ဆွာရက်ဇ်နေရာအစားထိုးရန် ဒီပေးကို သတ်မှတ်ထားတဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်းဟာ ဆွာရက်ဇ်နေရာမှာ အစားထိုးရန် လိုင်ယွန်တိုက်စစ်မှူး ဒီပေးကို ရည်ရွယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းသမိုင်းမှာ တတိယဂိုးအများဆုံးသွင်းထားသူဖြစ်သော်လည်း ဒီနွေရာသီအပြောင်းအရွှွေ့မှာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ပါတယ်။

လိုင်ယွန်တိုက်စစ်ကစားသမား ဒီပေးဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက လီဂူး ၁ အသင်းအတွက် ပုံစံကောင်းပြထားပြီး အသင်းအတွက် ကစားခဲ့တဲ့ (၄) ရာသီ စုစုပေါင်း (၅၂) ဂိုးသွင်းပေးထားပါတယ်။ စပိန်သတင်းစာ Mundo Deportivo ကအဆိုအရ ဘာစီလိုအသင်းဟာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်ပဲ ကျန်တော့တဲ့ နယ်သာလန်တိုက်စစ်ကစားသမား ဒီပေးကို ဒီနွေရာသီမှာ ပေါင် ၁၇ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာကို ပြောင်းရွှေ့ဖြစ်ပါက အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ နယ်သာလန်နည်းပြဟောင်းဖြစ်တဲ့ လက်ရှိ ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းနဲ့လည်း ပြန်လည် လက်တွဲရမှာပါ။ ဒီပေးဟာ ဂျူဗင်တပ်စ် နဲ့ မန်စီးတီးအသင်းကို ချန်ပီယံလိဂ်မှာ အနိုင်ရခဲ့တဲ့ လိုင်ယွန်အသင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး သူ့အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒက်ချ်တိုက်စစ်မှူးဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအစမှာလည်း လိုင်ယွန်အသင်းနဲ့ ပုံစံကောင်းပြထားပြီး ပြီးခဲ့တဲအပတ်က ဒီဂျွန်အသင်းကို (၄-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လည်း (၁) ဂိုးသွင်းပေးခဲ့ပါတယ်။ ဒီပေးဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီက ယူနိုက်တက်ကနေ ပြင်သစ်ကလပ်ကို ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် စုစုပေါင်း (၁၃၉) ပွဲကစားပြီး (၅၇) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

ဆြာရက္ဇ္ေနရာအစားထိုးရန္ ဒီေပးကို သတ္မွတ္ထားတဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာနည္းျပသစ္ေရာ္နယ္ကိုးမန္းဟာ ဆြာရက္ဇ္ေနရာမွာ အစားထိုးရန္ လိုင္ယြန္တိုက္စစ္မွဴး ဒီေပးကို ရည္ရြယ္ထားတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ ဥရုေဂြးတိုက္စစ္မွဴးဟာ ဘာစီလိုနာအသင္းသမုိင္းမွာ တတိယဂိုးအမ်ားဆံုးသြင္းထားသူျဖစ္ေသာ္လည္း ဒီေႏြရာသီအေျပာင္းအေရႊြ႕မွာ ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ရန္ နီးစပ္ေနျပီျဖစ္ပါတယ္။

လိုင္ယြန္တိုက္စစ္ကစားသမား ဒီေပးဟာ ျပီးခဲ့တဲ့ရာသီေတြကတည္းက လီဂူး ၁ အသင္းအတြက္ ပံုစံေကာင္းျပထားျပီး အသင္းအတြက္ ကစားခဲ့တဲ့ (၄) ရာသီ စုစုေပါင္း (၅၂) ဂိုးသြင္းေပးထားပါတယ္။ စပိန္သတင္းစာ Mundo Deportivo ကအဆိုအရ ဘာစီလိုအသင္းဟာ လုိင္ယြန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ပဲ က်န္ေတာ့တဲ့ နယ္သာလန္တိုက္စစ္ကစားသမား ဒီေပးကို ဒီေႏြရာသီမွာ ေပါင္ ၁၇ သန္းနဲ႔ ေခၚယူႏိုင္မယ္လို႔ ယံုၾကည္မႈရွိေနတာျဖစ္ပါတယ္။

ဘာစီလိုနာကို ေျပာင္းေရႊ႕ျဖစ္ပါက အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ နယ္သာလန္နည္းျပေဟာင္းျဖစ္တဲ့ လက္ရွိ ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းနဲ႔လည္း ျပန္လည္ လက္တြဲရမွာပါ။ ဒီေပးဟာ ဂ်ဴဗင္တပ္စ္ နဲ႔ မန္စီးတီးအသင္းကို ခ်န္ပီယံလိဂ္မွာ အႏိုင္ရခဲ့တဲ့ လိုင္ယြန္အသင္းမွာ ပါ၀င္ခဲ့သူျဖစ္ျပီး သူ႔အသင္းဟာ ဆီမီးဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္ကို ရႈံးခဲ့ရတာျဖစ္ပါတယ္။

ဒက္ခ်္တိုက္စစ္မွဴးဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီအစမွာလည္း လိုင္ယြန္အသင္းနဲ႔ ပံုစံေကာင္းျပထားျပီး ျပီးခဲ့တဲအပတ္က ဒီဂၽြန္အသင္းကို (၄-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ လည္း (၁) ဂိုးသြင္းေပးခဲ့ပါတယ္။ ဒီေပးဟာ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီက ယူႏိုက္တက္ကေန ျပင္သစ္ကလပ္ကို ေျပာင္းေရႊ႕လာခဲ့ျပီး အသင္းအတြက္ စုစုေပါင္း (၁၃၉) ပြဲကစားျပီး (၅၇) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။