီးရဲလ်အသင်းနဲ့ ပွဲဦးထွက်ကစားရမှာ ဖြစ်ပါတယ်။

မက္ဆီက အေကာင္းဆံုးပဲလို႔ ခ်ီးက်ဴးလိုက္တဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက မက္ဆီက အေကာင္းဆံုးပါလို႔ အာဂ်င္တီးနား ကစားသမားရဲ႕ အေျပာင္းအေရႊ႕ ျပႆနာေျဖရွင္းျပီးတဲ့ေနာက္မွာ ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ မက္ဆီဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ငယ္ငယ္ကတည္းက ကစားလာတဲ့ ႏူးကမ့္ကေန ထြက္ခြာျပီး မန္စီးတီးအသင္းကို ေရာက္ရွိရန္ နီးစပ္ခဲ့သူျဖစ္ပါတယ္။ သို႔ေသာ္လည္း အသက္ ၃၃ ႏွစ္အရြယ္ကစားသမားက ဘာစီလုိနာအသင္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္သန္း ၆၃၀ ကို မေပးႏိုင္တဲ့အတြက္ အသင္းမွာ ေနာက္ထပ္ တစ္ႏွစ္ဆက္ေနမယ္လို႔ အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။

ေကာ္နယ္ကိုးမန္းက လာမယ့္ရာသီမွာ အသင္းကို ျပန္လည္တည္ေဆာက္ေနျပီး မက္ဆီကပဲ ဦးေဆာင္မယ္လို႔ ေျပာသြားခဲ့ပါတယ္။ စေနေန႔ကစားမယ့္ Gimnastic အသင္းနဲ႔ ေျခစမ္းပြဲမတိုင္မီ ေရာ္နယ္ကိုးမန္းက မက္ဆီဟာ အသင္းရဲ႕ ေအာင္ျမင္မႈမွာ အဓိက အခန္းက႑ကေန ပါ၀င္မယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“သူက အေကာင္းဆံုးပါ။ မက္ဆီသာ ၾကံ့ခိုင္မႈ ျပည့္၀ေနရင္ ကၽြန္ေတာ္တို႔အတြက္ အေရးပါတဲ့ကစားသမားျဖစ္ပါတယ္။ ဒါကိုလည္း သူႏွစ္ေပါင္းမ်ားစြာ ျပသထားပါတယ္။ ဒီရာသီမွာလည္း ထပ္ျပႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ သူက ေျပာသြားခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ဥေရာပ ျပိဳင္ပြဲေတြကစားထားရလို႔ လာလီဂါ အေစာပိုင္း (၂) ပြဲကို ေရႊ႕ဆိုင္ထားျပီး စက္တင္ဘာလ ၂၇ ရက္ေန႔မွာ ဗီလာရီးရဲလ္အသင္းနဲ႔ ပြဲဦးထြက္ကစားရမွာ ျဖစ္ပါတယ္။