လာမယ့်ရာသီမှာ ခြေစွမ်းပြနိုင်ဖို့အတွက် ဝိတ်ချရဦးမယ့် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အီဒင်ဟာဇက်

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ယူရို သန်း ၁၆၀ နဲ့ ချဲလ်ဆီးကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဟာဇက် အနေနဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် အသင်းမှာ ရုန်းကန်နေခဲ့ရပြီး လိဂ် ၁၆ ပွဲမှာ သွင်းဂိုးတစ်ဂိုးပဲ ရရှိခဲ့ပါတယ်။ လာမယ့်ရာသီမှာတော့ ဟာဇက်အနေနဲ့ ရီးရဲလ်မှာ ခြေစွမ်းပြနိုင်ဖို့ လိုအပ်နေတယ်လို့ ဖော်ပြနေကြပေမယ့် ရာသီသစ်မတိုင်ခင်မှာ ဟာဇက်အနေနဲ့ ဖြေရှင်းရမယ့်ကိစ္စရပ် တစ်ခုရှိနေတာပဲ ဖြစ်ပါတယ်။


ဒါကတော့ အနားယူနေရတဲ့ ကာလအတွင်းမှာ ကိုယ်အလေးချိန်တက်လာတာကြောင့် ဟာဇက်အနေနဲ့ လာမယ့်ရာသီမစ ခင်မှာ ဝိတ်ချဖို့အတွက် လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဟာဇက်အနေနဲ့ ဒဏ်ရာပြဿနာနဲ့အတူ အားလပ်ရက်အနားယူနေ ချိန်အတွင်းမှာ ၅ ကီလို (၁၀ ပေါင်ကျော်) တိုးလာခဲ့တာပဲ ဖြစ်ပါတယ်။သူအနေနဲ့ လာမယ့်ရာသီမတိုင်ခင်မှာ ဝိတ်ပြန်ကျဖို့ အတွက် အစားအသောက်နဲ့ လေ့ကျင့်မှုတွေကို ပြန်လုပ်ပြုလုပ်ရမယ်လို့ ဟာဇက်က ပြောခဲ့ပါတယ်။


ဟာဇက်က “ ကိုယ်အလေးချိန်တက်လာတဲ့ အကြောင်းကို ဖုံးကွယ်ထားစရာမရှိပါဘူး။ အပန်းဖြေခရီးသွားနေတဲ့အချိန်မှာ ကိုယ်အလေးချိန်က ၅ ကီလိုလောက်တတ်လာခဲ့ပါတယ်။ အသက် ၁၈ နှစ်တုန်းက လိုင်လီမှာ ကီလို ၇၂ မဟုတ်ရင် ၇၃ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကြွက်သားတွေ တောင့်တင်းလာတာကြောင့် ၇၅ ကီလိုလောက်အမြဲရှိခဲ့ပါတယ်။ အခုတော့ ၈၀ ကီလိုအထိ ရှိနေတာကြောင့် ဝိတ်ပြန်ချရဦးမှာပါ” လို့ ပြောခဲ့ပါတယ်။


ရာသီသစ်မစခင်မှာ ကစားခဲ့တဲ့နေးရှင်းလိဂ်ပြိုင်ပွဲ ကစားခဲ့တဲ့ ဘယ်ဂျီယံလက်ရွေးစင်အသင်းမှာ ဟာဇက်အနေနဲ့ ရွေးချယ် ခံခဲ့ရပေမယ့် ပွဲကစားခွင့်တော့ မရခဲ့ဘူးလို့ သိရပါတယ်။ ဟာဇက် ဟာ ဘယ်ဂျီယံအသင်းရဲ့အဓိက, ကစားသမားတစ်ဦး ဆိုပေမယ့် သူရဲ့လက်ရှိ ကိုယ်ခန္ဓာအနေအထားတွေကြောင့် ဘောလုံးကစားသမားဖို့အတွက် ခက်ခဲနေတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဖော်ပြနေကြတာပဲ ဖြစ်ပါတယ်။

