ဘာစီလိုနာအသင်းမှာ ပွဲထွက်ခွင့်ရရန် တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ ကော်တင်ဟို

ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ်က ပြန်လာပြီးနောက် အသင်းမှာ ပွဲထွက်ခွင့်ရရန် တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ပါတယ်။အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားသွားရောက်ကစားခဲ့ပြီး ဂျာမန်ကလပ်အသင်းကို ဖလား (၃) လုံးရအောင် ကူညီစွမ်းဆောင်ပေးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

သူဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ မိခင်ကလပ် ဘာစီလိုနာအသင်းကို (၈-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း (၂) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးခဲ့ပါသေးတယ်။ကော်တင်ဟိုကို နည်းပြဆက်တီယန်နေရာမှာ အစားထိုးခန့်အပ်ခြင်းခံလိုက်ရတဲ့ နည်းပြ ရော်နယ်ကိုးမန်းက အသင်းမှာ ဆက်လက်ထားရှိချင်နေတာဖြစ်ပါတယ်။

The Mirror သတင်းဌာနက အဆိုအရ နည်းပြသစ်ရော်နယ်ကိုးမန်းဟာ အသင်းကို ပုံစံအသစ်တစ်မျိုးနဲ့ စတင်ချင်နေပြီး ကော်တင်ဟိုကိုလည်း အသင်းရဲ့ အစီအစဉ်မှာ ထည့်သွားထားတယ်လို့ သိရပါတယ်။လီဗာပူးလ်ကွင်းလယ်ဖန်တီးရှင်ဟောင်း ကော်တင်ဟိုကို ပရီးမီးယားလိဂ်က အာဆင်နယ်၊ ယူနိုက်တက် နဲ့ မန်စီးတီးအသင်းတို့က ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင္းမွာ ပြဲထြက္ခြင့္ရရန္ တိုက္ပြဲ၀င္သြားမယ္လို႔ ဆံုးျဖတ္ထားတဲ့ ေကာ္တင္ဟို

ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ဟိုဟာ ဘိုင္ယန္ျမဴးနစ္က ျပန္လာျပီးေနာက္ အသင္းမွာ ပြဲထြက္ခြင့္ရရန္ တိုက္ပြဲ၀င္သြားမယ္လို႔ ဆံုးျဖတ္ပါတယ္။အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းထံ အငွားသြားေရာက္ကစားခဲ့ျပီး ဂ်ာမန္ကလပ္အသင္းကို ဖလား (၃) လံုးရေအာင္ ကူညီစြမ္းေဆာင္ေပးခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။

သူဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ မိခင္ကလပ္ ဘာစီလိုနာအသင္းကို (၈-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာလည္း (၂) ဂိုးသြင္း (၁) ဂိုးဖန္တီးေပးခဲ့ပါေသးတယ္။ေကာ္တင္ဟိုကို နည္းျပဆက္တီယန္ေနရာမွာ အစားထိုးခန္႔အပ္ျခင္းခံလိုက္ရတဲ့ နည္းျပ ေရာ္နယ္ကိုးမန္းက အသင္းမွာ ဆက္လက္ထားရွိခ်င္ေနတာျဖစ္ပါတယ္။

The Mirror သတင္းဌာနက အဆိုအရ နည္းျပသစ္ေရာ္နယ္ကိုးမန္းဟာ အသင္းကို ပံုစံအသစ္တစ္မ်ိဳးနဲ႔ စတင္ခ်င္ေနျပီး ေကာ္တင္ဟိုကိုလည္း အသင္းရဲ႕ အစီအစဥ္မွာ ထည့္သြားထားတယ္လို႔ သိရပါတယ္။လီဗာပူးလ္ကြင္းလယ္ဖန္တီးရွင္ေဟာင္း ေကာ္တင္ဟိုကို ပရီးမီးယားလိဂ္က အာဆင္နယ္၊ ယူႏိုက္တက္ နဲ႔ မန္စီးတီးအသင္းတို႔က ဆက္သြယ္မႈေတြ လုပ္ထားတာျဖစ္ပါတယ္။