မက်ဆီနဲ့ စစ်ဖြစ်စရာ အကြောင်းမရှိသလို စပိန်မြေမှာ သူရှိနေတဲ့အတွက် ပျော်ရွှင်ပါတယ်လို့ ပြောခဲ့တဲ့ လာလီဂါဥက္ကဌ တီဘက်စ်

လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌ တီဘက်စ်က စပိန်မြေမှာ မက်ဆီရှိနေတဲ့အတွက် ခိုက်ရန်ဖြစ်ပွားနေမှာမဟုတ်ဘဲ သူ အ နေနဲ့ စပိန်မြေမှာဆက်ရှိနေတာကြောင့် ပျော်ရွှင်မိတယ်လို့ ပြောခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာကထွက်ပြီး မန်စီးတီးကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပြီး ဘာစီလိုနာနဲ့ပတ်သက်သူတွေအပြင် လာလီဂါတာဝန်ရှိသူတွေက ပါ မက်ဆီအနေနဲ့ ဘာစီလိုနာကနေ မထွက်သွားဖို့ အလိုရှိခဲ့တယ်လို့ သိရပါတယ်။


မက်ဆီရဲ့စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇၀၀ ကိုပေးပြီး စာချုပ်သက်တမ်းနောက်ဆုံးနှစ်မှာ အသင်းပြောင်းချင်တယ်ဆိုရင် ဇွန်လအတွင်းမှာ ပြောရမှာဖြစ်ပေမယ့် ကိုဗစ်ကြောင့် ဘောလုံးရာသီမပြီးဆုံးခဲ့လို့ မက်ဆီအနေနဲ့ ဘောလုံးရာသီအကုန်မှ ပြောခဲ့ပေမယ့် လာလီဂါနဲ့ ဘာစီလိုနာတာဝန်ရှိသူတွေကတော့ အကျုံးမဝင်ဘူးလို့ ယူဆပြီး မက်ဆီကို ဘာစီလိုနာမှာ ဆက်ထိန်းဖို့အတွက် လုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။


Goal.com နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မက်ဆီက “ ဥက္ကဌ ဘာတိုမီယူက ဘာစီလိုနာကနေထွက်ဖို့ဆိုရင် တစ်ခု တည်းသောနည်းလမ်းက စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇၀၀ ပေးဖို့ပဲ ရှိတယ်လို့ ပြောခဲ့ပါတယ်။ဒါကလည်း မဖြစ်နိုင်ပါ ဘူး။ အသင်းကနေ အခြားနည်းလမ်းနဲ့ ထွက်လို့မရတော့ဘူး ဆိုပေမယ့် တရားဥပဒေအရ ထွက်လို့ရပါတယ်။ဒါပေမယ့် ဘာစီလိုနာနဲ့ တရားရင်ဆိုင်ရမယ့်အလုပ်မျိုး လုပ်မှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။


လာလီဂါဥက္ကဌ တီဘက်စ်က “ မက်ဆီရှိနေတာကြောင့် သူနဲ့ခိုက်ရန်ဖြစ်ပွားနေမှာ မဟုတ်ပါဘူး။ လိဂ်တစ်ခုကို ဥပဒေအရ၊ တရားမျှတမှုတွေနဲ့ ကာကွယ်ရာမှာ ဥက္ကဌတစ်ယောက်ရဲ့တာဝန်ပါ။ မက်ဆီမှ မဟုတ်ပါဘူး။ စာချုပ်သက်တမ်းနဲ့ အကျုံးဝင် နေတဲ့သူ ဘယ်သူကိုမဆို တားမြစ်ရမှာပါ။ ကျွန်တော်လည်း မက်ဆီကို လာလီဂါမှာ ဆက်ရှိနေစေချင်သလို သူရှိနေတာ ကြောင့်လည်း ပျော်ရွှင်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

