မက်ဆီကို ထိန်းထားနိုင်ပြီးနောက် ဂရစ်ဇ်မန်းကို ဆက်ထိန်းဖို့အတွက် လုပ်ဆောင်ရဦးမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အသင်းရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီကို အသင်းမှာဆက်ထိန်းဖို့ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပေ မယ့် နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်းကို ဆက်ထိန်းထားနိုင်ဖို့အတွက် လုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ယူနိုက်တက်နဲ့ အာဆင်နယ်တို့က စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။


ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်းရဲ့ လက်အောက်မှာ တောင်ပံကစားသမားတွေဖြစ်တဲ့ ဖာတီနဲ့ ဒမ်ဘီလီတို့အနေနဲ့ အခွင့်အရေးရဖို့ ပိုများနေပြီး ဂရစ်ဇ်မန်းကတော့ ပုံမှန်နေရာရဖို့ ရုန်းကန်ရနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ဖော်ပြနေတာ ကြောင့် ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ ဒါအပြင် ရော်နယ်ကိုးမန်းက ပြီးခဲ့တဲ့ ရာသီက ဘိုင်ယန်မြူးနစ်ကို အဌားချခံခဲ့ရတဲ့ ကော်တင်ဟိုကိုလည်း နေရာပေးဖို့ရှိနေတယ်လို့ သိရပါတယ်။


ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့အတွက် လီဗာပူးနည်းပြ ကလော့ပ် အနေနဲ့ အစောပိုင်းကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်း တွေကလည်း တိုက်စစ်ပိုင်းတွေကို အားဖြည့်ဖို့အတွက် ဂရစ်ဇ်မန်းကိုခေါ်ယူချင်နေတာကြောင့် ဘာစီလိုနာအနေနဲ့ ပြင်သစ်တိုက်စစ်မှူးကို အသင်းမှာဆက်ရှိဖို့အတွက် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။


ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက အက်သလက်တီကိုကနေ ပြောင်းရွှေ့ကြေးပေါင် ၁၀၇ သန်းနဲ့ ဘာစီလိုနာကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် အသင်းအတွက် လာလီဂါသွင်းဂိုး ၉ ဂိုးအထိပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက်လည်း မာတီနက်ဇ်နဲ့ ဒီပေးတို့ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

မက္ဆီကို ထိန္းထားႏိုင္ၿပီးေနာက္ ဂရစ္ဇ္မန္းကို ဆက္ထိန္းဖို႔အတြက္ လုပ္ေဆာင္ရဦးမယ့္ ဘာစီလိုနာ
ဘာစီလိုနာဟာ အသင္းရဲ႕အဓိက,ကစားသမားတစ္ဦးျဖစ္တဲ့ မက္ဆီကို အသင္းမွာဆက္ထိန္းဖို႔ လုပ္ေဆာင္ႏိုင္ခဲ့ၿပီျဖစ္ေပ မယ့္ ေနာက္ထပ္တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဂရစ္ဇ္မန္းကို ဆက္ထိန္းထားႏိုင္ဖို႔အတြက္ လုပ္ေဆာင္ရဦးမွာျဖစ္ပါတယ္။ ဂရစ္ဇ္မန္းကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ လီဗာပူး၊ယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔က စိတ္ဝင္စား ေနတယ္လို႔ သိရပါတယ္။
ဘာစီလိုနာနည္းျပသစ္ေရာ္နယ္ကိုးမန္းရဲ႕ လက္ေအာက္မွာ ေတာင္ပံကစားသမားေတြျဖစ္တဲ့ ဖာတီနဲ႔ ဒမ္ဘီလီတို႔အေနနဲ႔ အခြင့္အေရးရဖို႔ ပိုမ်ားေနၿပီး ဂရစ္ဇ္မန္းကေတာ့ ပံုမွန္ေနရာရဖို႔ ႐ုန္းကန္ရႏိုင္တဲ့ အေျခအေနမွာရွိတယ္လို႔ ေဖာ္ျပေနတာ ေၾကာင့္ ဂရစ္ဇ္မန္းရဲ႕ အေျပာင္းအေရႊ႕သတင္းေတြ ထြက္ေပၚေနတာပဲျဖစ္ပါတယ္။ ဒါအျပင္ ေရာ္နယ္ကိုးမန္းက ၿပီးခဲ့တဲ့ ရာသီက ဘိုင္ယန္ျမဴးနစ္ကို အဌားခ်ခံခဲ့ရတဲ့ ေကာ္တင္ဟိုကိုလည္း ေနရာေပးဖို႔ရွိေနတယ္လို႔ သိရပါတယ္။
ျပင္သစ္အသင္းနဲ႔အတူ ကမ႓ာ့ဖလားခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တဲ့ ဂရစ္ဇ္မန္းကို ေခၚယူဖို႔အတြက္ လီဗာပူးနည္းျပ ကေလာ့ပ္ အေနနဲ႔ အေစာပိုင္းကတည္းက စိတ္ဝင္စားေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ယူႏိုက္တက္နဲ႔ အာဆင္နယ္အသင္း ေတြကလည္း တိုက္စစ္ပိုင္းေတြကို အားျဖည့္ဖို႔အတြက္ ဂရစ္ဇ္မန္းကိုေခၚယူခ်င္ေနတာေၾကာင့္ ဘာစီလိုနာအေနနဲ႔ ျပင္သစ္တိုက္စစ္မွဴးကို အသင္းမွာဆက္ရွိဖို႔အတြက္ လုပ္ေဆာင္ရမွာပဲ ျဖစ္ပါတယ္။
ဂရစ္ဇ္မန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အက္သလက္တီကိုကေန ေျပာင္းေရႊ႕ေၾကးေပါင္ ၁၀၇ သန္းနဲ႔ ဘာစီလိုနာကို ေရာက္ရွိလာခဲ့တာ ျဖစ္ေပမယ့္ အသင္းအတြက္ လာလီဂါသြင္းဂိုး ၉ ဂိုးအထိပဲ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာဟာ ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္လည္း မာတီနက္ဇ္နဲ႔ ဒီေပးတို႔ကိုလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။