ရန်းနက်စ်ကြယ်ပွင့် ကာမာဗင်ဂါကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူပြီး ပြန်လည်အငှားချရန် စဉ်းစားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ အခြားဥရောပထိပ်သီးကလပ်အသင်းတွေက ခေါ်ယူရန် မလှုပ်ရှားသေးတဲ့ ရန်းနက်စ်ကွင်းလယ်လူ ကာမာဗင်ဂါကို ဒီနွေရာသီမှာ ခေါ်ယူရန် စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ကာမာဗင်ဂါဟာ အသက် ၁၇ နှစ်အရွယ်မှာပဲ လီဂူး ၁ ကလပ်အသင်းရဲ့ ပထမအသင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးနေကြတာဖြစ်ပါတယ်။

ကြာသပတေးနေ့ညက လီဂူး၁ အဖွင့်ပွဲကို ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူး ၁ ချန်ပီယံပီအက်စ်ဂျီအသင်းကလည်း ကာမာဗင်ဂါကို စိတ်ဝင်စားပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းပြီး ရန်းနက်စ်အသင်းထံ ၁ နှစ် သို့မဟုတ် ၂ နှစ်အငှား ပြန်လည်ချထားဖွယ်ရှိတယ်လို့ စပိန်သတင်းစာ Diario Sport က အဆိုအရ သိရပါတယ်။

ရန်းနက်စ်အသင်းဟာ ဘဏ္ဍာရေး ပြဿနာတွေကြောင့် အသက် ၁၇ နှစ်အရွယ်ကစားသမားကို ရောင်းချဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လီဂူး ၁ အသင်းအတွက် (၂၄) ပွဲ ပွဲထွက်ကစားထားပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရအောင် ကူညီစွမ်းဆောင်ပေးထားပါတယ်။

ဒါ့အပြင် ကာမာဗင်ဂါဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ခရိုအေးရှားပွဲစဉ်မှာလည်း သူ့ရဲ့ ပထမဆုံး လက်ရွေးစင်အသင်းနဲ့ ပွဲကစားခွင့်ကို ရရှိခဲ့သူဖြစ်ပါတယ်။အဲ့ဒီပွဲမှာ ပါဝင်ကစားခဲ့တဲ့ ကာမာဗင်ဂါဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပြင်သစ်လက်ရွေးစင်အသင်းမှာ အသက်အငယ်ဆုံးနဲ့ ပါဝင်ကစားခွင့်ရသူ ဖြစ်လာပါတယ်။

ရန္းနက္စ္ၾကယ္ပြင့္ ကာမာဗင္ဂါကို ေပါင္ ၅၅ သန္းနဲ႔ ေခၚယူျပီး ျပန္လည္အငွားခ်ရန္ စဥ္းစားေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္း

ရီးရဲလ္မက္ဒရစ္အသင္းဟာ အျခားဥေရာပထိပ္သီးကလပ္အသင္းေတြက ေခၚယူရန္ မလႈပ္ရွားေသးတဲ့ ရန္းနက္စ္ကြင္းလယ္လူ ကာမာဗင္ဂါကို ဒီေႏြရာသီမွာ ေခၚယူရန္ စီစဥ္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ ကာမာဗင္ဂါဟာ အသက္ ၁၇ ႏွစ္အရြယ္မွာပဲ လီဂူး ၁ ကလပ္အသင္းရဲ႕ ပထမအသင္းမွာ ပါ၀င္ကစားခြင့္ရခဲ့ျပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြကို ခ်ီးက်ဴးေနၾကတာျဖစ္ပါတယ္။

ၾကာသပေတးေန႔ညက လီဂူး၁ အဖြင့္ပြဲကို ရႈံးနိမ့္ခဲ့တဲ့ ျပင္သစ္လီဂူး ၁ ခ်န္ပီယံပီအက္စ္ဂ်ီအသင္းကလည္း ကာမာဗင္ဂါကို စိတ္၀င္စားေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းက ေပါင္ ၅၅ သန္းနဲ႔ ကမ္းလွမ္းျပီး ရန္းနက္စ္အသင္းထံ ၁ ႏွစ္ သို႔မဟုတ္ ၂ ႏွစ္အငွား ျပန္လည္ခ်ထားဖြယ္ရွိတယ္လို႔ စပိန္သတင္းစာ Diario Sport က အဆိုအရ သိရပါတယ္။

ရန္းနက္စ္အသင္းဟာ ဘ႑ာေရး ျပႆနာေတြေၾကာင့္ အသက္ ၁၇ ႏွစ္အရြယ္ကစားသမားကို ေရာင္းခ်ဖြယ္ရွိေနတာလည္း ျဖစ္ပါတယ္။ ကြင္းလယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက လီဂူး ၁ အသင္းအတြက္ (၂၄) ပြဲ ပြဲထြက္ကစားထားျပီး အသင္းကို ခ်န္ပီယံလိဂ္၀င္ခြင့္တစ္ေနရာ ရေအာင္ ကူညီစြမ္းေဆာင္ေပးထားပါတယ္။

ဒါ့အျပင္ ကာမာဗင္ဂါဟာ ျပီးခဲ့တဲ့အပတ္က ကစားခဲ့တဲ့ ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ခရိုေအးရွားပြဲစဥ္မွာလည္း သူ႔ရဲ႕ ပထမဆံုး လက္ေရြးစင္အသင္းနဲ႔ ပြဲကစားခြင့္ကို ရရွိခဲ့သူျဖစ္ပါတယ္။အဲ့ဒီပြဲမွာ ပါ၀င္ကစားခဲ့တဲ့ ကာမာဗင္ဂါဟာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္အတြင္း ျပင္သစ္လက္ေရြးစင္အသင္းမွာ အသက္အငယ္ဆံုးနဲ႕ ပါ၀င္ကစားခြင့္ရသူ ျဖစ္လာပါတယ္။