ပထမဆုံးရာသီမှာ ရုန်းကန်ခဲ့ရသော်လည်း ဘာစီလိုနာအသင်းမှာပဲ သူ့အနာဂတ် ရှိနေတယ်လို့ ပြောကြားသွားတဲ့ ဂရစ်ဇ်မန်း

ဘာစီလိုနာတိုက်စစ်မှူး ဂရစ်ဇ်မန်းက အသင်းက ထွက်ခွာဖွယ်ရှိတယ်ဆိုတဲ့ ကောလဟာလတွေကို ငြင်းဆန်သွားခဲ့ပြီး အသင်းမှာပဲ ဆက်ရှိသွားမယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ မက်ဆီအသင်းမှာ ဆက်ရှိမှာဖြစ်လို့ ဂရစ်ဇ်မန်းရဲ့ အနာဂတ်ဟာ မသေချာသေးဘူးလို့ ထွက်ပေါ်လာခဲ့ပြီး ပရီးမီးယားလိဂ်က ယူနိုက်တက်၊ လီဗာပူးလ် နဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ပြင်သစ်လက်ရွေးစင်ကစားသမားက ဘာစီလိုနာအသင်းမှာပဲ ဆက်နေရန် ဆုံးဖြတ်ထားပါတယ်။ ဂရစ်ဇ်မန်းက “ ဘာစီလိုနာမှာ ကျွန်တော်အနာဂတ်ရှိသလားဆိုရင် ၊ ရှိပါတယ်။ ကျွန်တော် အဆင်ပြေနေပါတယ်။ အသင်းနဲ့ နည်းပြကလည်း ယုံကြည်ချက်ရှိနေတယ်လို့ သိပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အဆင်ပြေနေပါတယ်။ မနှစ်က ခက်ခဲတဲ့ ရာသီ ဖြစ်ခဲ့ပေမယ့် ပြန်လည်ကြိုးစားဖို့ ရည်ရွယ်ထားပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းကို အက်သလက်တီကို မက်ဒရစ်အသင်းကနေ ပေါင် ၁၀၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် နူးကမ့်နဲ့ ပထမဆုံးရာသီမှာ ရုန်းကန်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းလည်း ဖလားလက်မဲ့ ရာသီကို ဖြတ်သန်းခဲ့ရပြီး ဂရစ်ဇ်မန်းလည်း (၄၈) ပွဲကစားပြီး (၁၅) ဂိုးပဲ သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားက နောက်ရာသီမှာ နည်းပြသစ် ရော်နယ်ကိုးမန်းလက်ထက်မှာ ပိုကောင်းတဲ့ ရာသီကို ရရှိမယ်လို့ မျှော်လင့်နေပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ ပထမဆုံးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

ပထမဆုံးရာသီမွာ ႐ုန္းကန္ခဲ့ရေသာ္လည္း ဘာစီလိုနာအသင္းမွာပဲ သူ႔အနာဂတ္ ရွိေနတယ္လို႔ ေျပာၾကားသြားတဲ့ ဂရစ္ဇ္မန္း

ဘာစီလိုနာတိုက္စစ္မွဴး ဂရစ္ဇ္မန္းက အသင္းက ထြက္ခြာဖြယ္ရွိတယ္ဆိုတဲ့ ေကာလဟာလေတြကို ျငင္းဆန္သြားခဲ့ျပီး အသင္းမွာပဲ ဆက္ရွိသြားမယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ မက္ဆီအသင္းမွာ ဆက္ရွိမွာျဖစ္လို႔ ဂရစ္ဇ္မန္းရဲ႕ အနာဂတ္ဟာ မေသခ်ာေသးဘူးလို႔ ထြက္ေပၚလာခဲ့ျပီး ပရီးမီးယားလိဂ္က ယူႏိုက္တက္၊ လီဗာပူးလ္ နဲ႔ အာဆင္နယ္အသင္းတို႔က ေခၚယူေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ျပင္သစ္လက္ေရြးစင္ကစားသမားက ဘာစီလိုနာအသင္းမွာပဲ ဆက္ေနရန္ ဆံုးျဖတ္ထားပါတယ္။ ဂရစ္ဇ္မန္းက “ ဘာစီလိုနာမွာ ကၽြန္ေတာ္အနာဂတ္ရွိသလားဆိုရင္ ၊ ရွိပါတယ္။ ကၽြန္ေတာ္ အဆင္ေျပေနပါတယ္။ အသင္းနဲ႔ နည္းျပကလည္း ယံုၾကည္ခ်က္ရွိေနတယ္လို႔ သိပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္လည္း အဆင္ေျပေနပါတယ္။ မႏွစ္က ခက္ခဲတဲ့ ရာသီ ျဖစ္ခဲ့ေပမယ့္ ျပန္လည္ၾကိဳးစားဖို႔ ရည္ရြယ္ထားပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ ဘာစီလုိနာအသင္းကို အက္သလက္တီကို မက္ဒရစ္အသင္းကေန ေပါင္ ၁၀၈ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့ေပမယ့္ ႏူးကမ့္နဲ႔ ပထမဆံုးရာသီမွာ ရုန္းကန္ခဲ့ရပါတယ္။ ဘာစီလိုနာအသင္းလည္း ဖလားလက္မဲ့ ရာသီကို ျဖတ္သန္းခဲ့ရျပီး ဂရစ္ဇ္မန္းလည္း (၄၈) ပြဲကစားျပီး (၁၅) ဂိုးပဲ သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားက ေနာက္ရာသီမွာ နည္းျပသစ္ ေရာ္နယ္ကိုးမန္းလက္ထက္မွာ ပိုေကာင္းတဲ့ ရာသီကို ရရွိမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ဘာစီလိုနာအသင္းဟာ စပိန္လာလီဂါ ပထမဆံုးပြဲကို စက္တင္ဘာလ ၂၆ ရက္ေန႔မွာ ဗီလာရီးရဲလ္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။