zawgyi version

လာမယ့္ရာသီမွာ ေျခစြမ္းျပႏိုင္ဖို႔အတြက္ ဝိတ္ခ်ရဦးမယ့္ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မွဴး အီဒင္ဟာဇက္
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕က ယူ႐ို သန္း ၁၆၀ နဲ႔ ခ်ဲလ္ဆီးကေန ရီးရဲလ္ကို ေျပာင္းေရႊ႕ခဲ့တဲ့ ဟာဇက္ အေနနဲ႔ ဒဏ္ရာ ျပႆနာေတြေၾကာင့္ အသင္းမွာ ႐ုန္းကန္ေနခဲ့ရၿပီး လိဂ္ ၁၆ ပြဲမွာ သြင္းဂိုးတစ္ဂိုးပဲ ရရွိခဲ့ပါတယ္။ လာမယ့္ရာသီမွာေတာ့ ဟာဇက္အေနနဲ႔ ရီးရဲလ္မွာ ေျခစြမ္းျပႏိုင္ဖို႔ လိုအပ္ေနတယ္လို႔ ေဖာ္ျပေနၾကေပမယ့္ ရာသီသစ္မတိုင္ခင္မွာ ဟာဇက္အေနနဲ႔ ေျဖရွင္းရမယ့္ကိစၥရပ္ တစ္ခုရွိေနတာပဲ ျဖစ္ပါတယ္။
ဒါကေတာ့ အနားယူေနရတဲ့ ကာလအတြင္းမွာ ကိုယ္အေလးခ်ိန္တက္လာတာေၾကာင့္ ဟာဇက္အေနနဲ႔ လာမယ့္ရာသီမစ ခင္မွာ ဝိတ္ခ်ဖို႔အတြက္ လိုအပ္ေနတာပဲ ျဖစ္ပါတယ္။ ဟာဇက္အေနနဲ႔ ဒဏ္ရာျပႆနာနဲ႔အတူ အားလပ္ရက္အနားယူေန ခ်ိန္အတြင္းမွာ ၅ ကီလို (၁၀ ေပါင္ေက်ာ္) တိုးလာခဲ့တာပဲ ျဖစ္ပါတယ္။သူအေနနဲ႔ လာမယ့္ရာသီမတိုင္ခင္မွာ ဝိတ္ျပန္က်ဖို႔ အတြက္ အစားအေသာက္နဲ႔ ေလ့က်င့္မႈေတြကို ျပန္လုပ္ျပဳလုပ္ရမယ္လို႔ ဟာဇက္က ေျပာခဲ့ပါတယ္။
ဟာဇက္က “ ကိုယ္အေလးခ်ိန္တက္လာတဲ့ အေၾကာင္းကို ဖံုးကြယ္ထားစရာမရွိပါဘူး။ အပန္းေျဖခရီးသြားေနတဲ့အခ်ိန္မွာ ကိုယ္အေလးခ်ိန္က ၅ ကီလိုေလာက္တတ္လာခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္တုန္းက လိုင္လီမွာ ကီလို ၇၂ မဟုတ္ရင္ ၇၃ ရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ႂကြက္သားေတြ ေတာင့္တင္းလာတာေၾကာင့္ ၇၅ ကီလိုေလာက္အၿမဲရွိခဲ့ပါတယ္။ အခုေတာ့ ၈၀ ကီလိုအထိ ရွိေနတာေၾကာင့္ ဝိတ္ျပန္ခ်ရဦးမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ရာသီသစ္မစခင္မွာ ကစားခဲ့တဲ့ေနးရွင္းလိဂ္ၿပိဳင္ပြဲ ကစားခဲ့တဲ့ ဘယ္ဂ်ီယံလက္ေရြးစင္အသင္းမွာ ဟာဇက္အေနနဲ႔ ေရြးခ်ယ္ ခံခဲ့ရေပမယ့္ ပြဲကစားခြင့္ေတာ့ မရခဲ့ဘူးလို႔ သိရပါတယ္။ ဟာဇက္ ဟာ ဘယ္ဂ်ီယံအသင္းရဲ႕အဓိက, ကစားသမားတစ္ဦး ဆိုေပမယ့္ သူရဲ႕လက္ရွိ ကိုယ္ခႏၶာအေနအထားေတြေၾကာင့္ ေဘာလံုးကစားသမားဖို႔အတြက္ ခက္ခဲေနတဲ့အေျခအေနမွာ ရွိေနတယ္လို႔ ေဖာ္ျပေနၾကတာပဲ ျဖစ္ပါတယ္။