နေမာကို ကြည့်ပြီး စိတ်ဓာတ်တက်ကြွမှု ရယူရတယ်ဆိုပြီး ရီးရဲလ်တိုက်စစ်မှူး ဗင်နီဆီယက်စ် ပြောဆို

ရီးရဲလ်တိုက်စစ်မှူး ဗင်နီဆီယက်စ်က နိုင်ငံအသင်းဖော်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာကိုကြည့်ပြီး သူရဲ့ စိတ်ဓာတ်တက်ကြွမှုကို ရယူလေ့ရှိတယ် ဆိုပြီး ပြောခဲ့ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ ဗင်နီဆီယက်စ်ဟာ ၂၀၁၈ခုနှစ် ဘောလုံးရာသီက ရီးရဲလ်ကို ရောက်ရှိလာပြီးနောက်မှာ ကလပ်နဲ့နိုင်ငံအသင်းအတွက်ပါ အရေးပါလာခဲ့ပြီး နာမည်ကျော် လာခဲ့သူလည်း ဖြစ်ပါတယ်။


လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး နိုင်ငံရပ်ခြားမှာ လာကစားရတဲ့သူတစ်ယောက်အနေနဲ့ အင်တာဗျူးတွေကနေ တဆင့် ခက်ခဲတဲ့မေးခွန်းတွေ မေးခံရတဲ့အခါ အခက်အခဲတွေရှိကြောင်းလည်း ဗင်နီဆီယက်စ်က ပြောခဲ့ပါတယ်။ရီးရဲလ် နည်းပြ ဇီဒန်းရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံရတာကြောင့် အသက်ငယ်သေးပေမယ့် ဗင်နီဆီယက်စ်ဟာ အသင်းမှာ ပုံမှန် ကစားခွင့်ရနေသူလည်း ဖြစ်ပါတယ်။


ဗင်နီဆီယက်စ်က သူအနေနဲ့ ရီးရဲလ်နဲ့ ဘရာဇီးအသင်းအတွက် အဓိက,ကစားသမားတစ်ဦးဖြစ်လာမယ်လို့လည်း ယုံကြည်နေပြီး သူအနေနဲ့ စိတ်ဓာတ်တက်ကြွမှုရဖို့အတွက် အသင်းဖော်ဖြစ်တဲ့ နေမာကို ကြည့်ပြီး လုပ်ဆောင်လေ့ရှိတယ် ပြောခဲ့ပါတယ်။ နေမာဟာ ဘရာဇီးကလပ် ဆန်းတို့စ်ကနေ ရီးရဲလ်ကို ပြောင်းရွှေ့လာပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ကမ္ဘာ့ တန်ကြေးအမြင့်ဆုံးကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။


၂၀၁၉ ခုနှစ်ကဖေဖော်ဝါရီလတုန်းက လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတဲ့ ဗင်နီဆီယက်စ် ဟာ ဒဏ်ရာပြဿနာ မကြာခဏရရှိလေ့ဖြစ်တာကြောင့် အသင်းအတွက် တစ်ပွဲပဲ ကစားခွင့်ရရှိသေးတာဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ ရာသီက ရီးရဲလ်နဲ့အတူ လာလီဂါချန်ပီယံဆုရခဲ့တဲ့ ဗင်နီဆီယက်စ်အနေနဲ့ လာမယ့်ရာသီမှာ အသင်းရဲ့အဓိက,ကစားသ မားအဖြစ် ခြေစွမ်းပြနိုင်ဖို့ ဆက်ကြိုးစားရမှာ ဖြစ်ပါတယ်။

