ရီဂူလွန် အပြီးသတ် မခေါ်ယူနိုင်ရင်တောင် အဌားနဲ့ ခေါ်ယူဖို့အတွက် စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ရာသီသစ်မတင်ခင်မှာပဲ နွေရာသီအပြောင်းအရွှေ့မှာ ဒုတိယမြောက်ခေါ်ယူမှုအဖြစ် ရီးရဲလ်ဘယ်နောက် ခံလူ ရီဂူလွန်ကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး အပြီးသတ်ခေါ်ယူဖို့ အဆင်မပြေရင်တောင် အဌားနဲ့ခေါ်ယူဖို့ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။ ရီဂူလွန်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်ကနေ ဆီဗီလာကို အဌားချခံပေမယ့် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းကြီးတွေအနေနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆီဗီလာအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲအထိကစားခဲ့ပြီး ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ရီဂူလွန်ဟာ ရီးရဲလ်ကို ပြန် ရောက်နေပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် မသေချာတာကြောင့် အသင်းပြောင်းရွှေ့ဖို့အတွက် အလိုရှိနေတယ်လို့ လည်း သိရပါတယ်။ရီးရဲလ်အသင်းဘက်ကလည်း ရီဂူလွန်ကို ရောင်းချဖို့ထက် နောက်ထပ်တစ်ရာသီလောက် အဌားထပ်ချ ဖို့ အလိုရှိနေတာကြောင့် ယူနိုက်တက်ဆီကို ရောက်ရှိဖို့အတွက် အခွင့်အရေးများနေတာပဲ ဖြစ်ပါတယ်။


ရီဂူလွန်ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီ၊ ဂျူဗင်တပ်၊နာပိုလီနဲ့ စပါးတို့ကလည်း စောင့်ကြည့်နေတာကြောင့် ယူနိုက်တက်အ အနေနဲ့ လက်ဦးမှုရယူပြီး အဌားနဲ့ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့လည်း လုခ်ရှောနဲ့ ဝီလီယံတို့ပဲ ရှိတဲ့ ဘယ်နောက်ခံနေရာအတွက် ကစားသမားတစ်ဦးခေါ်ယူဖို့ အလိုရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ် မြောက်နိုင်တယ်ဆိုပြီး ဖော်ပြမှုတွေလည်း ရှိနေကြပါတယ်။


ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့မှာ အေဂျက်က ဗန်ဒီဘိတ်ခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူထားပြီးနောက် ကစား သမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အနေနဲ့ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်မပိတ် သေးခင်မှာ ဘိုင်ယန်မြူးနစ်က အယ်ကန်တာရာနဲ့ ဘာစီလိုနာက ဂရစ်ဇ်မန်းတို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ လည်း သတင်းတွေ ထွက်ဖော်နေပါတယ်။

zawgyi version

ရီဂူလြန္ အၿပီးသတ္ မေခၚယူႏိုင္ရင္ေတာင္ အဌားနဲ႔ ေခၚယူဖို႔အတြက္ စတင္လုပ္ေဆာင္ေနၿပီျဖစ္တဲ့ ယူႏိုက္တက္
ယူႏိုက္တက္ဟာ ရာသီသစ္မတင္ခင္မွာပဲ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဒုတိယေျမာက္ေခၚယူမႈအျဖစ္ ရီးရဲလ္ဘယ္ေနာက္ ခံလူ ရီဂူလြန္ကို ေခၚယူဖို႔ လုပ္ေဆာင္ေနၿပီး အၿပီးသတ္ေခၚယူဖို႔ အဆင္မေျပရင္ေတာင္ အဌားနဲ႔ေခၚယူဖို႔ လုပ္ေဆာင္ေန တယ္လို႔ သိရပါတယ္။ ရီဂူလြန္ဟာ ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္ကေန ဆီဗီလာကို အဌားခ်ခံေပမယ့္ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အသင္းႀကီးေတြအေနနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနၾကတာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဆီဗီလာအတြက္ ၿပိဳင္ပြဲစံု ၃၈ ပြဲအထိကစားခဲ့ၿပီး ယူ႐ိုပါလိဂ္ဖလား ရယူႏိုင္ခဲ့တဲ့ ရီဂူလြန္ဟာ ရီးရဲလ္ကို ျပန္ ေရာက္ေနေပမယ့္ ပံုမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ မေသခ်ာတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔အတြက္ အလိုရွိေနတယ္လို႔ လည္း သိရပါတယ္။ရီးရဲလ္အသင္းဘက္ကလည္း ရီဂူလြန္ကို ေရာင္းခ်ဖို႔ထက္ ေနာက္ထပ္တစ္ရာသီေလာက္ အဌားထပ္ခ် ဖို႔ အလိုရွိေနတာေၾကာင့္ ယူႏိုက္တက္ဆီကို ေရာက္ရွိဖို႔အတြက္ အခြင့္အေရးမ်ားေနတာပဲ ျဖစ္ပါတယ္။
ရီဂူလြန္ကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္၊နာပိုလီနဲ႔ စပါးတို႔ကလည္း ေစာင့္ၾကည့္ေနတာေၾကာင့္ ယူႏိုက္တက္အ အေနနဲ႔ လက္ဦးမႈရယူၿပီး အဌားနဲ႔ေခၚယူႏိုင္ဖို႔ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္အေနနဲ႔လည္း လုခ္ေရွာနဲ႔ ဝီလီယံတို႔ပဲ ရွိတဲ့ ဘယ္ေနာက္ခံေနရာအတြက္ ကစားသမားတစ္ဦးေခၚယူဖို႔ အလိုရွိေနတာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ ေျမာက္ႏိုင္တယ္ဆိုၿပီး ေဖာ္ျပမႈေတြလည္း ရွိေနၾကပါတယ္။
ယူႏိုက္တက္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေအဂ်က္က ဗန္ဒီဘိတ္ခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူထားၿပီးေနာက္ ကစား သမားသစ္ေတြ ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ ေသးခင္မွာ ဘိုင္ယန္ျမဴးနစ္က အယ္ကန္တာရာနဲ႔ ဘာစီလိုနာက ဂရစ္ဇ္မန္းတို႔ကိုလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ လည္း သတင္းေတြ ထြက္ေဖာ္ေနပါတယ္။