ဒီပေးကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူဖို့အတွက် ဘာစီလိုနာ သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြ

သတင်းတွေရဲ့ဖော်ပြချက်အရ အသင်းကထွက်ဖို့ သေချာနေတဲ့ ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာ ဟာ တိုက်စစ်မှူးရှာဖွေနေပြီး လိုင်ယွန်မှာ ခြေစွမ်းပြနေတဲ့ ဒီပေးကိုခေါ်ယူဖို့ ပေါင် ၂၂ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ လိုင်ယွန်နည်းပြ ဂါစီယာကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ငြင်းဆိုသွားခဲ့ကာ တိုက်စစ်မှူး ဒီပေးအနေနဲ့ အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


လိုင်ယွန်နည်းပြ ဂါစီယာက “ ဒီနေ့မနက်မှာ ကက်တလန်ဒေသကထုတ်တဲ့ သတင်းစာတစ်စောင်မှာ ဘာစီလိုနာအနေနဲ့ ဒီပေးကို ခေါ်ယူဖို့ ဆွေးနွေးနေပြီ ဆိုတဲ့အကြောင်း ဖတ်ခဲ့ရပါတယ်။ တကယ်ကို ရယ်စရာကောင်းပါတယ်။ ဒီပေးက အံသြ ဖွယ်ရာကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ရာသီသစ်မှာလည်း လိုင်ယွန်မှာပဲ ဆက်ကစားမှာပါ။ အသင်းမှာရှိတဲ့သူ အားလုံးက ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့အတွက် ကြိုးစားနေတာကြောင့် ဒီပေးလိုကစားသမားမျိုးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။


စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ La Vanguardia ကတော့ ဘာစီလိုနာဟာ ဒီပေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု တွေရခဲ့ပြီဆိုပြီး ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီပေး ဟာ လိုင်ယွန်နဲ့ စာချုပ်သက်တမ်းတစ်နှစ်ပဲ ကျန်တော့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ရှိတဲ့ဆိုတဲ့ သတင်းတွေထွက်ဖော်နေခဲ့တာလည်း ဖြစ်ပါတယ်။


ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းအနေနဲ့ နယ်သာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ကတည်းက ဒီပေးရဲ့ ကစားပုံကို ကြိုက်နှစ်သက်ခဲ့တာကြောင့် ဘာစီလိုနာနည်းပြဖြစ်လာချိန်မှာ ပထမဆုံးခေါ်ယူမှုအဖြစ် ဒီပေးကိုခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ဒီပေးကတော့ ပြင်သစ်မှာနေထိုင်ရတာ ပျော်ရွှင်ပါတယ်။ အသင်းပြောင်းမယ်လို့ မပြော ထားဘူးဆိုပေမယ့် အပြောင်းအရွှေ့ဈေးကွက်ဖွင့်ထားချိန်မှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ဒီေပးကို ေပါင္ ၂၂ သန္းနဲ႔ ေခၚယူဖို႔အတြက္ ဘာစီလိုနာ သေဘာတူညီမႈရခဲ့ၿပီလို႔ သတင္းေတြက ေဖာ္ျပေနၾက
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အသင္းကထြက္ဖို႔ ေသခ်ာေနတဲ့ ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ဘာစီလိုနာ ဟာ တိုက္စစ္မွဴးရွာေဖြေနၿပီး လိုင္ယြန္မွာ ေျခစြမ္းျပေနတဲ့ ဒီေပးကိုေခၚယူဖို႔ ေပါင္ ၂၂ သန္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ သိရပါတယ္။ လိုင္ယြန္နည္းျပ ဂါစီယာကေတာ့ ဒီသတင္းနဲ႔ ပတ္သက္ၿပီး ျငင္းဆိုသြားခဲ့ကာ တိုက္စစ္မွဴး ဒီေပးအေနနဲ႔ အသင္းမွာ ဆက္ရွိေနမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
လိုင္ယြန္နည္းျပ ဂါစီယာက “ ဒီေန႔မနက္မွာ ကက္တလန္ေဒသကထုတ္တဲ့ သတင္းစာတစ္ေစာင္မွာ ဘာစီလိုနာအေနနဲ႔ ဒီေပးကို ေခၚယူဖို႔ ေဆြးေႏြးေနၿပီ ဆိုတဲ့အေၾကာင္း ဖတ္ခဲ့ရပါတယ္။ တကယ္ကို ရယ္စရာေကာင္းပါတယ္။ ဒီေပးက အံၾသ ဖြယ္ရာကစားသမားေကာင္းတစ္ေယာက္ျဖစ္ၿပီး ရာသီသစ္မွာလည္း လိုင္ယြန္မွာပဲ ဆက္ကစားမွာပါ။ အသင္းမွာရွိတဲ့သူ အားလံုးက ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရဖို႔အတြက္ ႀကိဳးစားေနတာေၾကာင့္ ဒီေပးလိုကစားသမားမ်ိဳးကို လက္လႊတ္ခံမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ La Vanguardia ကေတာ့ ဘာစီလိုနာဟာ ဒီေပးနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈ ေတြရခဲ့ၿပီဆိုၿပီး ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ဒီေပး ဟာ လိုင္ယြန္နဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္ပဲ က်န္ေတာ့တာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ ရွိတဲ့ဆိုတဲ့ သတင္းေတြထြက္ေဖာ္ေနခဲ့တာလည္း ျဖစ္ပါတယ္။
ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းအေနနဲ႔ နယ္သာလန္လက္ေရြးစင္အသင္းကို ကိုင္တြယ္ခဲ့ကတည္းက ဒီေပးရဲ႕ ကစားပံုကို ႀကိဳက္ႏွစ္သက္ခဲ့တာေၾကာင့္ ဘာစီလိုနာနည္းျပျဖစ္လာခ်ိန္မွာ ပထမဆံုးေခၚယူမႈအျဖစ္ ဒီေပးကိုေခၚယူႏိုင္ဖို႔ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ဒီေပးကေတာ့ ျပင္သစ္မွာေနထိုင္ရတာ ေပ်ာ္ရႊင္ပါတယ္။ အသင္းေျပာင္းမယ္လို႔ မေျပာ ထားဘူးဆိုေပမယ့္ အေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ထားခ်ိန္မွာ ဘာမဆို ျဖစ္သြားႏိုင္ပါတယ္လို႔ ေျပာခဲ့ပါတယ္။