zawgyi version

ေနမာကို ၾကည့္ၿပီး စိတ္ဓာတ္တက္ႂကြမႈ ရယူရတယ္ဆိုၿပီး ရီးရဲလ္တိုက္စစ္မွဴး ဗင္နီဆီယက္စ္ ေျပာဆို
ရီးရဲလ္တိုက္စစ္မွဴး ဗင္နီဆီယက္စ္က ႏိုင္ငံအသင္းေဖာ္ျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴး ေနမာကိုၾကည့္ၿပီး သူရဲ႕ စိတ္ဓာတ္တက္ႂကြမႈကို ရယူေလ့ရွိတယ္ ဆိုၿပီး ေျပာခဲ့ပါတယ္။ အသက္ ၂၀ သာရွိေသးတဲ့ ဗင္နီဆီယက္စ္ဟာ ၂၀၁၈ခုႏွစ္ ေဘာလံုးရာသီက ရီးရဲလ္ကို ေရာက္ရွိလာၿပီးေနာက္မွာ ကလပ္နဲ႔ႏိုင္ငံအသင္းအတြက္ပါ အေရးပါလာခဲ့ၿပီး နာမည္ေက်ာ္ လာခဲ့သူလည္း ျဖစ္ပါတယ္။
လူငယ္ကစားသမားတစ္ေယာက္ျဖစ္ၿပီး ႏိုင္ငံရပ္ျခားမွာ လာကစားရတဲ့သူတစ္ေယာက္အေနနဲ႔ အင္တာဗ်ဴးေတြကေန တဆင့္ ခက္ခဲတဲ့ေမးခြန္းေတြ ေမးခံရတဲ့အခါ အခက္အခဲေတြရွိေၾကာင္းလည္း ဗင္နီဆီယက္စ္က ေျပာခဲ့ပါတယ္။ရီးရဲလ္ နည္းျပ ဇီဒန္းရဲ႕ ႀကိဳက္ႏွစ္သက္ျခင္းကို ခံရတာေၾကာင့္ အသက္ငယ္ေသးေပမယ့္ ဗင္နီဆီယက္စ္ဟာ အသင္းမွာ ပံုမွန္ ကစားခြင့္ရေနသူလည္း ျဖစ္ပါတယ္။
ဗင္နီဆီယက္စ္က သူအေနနဲ႔ ရီးရဲလ္နဲ႔ ဘရာဇီးအသင္းအတြက္ အဓိက,ကစားသမားတစ္ဦးျဖစ္လာမယ္လို႔လည္း ယံုၾကည္ေနၿပီး သူအေနနဲ႔ စိတ္ဓာတ္တက္ႂကြမႈရဖို႔အတြက္ အသင္းေဖာ္ျဖစ္တဲ့ ေနမာကို ၾကည့္ၿပီး လုပ္ေဆာင္ေလ့ရွိတယ္ ေျပာခဲ့ပါတယ္။ ေနမာဟာ ဘရာဇီးကလပ္ ဆန္းတို႔စ္ကေန ရီးရဲလ္ကို ေျပာင္းေရႊ႕လာၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ကမ႓ာ့ တန္ေၾကးအျမင့္ဆံုးကစားသမား ျဖစ္လာခဲ့တာျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္ကေဖေဖာ္ဝါရီလတုန္းက လက္ေရြးစင္အသင္းႀကီးအတြက္ ပထမဆံုးအႀကိမ္ ေရြးခ်ယ္ခံခဲ့ရတဲ့ ဗင္နီဆီယက္စ္ ဟာ ဒဏ္ရာျပႆနာ မၾကာခဏရရွိေလ့ျဖစ္တာေၾကာင့္ အသင္းအတြက္ တစ္ပြဲပဲ ကစားခြင့္ရရွိေသးတာျဖစ္ပါတယ္။ ၿပီးခဲ့ တဲ့ ရာသီက ရီးရဲလ္နဲ႔အတူ လာလီဂါခ်န္ပီယံဆုရခဲ့တဲ့ ဗင္နီဆီယက္စ္အေနနဲ႔ လာမယ့္ရာသီမွာ အသင္းရဲ႕အဓိက,ကစားသ မားအျဖစ္ ေျခစြမ္းျပႏိုင္ဖို႔ ဆက္ႀကိဳးစားရမွာ ျဖစ္ပါတယ္။