ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက အလိုရှိတယ်လို့ ပြောပြီးနောက် ပရီးမီးယားလိဂ်ကလပ်တွေကို မပြောင်းရွှေ့ တော့ဘူးလို့ ကော်တင်ဟိုရဲ့အေးဂျင့်ဖြစ်သူ ပြောဆို

ဘာစီလိုနာကစားသမား ကော်တင်ဟိုရဲ့အေးဂျင့်ဖြစ်တဲ့ ဂျော်ရတ်ချီယန်က အသင်းနည်းပြသစ်ရော်နယ်ကိုးမန်းက အလိုရှိ တယ်လို့ ပြောအပြီးမှာတော့ သူရဲ့ကစားသမားအနေနဲ့ သတင်းတွေထွက်ပေါ်နေတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို ပြောင်းရွှေ့တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်ကို အဌားနဲ့ သွား ရောက် ကစားခဲ့ပြီးနောက် ဘာစီလိုနာကို ပြန်ရောက်နေခဲ့သူလည်း ဖြစ်ပါတယ်။


ကော်တင်ဟိုဟာ ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပေမယ့် ပုံမှန်ခြေ စွမ်းမရခဲ့တဲ့ အနေအထားတွေကြောင့် အဌားချခံခဲ့ရသလို အသင်းပြောင်းမယ့်သတင်းတွေလည်း ထွက်ပေါ်နေခဲ့သူဖြစ် ပါတယ်။ ဘာစီလိုနာနည်းပြ အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် နည်းပြသစ်ဖြစ်လာတဲ့ ရော်နယ်ကိုးမန်းက ကော်တင်ဟိုကို သူရဲ့ အစီအစဉ်တွေမှာ ပါဝင်တယ်လို့ ပြောခဲ့တာကြောင့် ကစားသမားအနေနဲ့ အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။


ကော်တင်ဟိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော်ရတ်ချီယန်က talkSPORT ကနေတဆင့် “ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ဖလားရယူ နိုင်ပြီးနောက်မှာ ရော်နယ်ကိုးမန်းက ကော်တင်ဟိုကို ဖုန်းဆက်ပြီး စက်တင်ဘာ ၇ ရက်နေ့မှာ ပြန်လာဖို့ပြောခဲ့ပါတယ်။ ရော်နယ်ကိုးမန်းအနေနဲ့ ကော်တင်ဟိုရဲ့ ကြံခိုင်မှုအနေအထားတွေကို ဆက်ပြီးထိန်းထားနိုင်ဖို့အတွက် ဘာစီလိုနာနဲ့ လေ့ကျင့်ခန်းဆင်းဖို့ ပြန်ခေါ်ခဲ့တာပဲဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။


ကော်တင်ဟိုဟာ ဘာစီလိုနာနဲ့ ၂၀၂၃ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူတွဲကစားချင်ခဲ့တဲ့ ကမ္ဘာ့အကောင်း ဆုံးဘောလုံးသမားဆုကို ၆ ကြိမ်ရထားတဲ့ မက်ဆီနဲ့ နောက်တစ်ကြိမ်ပြန်တွဲကစားခွင့်ရမှာပဲ ဖြစ်ပါတယ်။ မက်ဆီကလည်း နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းမယ့် သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘာစီလိုနာမှာပဲ ဆက်နေဖို့အတွက် ဆုံးဖြတ်ခဲသူ ဖြစ်ပါတယ်။

