တိုက်စစ်မှူး မိုရာတာအတွက် ဂျူဗင်တပ်စ်အသင်းက ပေါင် ၄၆ သန်းနဲ့ ကမ်းလှမ်းတာကို ပယ်ချလိုက်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း မိုရာတာအတွက် ဂျူဗင်တပ်စ်အသင်းရဲ့ ပေါင် ၄၆ သန်းတန် ကမ်းလှမ်းချက်ကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ၂၀၁၄-၁၅ ခုနှစ်တုန်းက မိုရာတာ ဟာ တူရင်မှာ ဂျူဗင်တပ်စ်နည်းပြ နဲ့ အတူတူ တွဲကစားခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားကို အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ခေါ်ယူရန် ဆက်သွယ်မှုတွေ ရှိနေခဲ့ပြီး နည်းပြဆီမြွန်နီဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ကော်စတာနေရာမှာ သူ့ကိုပဲ ပိုပြီး ကစားစေခဲ့ပါတယ်။

မိုရာတာရဲ့ ဇနီးဖြစ်သူက အီတလီသူဖြစ်လို့ တစ်ချိန်တုန်းက ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်အသင်းထံ အငှားသွားရောက်ကစားခဲ့တဲ့ (၂) နှစ်တာ ကာလမှာ အောင်မြင်မှု ရခဲ့လို့ ပြန်သွားရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဂျူဗင်တပ်စ်အသင်းအတွက် (၉၃) ပွဲကစားခဲ့ပြီး (၂၇) ဂိုးလည်း သွင်းပေးခဲ့ပါတယ်။

မိုရာတာဟာ ဂျူဗင်တပ်စ်အသင်းကို စီးရီးအေ အမှတ်ပေးဖလား (၂) ကြိမ် နဲ့ ၂၀၁၅ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်စေခဲ့ပြီးမှ ဘာစီလိုနာအသင်းကို (၃-၁) နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အီတလီကလပ်အသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိသော်လည်း အက်သလက်တီကိုမက်ဒရစ်အသင်းက ချဲလ်ဆီးအသင်းကနေ ပေါင် ၅၈ သန်းနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးကို မရောင်းချချင်ဘူးလို့ သိရပါတယ်။ မိုရာတာရဲ့ စာချုပ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ၂၀၂၃ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

တိုက္စစ္မွဴး မိုရာတာအတြက္ ဂ်ဴဗင္တပ္စ္အသင္းက ေပါင္ ၄၆ သန္းနဲ႔ ကမ္းလွမ္းတာကို ပယ္ခ်လိုက္တဲ့ အက္သလက္တီကိုမက္ဒရစ္အသင္း

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္း မိုရာတာအတြက္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေပါင္ ၄၆ သန္းတန္ ကမ္းလွမ္းခ်က္ကို ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။ ၂၀၁၄-၁၅ ခုႏွစ္တုန္းက မိုရာတာ ဟာ တူရင္မွာ ဂ်ဴဗင္တပ္စ္နည္းျပ နဲ႔ အတူတူ တြဲကစားခဲ့တာျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားကို အက္သလက္တီကိုမက္ဒရစ္အသင္းကေန ေခၚယူရန္ ဆက္သြယ္မႈေတြ ရွိေနခဲ့ျပီး နည္းျပဆီျမြန္နီဟာ ျပီးခဲ့တဲ့ ရာသီတုန္းကလည္း ေကာ္စတာေနရာမွာ သူ႔ကိုပဲ ပိုျပီး ကစားေစခဲ့ပါတယ္။

မိုရာတာရဲ႕ ဇနီးျဖစ္သူက အီတလီသူျဖစ္လို႔ တစ္ခ်ိန္တုန္းက ရီးရဲလ္မက္ဒရစ္ကေန ဂ်ဴဗင္တပ္စ္အသင္းထံ အငွားသြားေရာက္ကစားခဲ့တဲ့ (၂) ႏွစ္တာ ကာလမွာ ေအာင္ျမင္မႈ ရခဲ့လို႔ ျပန္သြားရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၉၃) ပြဲကစားခဲ့ျပီး (၂၇) ဂိုးလည္း သြင္းေပးခဲ့ပါတယ္။

မိုရာတာဟာ ဂ်ဴဗင္တပ္စ္အသင္းကို စီးရီးေအ အမွတ္ေပးဖလား (၂) ၾကိမ္ နဲ႔ ၂၀၁၅ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ေစခဲ့ျပီးမွ ဘာစီလိုနာအသင္းကို (၃-၁) နဲ႔ ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။ အီတလီကလပ္အသင္းနဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိေသာ္လည္း အက္သလက္တီကိုမက္ဒရစ္အသင္းက ခ်ဲလ္ဆီးအသင္းကေန ေပါင္ ၅၈ သန္းနဲ႔ ေခၚယူခဲ့တဲ့ တိုက္စစ္မွဴးကို မေရာင္းခ်ခ်င္ဘူးလို႔ သိရပါတယ္။ မိုရာတာရဲ႕ စာခ်ဳပ္ဟာ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္မွ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ပါတယ္။