ဘာစီလိုနာဂိုးသမား နက်တိုကို အငှားနဲ့ ခေါ်ယူချင်နေတဲ့ အေစီမီလန်အသင်း

အေစီမီလန်အသင်းဟာ ဘာစီလိုနာဂိုးသမား နက်တိုကို အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ Tuttosport က အဆိုအရ သိရပါတယ်။အေစီမီလန်အသင်းက ရီနာဟာ လာဇီယိုအသင်းကို ပြောင်းရွှေ့သွားလို့ အီတလီကလပ်အသင်းဟာ ဒွန်နာရူမာအတွက် အရန်ဂိုးသမားတစ်ယောက်လိုချင်နေတာဖြစ်ပါတယ်။

နက်တိုဟာ ဗလင်စီယာအသင်းကို မပြောင်းရွှေ့မီ အီတလီက ဖီအိုရင်တီးနား နဲ့ ဂျူဗင်တပ်စ်အသင်းတို့မှာ ကစားခဲ့ပြီး စီးရီးအေဖလား (၂) လုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမဖြစ်ခင်ကတည်းက တာစတီဂန်ရဲ့ နောက်မှသာ ပွဲထွက်ကစားနေရလို့ ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်နေသူဖြစ်ပါတယ်။

သို့သော်လည်း ဘာစီလိုနာအသင်းဟာ နက်တိုကို ထွက်ခွာခွင့်မပေးခင် အစားထိုးရမယ့် ဂိုးသမားကို အရင်ရှာဖွေရမှာပါ။ တာစီဂန်ကို (၂) လ လောက် လက်လွှတ်ရမှာဖြစ်လို့ နည်းပြသစ် ရော်နယ်ကိုးမန်းဟာ နက်တိုကို အသင်းက ထွက်ခွာခွင့်မပေးဘူးလို့လည်း သိရပါတယ်။

ဘာစီလိုနာဂိုးသမား နက္တိုကို အငွားနဲ႔ ေခၚယူခ်င္ေနတဲ့ ေအစီမီလန္အသင္း

ေအစီမီလန္အသင္းဟာ ဘာစီလိုနာဂိုးသမား နက္တိုကို အငွားနဲ႔ ေခၚယူခ်င္ေနတယ္လို႔ Tuttosport က အဆိုအရ သိရပါတယ္။ေအစီမီလန္အသင္းက ရီနာဟာ လာဇီယိုအသင္းကို ေျပာင္းေရႊ႕သြားလို႔ အီတလီကလပ္အသင္းဟာ ဒြန္နာရူမာအတြက္ အရန္ဂိုးသမားတစ္ေယာက္လိုခ်င္ေနတာျဖစ္ပါတယ္။

နက္တိုဟာ ဗလင္စီယာအသင္းကို မေျပာင္းေရႊ႕မီ အီတလီက ဖီအိုရင္တီးနား နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔မွာ ကစားခဲ့ျပီး စီးရီးေအဖလား (၂) လံုးကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ သူဟာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါမျဖစ္ခင္ကတည္းက တာစတီဂန္ရဲ႕ ေနာက္မွသာ ပြဲထြက္ကစားေနရလို႔ ဘာစီလိုနာအသင္းကေန ထြက္ခြာခ်င္ေနသူျဖစ္ပါတယ္။

သို႔ေသာ္လည္း ဘာစီလိုနာအသင္းဟာ နက္တိုကို ထြက္ခြာခြင့္မေပးခင္ အစားထိုးရမယ့္ ဂိုးသမားကို အရင္ရွာေဖြရမွာပါ။ တာစီဂန္ကို (၂) လ ေလာက္ လက္လႊတ္ရမွာျဖစ္လို႔ နည္းျပသစ္ ေရာ္နယ္ကိုးမန္းဟာ နက္တိုကို အသင္းက ထြက္ခြာခြင့္မေပးဘူးလို႔လည္း သိရပါတယ္။