မက္ဆီနဲ႔ စစ္ျဖစ္စရာ အေၾကာင္းမရွိသလို စပိန္ေျမမွာ သူရွိေနတဲ့အတြက္ ေပ်ာ္ရႊင္ပါတယ္လို႔ ေျပာခဲ့တဲ့ လာလီဂါဥကၠဌ တီဘက္စ္
လာလီဂါေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌ တီဘက္စ္က စပိန္ေျမမွာ မက္ဆီရွိေနတဲ့အတြက္ ခိုက္ရန္ျဖစ္ပြားေနမွာမဟုတ္ဘဲ သူ အ ေနနဲ႔ စပိန္ေျမမွာဆက္ရွိေနတာေၾကာင့္ ေပ်ာ္ရႊင္မိတယ္လို႔ ေျပာခဲ့ပါတယ္။ မက္ဆီဟာ ဘာစီလိုနာကထြက္ၿပီး မန္စီးတီးကို ေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေပၚခဲ့တာျဖစ္ၿပီး ဘာစီလိုနာနဲ႔ပတ္သက္သူေတြအျပင္ လာလီဂါတာဝန္ရွိသူေတြက ပါ မက္ဆီအေနနဲ႔ ဘာစီလိုနာကေန မထြက္သြားဖို႔ အလိုရွိခဲ့တယ္လို႔ သိရပါတယ္။
မက္ဆီရဲ႕စာခ်ဳပ္ပါေလ်ာ္ေၾကး ယူ႐ိုသန္း ၇၀၀ ကိုေပးၿပီး စာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္မွာ အသင္းေျပာင္းခ်င္တယ္ဆိုရင္ ဇြန္လအတြင္းမွာ ေျပာရမွာျဖစ္ေပမယ့္ ကိုဗစ္ေၾကာင့္ ေဘာလံုးရာသီမၿပီးဆံုးခဲ့လို႔ မက္ဆီအေနနဲ႔ ေဘာလံုးရာသီအကုန္မွ ေျပာခဲ့ေပမယ့္ လာလီဂါနဲ႔ ဘာစီလိုနာတာဝန္ရွိသူေတြကေတာ့ အက်ံဳးမဝင္ဘူးလို႔ ယူဆၿပီး မက္ဆီကို ဘာစီလိုနာမွာ ဆက္ထိန္းဖို႔အတြက္ လုပ္ေဆာင္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။
Goal.com နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ မက္ဆီက “ ဥကၠဌ ဘာတိုမီယူက ဘာစီလိုနာကေနထြက္ဖို႔ဆိုရင္ တစ္ခု တည္းေသာနည္းလမ္းက စာခ်ဳပ္ပါေလ်ာ္ေၾကး ယူ႐ိုသန္း ၇၀၀ ေပးဖို႔ပဲ ရွိတယ္လို႔ ေျပာခဲ့ပါတယ္။ဒါကလည္း မျဖစ္ႏိုင္ပါ ဘူး။ အသင္းကေန အျခားနည္းလမ္းနဲ႔ ထြက္လို႔မရေတာ့ဘူး ဆိုေပမယ့္ တရားဥပေဒအရ ထြက္လို႔ရပါတယ္။ဒါေပမယ့္ ဘာစီလိုနာနဲ႔ တရားရင္ဆိုင္ရမယ့္အလုပ္မ်ိဳး လုပ္မွာမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
လာလီဂါဥကၠဌ တီဘက္စ္က “ မက္ဆီရွိေနတာေၾကာင့္ သူနဲ႔ခိုက္ရန္ျဖစ္ပြားေနမွာ မဟုတ္ပါဘူး။ လိဂ္တစ္ခုကို ဥပေဒအရ၊ တရားမွ်တမႈေတြနဲ႔ ကာကြယ္ရာမွာ ဥကၠဌတစ္ေယာက္ရဲ႕တာဝန္ပါ။ မက္ဆီမွ မဟုတ္ပါဘူး။ စာခ်ဳပ္သက္တမ္းနဲ႔ အက်ံဳးဝင္ ေနတဲ့သူ ဘယ္သူကိုမဆို တားျမစ္ရမွာပါ။ ကြ်န္ေတာ္လည္း မက္ဆီကို လာလီဂါမွာ ဆက္ရွိေနေစခ်င္သလို သူရွိေနတာ ေၾကာင့္လည္း ေပ်ာ္ရႊင္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။