အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ သတင်းအတုတွေဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်

ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ သတင်းအတုတွေဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာ နည်းပြသစ် ရော်နယ်ကိုးမန်းက သူ့ရဲ့ အနာဂတ်အစီအစဉ်မှာ ဆွာရက်ဇ်မပါဘူးလို့ ပြောကြားခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းက ဆွာရက်ဇ်ကို ခေါ်ယူရန် ဆက်သွယ်မှုတွေ တောက်လျှောက်လုပ်နေတယ်လို့ သိရတာဖြစ်ပါတယ်။

သို့သော်လည်း အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးက သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ “သတင်းအတုတွေ ထွက်လာနေစဉ် သူက အဆင်ပြေနေတယ်” လို့ တင်သွားခဲ့ပါတယ်။ အဆိုပါဓာတ်ပုံမှာ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ မြင်တွေ့ရတာဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းက (၁) နှစ်ပဲ ကျန်တော့လို့ ဘာစီလိုနာအသင်းကလည်း ထွက်ခွာခွင့်ပေးမယ်လို့ သတင်းထွက်ခဲ့တာပါ။ သို့သော်လည်း အခုအနေအထားဆိုရင် ဆွာရက်ဇ်ဘာစီလိုနာ က ထွက်ခွာရန် နီးစပ်မှု မရှိဘူး ဖြစ်နေပါတယ်။

အစောပိုင်းက သတင်းများအရ ဆွာရက်ဇ်ဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရန် တစ်နှစ် ပေါင် ၉ သန်းနဲ့ သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။ မက်ဆီ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်လို့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လူစာရင်းကို ပြန်လည်တည်ဆောက်နေတာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၄ ခုနှစ်က လီဗာပူးလ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး (၂၈၃) ပွဲကစားကာ (၁၉၈) ဂိုးသွင်းပေးထားပါတယ်။

အနာဂတ္နဲ႔ ပတ္သက္ျပီး ထြက္ေပၚေနတဲ့ သတင္းေတြဟာ သတင္းအတုေတြျဖစ္တယ္လို႔ ဆိုလိုက္တဲ့ ဘာစီလိုနာ တိုက္စစ္မွဴး ဆြာရက္ဇ္

ဘာစီလိုနာ တိုက္စစ္မွဴး ဆြာရက္ဇ္က သူ႔အနာဂတ္နဲ႔ ပတ္သက္ျပီး ထြက္ေပၚေနတဲ့ သတင္းေတြဟာ သတင္းအတုေတြျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဘာစီလိုနာ နည္းျပသစ္ ေရာ္နယ္ကိုးမန္းက သူ႔ရဲ႕ အနာဂတ္အစီအစဥ္မွာ ဆြာရက္ဇ္မပါဘူးလို႔ ေျပာၾကားခဲ့တယ္လို႔ သတင္းထြက္ေပၚခဲ့ျပီးေနာက္ ဂ်ဴဗင္တပ္စ္အသင္းက ဆြာရက္ဇ္ကို ေခၚယူရန္ ဆက္သြယ္မႈေတြ ေတာက္ေလွ်ာက္လုပ္ေနတယ္လို႔ သိရတာျဖစ္ပါတယ္။

သို႔ေသာ္လည္း အသက္ ၃၃ ႏွစ္အရြယ္တိုက္စစ္မွဴးက သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ “သတင္းအတုေတြ ထြက္လာေနစဥ္ သူက အဆင္ေျပေနတယ္” လို႔ တင္သြားခဲ့ပါတယ္။ အဆိုပါဓာတ္ပံုမွာ ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ျမင္ေတြ႔ရတာျဖစ္ပါတယ္။ ဥရုေဂြးတိုက္စစ္မွဴးရဲ႕ စာခ်ဳပ္သက္တမ္းက (၁) ႏွစ္ပဲ က်န္ေတာ့လို႔ ဘာစီလိုနာအသင္းကလည္း ထြက္ခြာခြင့္ေပးမယ္လို႔ သတင္းထြက္ခဲ့တာပါ။ သို႔ေသာ္လည္း အခုအေနအထားဆိုရင္ ဆြာရက္ဇ္ဘာစီလိုနာ က ထြက္ခြာရန္ နီးစပ္မႈ မရွိဘူး ျဖစ္ေနပါတယ္။

အေစာပိုင္းက သတင္းမ်ားအရ ဆြာရက္ဇ္ဟာ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းရန္ တစ္ႏွစ္ ေပါင္ ၉ သန္းနဲ႔ သေဘာတူညီမႈ ရသြားျပီလို႔ သိရပါတယ္။ မက္ဆီ အသင္းမွာပဲ ဆက္ရွိေနမွာျဖစ္လို႔ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ လူစာရင္းကို ျပန္လည္တည္ေဆာက္ေနတာျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ ၂၀၁၄ ခုႏွစ္က လီဗာပူးလ္ကေန ဘာစီလိုနာကို ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး (၂၈၃) ပြဲကစားကာ (၁၉၈) ဂိုးသြင္းေပးထားပါတယ္။