ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားပြီဖြစ်တဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်

ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားလို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းရဲ့ နောက်ရာသီ အစီအစဉ်မှာ မပါဝင်ဘူးလို့ ပြောဆိုခံခဲ့ရသူဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ် ကျန်ရှိနေသေးပြီး ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ပွဲကစားခွင့် (၆၀) ရာခိုင်နှုန်း ကစားရပါက နောက်ထပ် (၁) နှစ်သက်တမ်းတိုးခွင့်ရှိပေမယ့် ဂျူဗင်တပ်စ်အသင်းက ဥရုဂွေးတိုက်စစ်မှူး ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ရန် မျှော်လင့်နေပါတယ်။ ဘီဘီစီ အားကစားသတင်းဌာနက အဆိုအရ ဆွာရက်ဇ်ဟာ စပိန်ကလပ်အသင်းကနေ ထွက်ခွာရန်အတွက် တစ်နှစ်စာလစာကို ပေးရမယ်ဆိုတဲ့ အချက် ကို ညှိနှိုင်းဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ လီဗာပူးလ်တိုက်စစ်မှူးဟောင်းအတွက် ပြောင်းရွှေ့ကြေး အနည်းငယ်ကိုသာ ပေးချေရန် လိုအပ်ပေမယ့် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရရန် ယုံကြည်ချက်ရှိနေတာ ဖြစ်ပါတယ်။ ဆွာရက်ဇ်ဂျူဗင်တပ်စ်ကို ရောက်ရှိသွားပါက ဘောလွန်းဒီအောဆု (၅) ကြိမ် ရရှိထားတဲ့ ရော်နယ်ဒို နဲ့ အတူတူတွဲကစားရမှာပါ။

ဘာစီလိုနာအသင်းမှာလည်း ဆွာရက်ဇ်ဟာ ဘောလွန်းဒီအောဆု (၆) ကြိမ် ရရှိခဲ့တဲ့ မက်ဆီ နဲ့ (၆) နှစ်တာကာလကို အတူတူ ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၂၈၃) ပွဲကစားထားပြီး (၁၉၈) ဂိုးသွင်းယူပေးထားပါတယ်။

ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေရႊ႕ရန္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရသြားျပီျဖစ္တဲ့ ဘာစီလိုနာ တိုက္စစ္မွဴး ဆြာရက္ဇ္

ဘာစီလိုနာ တိုက္စစ္မွဴး ဆြာရက္ဇ္ဟာ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေရႊ႕ရန္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိသြားလို႔ သတင္းထြက္ေပၚလာပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားဟာ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းရဲ႕ ေနာက္ရာသီ အစီအစဥ္မွာ မပါ၀င္ဘူးလို႔ ေျပာဆိုခံခဲ့ရသူျဖစ္ပါတယ္။

ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ က်န္ရွိေနေသးျပီး ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ ပြဲကစားခြင့္ (၆၀) ရာခိုင္ႏႈန္း ကစားရပါက ေနာက္ထပ္ (၁) ႏွစ္သက္တမ္းတိုးခြင့္ရွိေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းက ဥရုေဂြးတိုက္စစ္မွဴး ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ရန္ ေမွ်ာ္လင့္ေနပါတယ္။ ဘီဘီစီ အားကစားသတင္းဌာနက အဆိုအရ ဆြာရက္ဇ္ဟာ စပိန္ကလပ္အသင္းကေန ထြက္ခြာရန္အတြက္ တစ္ႏွစ္စာလစာကို ေပးရမယ္ဆိုတဲ့ အခ်က္ ကို ညိွႏိႈင္းေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ လီဗာပူးလ္တိုက္စစ္မွဴးေဟာင္းအတြက္ ေျပာင္းေရႊ႕ေၾကး အနည္းငယ္ကိုသာ ေပးေခ်ရန္ လိုအပ္ေပမယ့္ ဘာစီလိုနာအသင္းနဲ႔ သေဘာတူညီမႈ ရရန္ ယံုၾကည္ခ်က္ရွိေနတာ ျဖစ္ပါတယ္။ ဆြာရက္ဇ္ဂ်ဴဗင္တပ္စ္ကို ေရာက္ရွိသြားပါက ေဘာလြန္းဒီေအာဆု (၅) ၾကိမ္ ရရွိထားတဲ့ ေရာ္နယ္ဒို နဲ႔ အတူတူတြဲကစားရမွာပါ။ ဘာစီလိုနာအသင္းမွာလည္း ဆြာရက္ဇ္ဟာ ေဘာလြန္းဒီေအာဆု (၆) ၾကိမ္ ရရွိခဲ့တဲ့ မက္ဆီ နဲ႔ (၆) ႏွစ္တာကာလကို အတူတူ ျဖတ္သန္းခဲ့သူျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းအတြက္ ျပိဳင္ပြဲစံု (၂၈၃) ပြဲကစားထားျပီး (၁၉၈) ဂိုးသြင္းယူေပးထားပါတယ္။