zawgyi version

ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းက အလိုရွိတယ္လို႔ ေျပာၿပီးေနာက္ ပရီးမီးယားလိဂ္ကလပ္ေတြကို မေျပာင္းေရႊ႕ ေတာ့ဘူးလို႔ ေကာ္တင္ဟိုရဲ႕ေအးဂ်င့္ျဖစ္သူ ေျပာဆို
ဘာစီလိုနာကစားသမား ေကာ္တင္ဟိုရဲ႕ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ္ရတ္ခ်ီယန္က အသင္းနည္းျပသစ္ေရာ္နယ္ကိုးမန္းက အလိုရွိ တယ္လို႔ ေျပာအၿပီးမွာေတာ့ သူရဲ႕ကစားသမားအေနနဲ႔ သတင္းေတြထြက္ေပၚေနတဲ့ ပရီးမီးယားလိဂ္ကလပ္အသင္းေတြကို ေျပာင္းေရႊ႕ေတာ့မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ေကာ္တင္ဟိုဟာ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္ကို အဌားနဲ႔ သြား ေရာက္ ကစားခဲ့ၿပီးေနာက္ ဘာစီလိုနာကို ျပန္ေရာက္ေနခဲ့သူလည္း ျဖစ္ပါတယ္။
ေကာ္တင္ဟိုဟာ ၂၀၁၈ ဇန္နဝါရီ အေျပာင္းအေရႊ႕တုန္းက လီဗာပူးကေန ဘာစီလိုနာကို ေျပာင္းေရႊ႕ခဲ့ေပမယ့္ ပံုုမွန္ေျခ စြမ္းမရခဲ့တဲ့ အေနအထားေတြေၾကာင့္ အဌားခ်ခံခဲ့ရသလို အသင္းေျပာင္းမယ့္သတင္းေတြလည္း ထြက္ေပၚေနခဲ့သူျဖစ္ ပါတယ္။ ဘာစီလိုနာနည္းျပ အေျပာင္းအလဲျဖစ္ခဲ့ၿပီးေနာက္ နည္းျပသစ္ျဖစ္လာတဲ့ ေရာ္နယ္ကိုးမန္းက ေကာ္တင္ဟိုကို သူရဲ႕ အစီအစဥ္ေတြမွာ ပါဝင္တယ္လို႔ ေျပာခဲ့တာေၾကာင့္ ကစားသမားအေနနဲ႔ အသင္းမွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ တယ္လို႔ သိရပါတယ္။
ေကာ္တင္ဟိုရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ္ရတ္ခ်ီယန္က talkSPORT ကေနတဆင့္ “ ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ဖလားရယူ ႏိုင္ၿပီးေနာက္မွာ ေရာ္နယ္ကိုးမန္းက ေကာ္တင္ဟိုကို ဖုန္းဆက္ၿပီး စက္တင္ဘာ ၇ ရက္ေန႔မွာ ျပန္လာဖို႔ေျပာခဲ့ပါတယ္။ ေရာ္နယ္ကိုးမန္းအေနနဲ႔ ေကာ္တင္ဟိုရဲ႕ ၾကံခိုင္မႈအေနအထားေတြကို ဆက္ၿပီးထိန္းထားႏိုင္ဖို႔အတြက္ ဘာစီလိုနာနဲ႔ ေလ့က်င့္ခန္းဆင္းဖို႔ ျပန္ေခၚခဲ့တာပဲျဖစ္တယ္”လို႔ ေျပာခဲ့ပါတယ္။
ေကာ္တင္ဟိုဟာ ဘာစီလိုနာနဲ႔ ၂၀၂၃ ခုႏွစ္မွ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ၿပီး သူတြဲကစားခ်င္ခဲ့တဲ့ ကမ႓ာ့အေကာင္း ဆံုးေဘာလံုးသမားဆုကို ၆ ႀကိမ္ရထားတဲ့ မက္ဆီနဲ႔ ေနာက္တစ္ႀကိမ္ျပန္တြဲကစားခြင့္ရမွာပဲ ျဖစ္ပါတယ္။ မက္ဆီကလည္း ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းေျပာင္းမယ့္ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ေနာက္ဆံုးမွာေတာ့ ဘာစီလိုနာမွာပဲ ဆက္ေနဖို႔အတြက္ ဆံုးျဖတ္ခဲသူ ျဖစ္ပါတယ္။