ဗီဒယ်လ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အင်တာမီလန်ကို ပြောင်းရွှေ့ခွင့်ပေးတော့မယ် ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ နည်းပြသစ်ရော်နယ်ကိုးမန်းရဲ့လက်အောက်မှာ အသင်းကိုပြောင်းလဲမှုပြုလုပ်တော့မှာကြောင့် အသင်းရဲ့ကစားပုံနဲ့ အံဝင်မှုမရှိလောက်တဲ့ကစားသမားတွေကို အသင်းကနေထွက်ခွင့်ပေးထားပြီး ဒီအထဲမှာ ကွင်းလယ် လူ ဗီဒယ်လ်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့သတင်းတွေထွက်နေတဲ့ ဗီ ဒယ်လ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ပြုမယ်လို့လည်း Diario Sports က ဖော်ပြခဲ့ပါတယ်။


ဘာစီလိုနာအခြေစိုက် ကက်တလန်နေ့စဉ်ထုတ်သတင်းစာရဲ့ သောကြာနေ့ထုတ်မှာတော့ အင်တာမီလန်ကို ဗီဒယ်လ် ပြောင်းရွှေ့ဖို့ အတွက် ဘာစီလိုနာအနေနဲ့ သဘောတူလိုက်ပြီလို့ ရှေ့မျက်နှာဖုံးမှာ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ဗီဒယ်လ်အ နေနဲ့ အင်တာမီလန်ကို ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် တစ်နှစ်ကိုလုပ်ခလစာ ယူရို ၆သန်းရရှိမှာ ဖြစ်တယ်လို့လည်း တဆက် တည်း ဖော်ပြထားတာ ဖြစ်ပါတယ်။


ဗီဒယ်လ်အနေနဲ့ အစောပိုင်းတုန်းက အသင်းဟောင်း ဂျူဗင်တပ်ကိုပြန်လည်ပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်ပေါ်ခဲ့ ပေမယ့် ဂျူဗင်တပ်အသင်းနည်းပြဟောင်း ကွန်တီကိုင်တွယ်နေတဲ့ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့က ပိုပြီးနီးစပ်နေခဲ့တာ ဖြစ်ပါတယ်။ ဗီဒယ်လ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာနဲ့ အမှတ်ပေးချန်ပီယံမဖြစ်ခဲ့ပေမယ့် ဒီမတိုင်ခင်တုန်းက နောက်ဆုံး ၈ ရာသီဆက်အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဗီဒယ်လ် မထွက်ခင်မှာ ဘာစီလိုနာကနေ ထွက်သွားတဲ့သူကတော့ ကွင်းလယ်လူရာကီတစ်ဖြစ်ပြီး အသင်းဟောင်းဆီဗီလာ ကို တစ်ကျော့ပြန်ပြောင်းရွှေ့သွားတာပဲဖြစ်ပါတယ်။ဒါအပြင် အဓိက,ကစားသမားတွေထဲက မက်ဆီ၊ဆွာရက်ဇ်နဲ့ အဲလ်ဘာ တို့ကိုလည်း ဘာစီလိုနာကနေ ထွက်ဖို့ရှိနေတာဖြစ်ပြီး ဆွာရက်ဇ်ကတော့ ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်နေပြီ လို့ သိရပါတယ်။