ဘင်ဇီမာကို ပြန်လည်ခေါ်ယူရေးက လိုင်ယွန်အသင်းရဲ့ အိပ်မက်တစ်ခု ဖြစ်တယ်လို့ ဆိုလိုက်တဲ့ အားကစားဒါရိုက်တာဂျူနင်ဟို

လိုင်ယွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဂျူနင်ဟိုက တိုက်စစ်မှူးဟောင်း ဘင်ဇီမာကို ပြန်လည်ခေါ်ယူရေးက အသင်းရဲ့ အိပ်မက်တစ်ခုဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ ပြင်သစ်လီဂူး ၁ အသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်က ဘာနေဗျူးကို ပြောင်းသွားခဲ့တာဖြစ်ပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲပေါင်း (၅၀၀) ကျော်ကစားထားပြီး အဓိက ဆုဖလား (၉) ခုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သို့သော်လည်း သူ့ရဲ့ ငယ်ဘဝကလပ်ဟာ အသက် ၃၂ နှစ်အရွယ်ကစားသမား အနေနဲ့ လိုင်ယွန်အသင်းကို ပြန်လည်ပြောင်းရွှေ့ရန် မျှော်လင့်နေတာဖြစ်ပါတယ်။ လိုင်ယွန်တိုက်စစ်ကစားသမား ဒီပေးကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လိုင်ယွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဂျူနင်ဟိုက ဘင်ဇီမာ ဒီကို ပြန်လာပြီး အသင်းကို ဦးဆောင်ပြီး ဂိုးသွင်းဖို့က သူတို့ရဲ့ အိပ်မက်တစ်ခုဖြစ်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ဘင်ဇီမာ ကျွန်တော်တို့ နဲ့ အတူ ကစားသမားဘဝကို အဆုံးသတ်ဖို့က ကျွန်တော်တို့ အိပ်မက်ပါ။ လိုင်ယွန်အသင်းက လူအားလုံးရဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေက ကျွန်တေ်ာတို့ကို နိုင်ပွဲရအောင် ကူညီမှာပါ” လို့ The Sun ဖော်ပြခဲ့ပါတယ်။ လက်ရှိအသင်းခေါင်းဆောင် ဒီပေးကို ဟော်လန်လက်ရွေးစင်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းက ရော်နယ်ကိုးမန်းဟာ ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ထားထာဖြစ်ပါတယ်။

ဒက်ချ်ကြယ်ပွင့်ဟာ လိုင်ယွန်အသင်းအတွက် (၁၃၇) ပွဲကစားထားပြီး အဓိက ကစားသမားဖြစ်လာပါတယ်။ သူဟာ အသင်းအတွက် (၅၇) ဂိုးသွင်းပြီး အဓိက တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာအသင်းကို ပြောင်းသွားဘာက အစားထိုးရန် လိုအပ်နေပါတယ်။ ဘင်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၄၈) ပွဲကစားပြီး (၂၇) ဂိုးသွင်းပေးခဲ့သူ ဖြစ်ပါတယ်။ လိုင်ယွန်အသင်းမှာ ကစားခဲ့တုန်းက ဘင်ဇီမာဟာ လီဂူး ၁အမှတ်ပေးဖလား နဲ့ ၊ ပြင်သစ်ဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ဘင္ဇီမာကို ျပန္လည္ေခၚယူေရးက လိုင္ယြန္အသင္းရဲ႕ အိပ္မက္တစ္ခု ျဖစ္တယ္လို႔ ဆိုလိုက္တဲ့ အားကစားဒါရိုက္တာဂ်ဴနင္ဟုိ

လိုင္ယြန္အသင္းရဲ႕ အားကစားဒါရိုက္တာ ဂ်ဴနင္ဟိုက တိုက္စစ္မွဴးေဟာင္း ဘင္ဇီမာကို ျပန္လည္ေခၚယူေရးက အသင္းရဲ႕ အိပ္မက္တစ္ခုျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ဟာ ျပင္သစ္လီဂူး ၁ အသင္းနဲ႔ ကစားသမားဘ၀ကို စတင္ခဲ့တာျဖစ္ျပီး ၂၀၀၉ ခုႏွစ္က ဘာေနဗ်ဴးကို ေျပာင္းသြားခဲ့တာျဖစ္ပါတယ္။ သူဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ပြဲေပါင္း (၅၀၀) ေက်ာ္ကစားထားျပီး အဓိက ဆုဖလား (၉) ခုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သို႔ေသာ္လည္း သူ႔ရဲ႕ ငယ္ဘ၀ကလပ္ဟာ အသက္ ၃၂ ႏွစ္အရြယ္ကစားသမား အေနနဲ႔ လိုင္ယြန္အသင္းကို ျပန္လည္ေျပာင္းေရႊ႕ရန္ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ လိုင္ယြန္တိုက္စစ္ကစားသမား ဒီေပးကို ဘာစီလိုနာအသင္းကလည္း ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ လိုင္ယြန္အသင္းရဲ႕ အားကစားဒါရိုက္တာ ဂ်ဴနင္ဟိုက ဘင္ဇီမာ ဒီကို ျပန္လာျပီး အသင္းကို ဦးေဆာင္ျပီး ဂိုးသြင္းဖို႔က သူတို႔ရဲ႕ အိပ္မက္တစ္ခုျဖစ္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ဘင္ဇီမာ ကၽြန္ေတာ္တို႔ နဲ႔ အတူ ကစားသမားဘ၀ကို အဆံုးသတ္ဖို႔က ကၽြန္ေတာ္တို႔ အိပ္မက္ပါ။ လိုင္ယြန္အသင္းက လူအားလံုးရဲ႕ အိပ္မက္လည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ အေတြ႕အၾကံဳေတြက ကၽြန္ေတ္ာတို႔ကို ႏိုင္ပြဲရေအာင္ ကူညီမွာပါ” လို႔ The Sun ေဖာ္ျပခဲ့ပါတယ္။ လက္ရွိအသင္းေခါင္းေဆာင္ ဒီေပးကို ေဟာ္လန္လက္ေရြးစင္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ဘာစီလိုနာအသင္းက ေရာ္နယ္ကိုးမန္းဟာ ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ထားထာျဖစ္ပါတယ္။

ဒက္ခ်္ၾကယ္ပြင့္ဟာ လိုင္ယြန္အသင္းအတြက္ (၁၃၇) ပြဲကစားထားျပီး အဓိက ကစားသမားျဖစ္လာပါတယ္။ သူဟာ အသင္းအတြက္ (၅၇) ဂိုးသြင္းျပီး အဓိက တိုက္စစ္မွဴးလည္း ျဖစ္ပါတယ္။ သူဟာ ဘာစီလိုနာအသင္းကို ေျပာင္းသြားဘာက အစားထိုးရန္ လို္အပ္ေနပါတယ္။ ဘင္ဇီမာဟာ ျပီးခဲ့တဲ့ရာသီက ရီးရဲလ္မက္ဒရစ္အသင္းအတြက္ (၄၈) ပြဲကစားျပီး (၂၇) ဂိုးသြင္းေပးခဲ့သူ ျဖစ္ပါတယ္။ လိုင္ယြန္အသင္းမွာ ကစားခဲ့တုန္းက ဘင္ဇီမာဟာ လီဂူး ၁အမွတ္ေပးဖလား နဲ႔ ၊ ျပင္သစ္ဖလားတို႔ကို ဆြတ္ခူးထားႏိုင္ခဲ့ပါတယ္။