ဆွာရက်ဇ်ကို ခေါ်ယူရန် ရုန်းကန်နေရတဲ့ ဂျူဗင်တပ်စ် ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ကာဗာနီကို ခေါ်ယူရန် ဆက်သွယ်လာ

ဂျူဗင်တပ်စ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး အသစ်တစ်ယောက်ကို ရှာဖွေနေဆဲဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်လို့ရမယ့် ကာဗာနီကို ဆက်သွယ်မှု လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တူရင်ကလပ်အသင်းဟာ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ် ကိုခေါ်ယူရန် ပစ်မှတ်ထားခဲ့ပြီး မခေါ်ယူနိုင်ခဲ့ဘူး ဖြစ်ပါတယ်။ အီတလီက စကိုင်းစပေါ့ သတင်းဌာနက အဆိုအရ ဂျူဗင်တပ်စ်အသင်းဟာ ယခုအခါ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း ကာဗာနီကို ဆက်သွယ်မှု လုပ်နေပြီလို့ သိရပါတယ်။

အသင်းဟာ ပီယာလိုကို နည်းပြသစ်အဖြစ်ခန့်အပ်ပြီးနောက် အသင်းရဲ့ လူစာရင်းကို တောင့်တင်းအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ဂျူဗင်တပ်စ်အသင်းဟာ ကာဗာနီကို ခေါ်ယူတာက ရေတိုအတွက်ပဲ ဖြစ်တယ်လို့ သိရပါတယ်။ ကာဗာနီဟာ ဘင်ဖီကာ အသင်းကို ပြောင်းရွှေ့ရန် နီးစပ်ခဲ့ပြီးမှ လစာကိစ္စကြောင့် ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ (၃) နှစ်စာချုပ်ချုပ်ချင်နေတာဖြစ်ပြီး တစ်နှစ်ကို ပေါင် ၈.၈ သန်း ပေးရမယ်လို့ သိရပါတယ်။

ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာရန် ညှိနှိုင်းနေပြီး အီတလီပတ်စပို့မရှိတာဖြစ်ပြီး ကာဗာနီမှာတော့ အစောကြီးကတည်းက အီတလီ ပတ်စပို့ ရှိနေတာဖြစ်ပါတယ်။ ကာဗာနီဟာ နာပိုလီနဲ့ ဆက်ဆံရေးကြောင့် ဂျူဗင်တပ်စ်အသင်းက ကမ်းလှမ်းမှာကို ပယ်ချဖွယ်ရှိနေပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ နေပယ်မှာ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကစားခဲ့ပြီး (၁၃၈) ပွဲကစားကာ (၁၀၄) ဂိုးအထိ သွင်းယူပေးထားပြီး အသင်းကို သူ့ရဲ့ပထမဆုံးရာသီမှာပင် ကိုပါအီတလီယာဖလားရအောင် စွမ်းဆောင်ပေးထားသူ ဖြစ်ပါတယ်။

ဆြာရက္ဇ္ကို ေခၚယူရန္ ႐ုန္းကန္ေနရတဲ့ ဂ်ဴဗင္တပ္စ္ ပီအက္စ္ဂ်ီတုိက္စစ္မွဴးေဟာင္း ကာဗာနီကို ေခၚယူရန္ ဆက္သြယ္လာ

ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီေႏြရာသီ အေျပာင္းအေရႊ႕မွာ တိုက္စစ္မွဴး အသစ္တစ္ေယာက္ကို ရွာေဖြေနဆဲျဖစ္ျပီး အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚလို႔ရမယ့္ ကာဗာနီကို ဆက္သြယ္မႈ လုပ္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ တူရင္ကလပ္အသင္းဟာ ဘာစီလိုနာ တုိက္စစ္မွဴး ဆြာရက္ဇ္ ကိုေခၚယူရန္ ပစ္မွတ္ထားခဲ့ျပီး မေခၚယူႏိုင္ခဲ့ဘူး ျဖစ္ပါတယ္။ အီတလီက စကိုင္းစေပါ့  သတင္းဌာနက အဆိုအရ ဂ်ဴဗင္တပ္စ္အသင္းဟာ ယခုအခါ ပီအက္စ္ဂ်ီၾကယ္ပြင့္ေဟာင္း ကာဗာနီကို ဆက္သြယ္မႈ လုပ္ေနျပီလို႔ သိရပါတယ္။

အသင္းဟာ ပီယာလိုကို နည္းျပသစ္အျဖစ္ခန္႔အပ္ျပီးေနာက္ အသင္းရဲ႕ လူစာရင္းကို ေတာင့္တင္းေအာင္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ဂ်ဴဗင္တပ္စ္အသင္းဟာ ကာဗာနီကို ေခၚယူတာက ေရတိုအတြက္ပဲ ျဖစ္တယ္လို႔ သိရပါတယ္။ ကာဗာနီဟာ ဘင္ဖီကာ အသင္းကို ေျပာင္းေရႊ႕ရန္ နီးစပ္ခဲ့ျပီးမွ လစာကိစၥေၾကာင့္ ပ်က္ျပယ္ခဲ့ရတာျဖစ္ပါတယ္။ ဥရုေဂြးတိုက္စစ္မွဴးဟာ (၃) ႏွစ္စာခ်ဳပ္ခ်ဳပ္ခ်င္ေနတာျဖစ္ျပီး တစ္ႏွစ္ကို ေပါင္ ၈.၈ သန္း ေပးရမယ္လို႔ သိရပါတယ္။

ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းကေန ထြက္ခြာရန္ ညိွႏိႈင္းေနျပီး အီတလီပတ္စပို႔မရွိတာျဖစ္ျပီး ကာဗာနီမွာေတာ့ အေစာၾကီးကတည္းက အီတလီ ပတ္စပို႔ ရွိေနတာျဖစ္ပါတယ္။ ကာဗာနီဟာ နာပိုလီနဲ႔ ဆက္ဆံေရးေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းက ကမ္းလွမ္းမွာကို ပယ္ခ်ဖြယ္ရွိေနပါတယ္။ ဥရုေဂြးတိုက္စစ္မွဴးဟာ ေနပယ္မွာ ၂၀၁၀ ကေန ၂၀၁၃ ခုႏွစ္အထိ ကစားခဲ့ျပီး (၁၃၈) ပြဲကစားကာ (၁၀၄) ဂိုးအထိ သြင္းယူေပးထားျပီး အသင္းကို သူ႔ရဲ႕ပထမဆံုးရာသီမွာပင္ ကိုပါအီတလီယာဖလားရေအာင္ စြမ္းေဆာင္ေပးထားသူ ျဖစ္ပါတယ္။