ဟာဇက်ကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ အားစိုက်ကစားဖို့အတွက် သတိပေးလိုက်တဲ့ မိုဒရစ်

ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်က အသင်းဖော်ဖြစ်တဲ့ ဟာဇက်ကို လာမယ့်ရာသီမှာ ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ အားထုတ်ပြီး အသင်းအတွက် ကစားဖို့အတွက် သတိပေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးကနေပြောင်းလာတဲ့ ဟာဇက် အနေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့အတွက် ပရိသတ်တွေမျှော်မှန်းထားသလောက် ခြေစွမ်း မပြနိုင်ခဲ့တာ ဖြစ်ပါတယ်။


ရီးရဲလ်အတွက် ပြိုင်ပွဲစုံ ၂၂ ပွဲမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ဟာဇက်အနေနဲ့ ချဲလ်ဆီးအသင်းအတွက် နောက်ဆုံးကစားခဲ့ တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၅၁ ပွဲမှာ သွင်းဂိုး ၂၁ ဂိုးအထိသွင်းယူနိုင်ခဲ့သလိုမျိုး ခြေစွမ်းပြနိုင်ဖို့အတွက် မိုဒရစ်က တိုက် တွန်းခဲ့တာပဲ ဖြစ်ပါတယ်။ မိုဒရစ်က ဟာဇက်အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် လာမယ့်ရာသီမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့လည်း ယုံကြည်ကြောင်းပြောခဲ့ပါတယ်။


AFP ကနေတဆင့် မိုဒရစ်က “ ဟာဇက်က ကစားသမားကောင်းတစ်ယောက်ဆိုတာ လူတိုင်းသိပါတယ်။ဒဏ်ရာတွေ ကြောင့်သာ သူအနေနဲ့ အကောင်းဆုံးခြေစွမ်းမပြနိုင်တာပါ။ ဒါပေမယ့် ပရိသတ်တွေနဲ့ လူတွေကတော့ သူရဲ့စွမ်းဆောင် ရည်ကို အကောင်းဆုံးပဲ မြင်ချင်ကြပါတယ်။ လာမယ့်ရာသီမှာ သူအနေနဲ့ ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ အသင်းအတွက် အားစိုက်ကစားနိုင်မှာမှ အဆင်ပြေမှာပါ။ မဟုတ်ရင် သူအတွက် ခက်ခဲ့တဲ့ဘောလုံးရာသီတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။


အသင်းပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်နေခဲ့တဲ့ ဂါရတ်ဘေးလ်နဲ့ ပတ်သက်ပြီးတော့လည်း မိုဒရစ်က “ ဘေးလ်ကလည်း ကစားသမားကောင်းတစ်ယောက်ပါ။ သူရဲ့လက်ရှိအနေအထားက မလွယ်ဘူးဆိုပေမယ့် သူကို ကျွန်တော်အမြဲတမ်းအား ပေးဖြစ်ပါတယ်။ အကောင်းဆုံးပုံစံရအောင် ကြိုးစားနေမှ အရင်လိုမျိုးကစားခွင့်ရနိုင်မယ်” လို့ပြောခဲ့ပါတယ်။ ဂါရတ်ဘေးလ် ဟာ နည်းပြဇီဒန်းနဲ့ အဆင်မပြေတာကြောင့် ပွဲကစားခွင့်ပျောက်ဆုံး နေခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

ဟာဇက္ကို ၁၀၀ ရာခိုင္ႏႈန္း အျပည့္အဝ အားစိုက္ကစားဖို႔အတြက္ သတိေပးလိုက္တဲ့ မိုဒရစ္
ရီးရဲလ္ကြင္းလယ္လူ မိုဒရစ္က အသင္းေဖာ္ျဖစ္တဲ့ ဟာဇက္ကို လာမယ့္ရာသီမွာ ၁၀၀ ရာခိုင္ႏႈန္းအျပည့္အဝ အားထုတ္ၿပီး အသင္းအတြက္ ကစားဖို႔အတြက္ သတိေပးခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးကေနေျပာင္းလာတဲ့ ဟာဇက္ အေနနဲ႔ ဒဏ္ရာျပႆနာေတြေၾကာင့္ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရတဲ့အတြက္ ပရိသတ္ေတြေမွ်ာ္မွန္းထားသေလာက္ ေျခစြမ္း မျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ရီးရဲလ္အတြက္ ၿပိဳင္ပြဲစံု ၂၂ ပြဲမွာ တစ္ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ ဟာဇက္အေနနဲ႔ ခ်ဲလ္ဆီးအသင္းအတြက္ ေနာက္ဆံုးကစားခဲ့ တဲ့ ေဘာလံုးရာသီမွာ ၿပိဳင္ပြဲစံု ၅၁ ပြဲမွာ သြင္းဂိုး ၂၁ ဂိုးအထိသြင္းယူႏိုင္ခဲ့သလိုမ်ိဳး ေျခစြမ္းျပႏိုင္ဖို႔အတြက္ မိုဒရစ္က တိုက္ တြန္းခဲ့တာပဲ ျဖစ္ပါတယ္။ မိုဒရစ္က ဟာဇက္အေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာျပႆနာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရေပမယ့္ လာမယ့္ရာသီမွာ ေျခစြမ္းျပႏိုင္လိမ့္မယ္လို႔လည္း ယံုၾကည္ေၾကာင္းေျပာခဲ့ပါတယ္။
AFP ကေနတဆင့္ မိုဒရစ္က “ ဟာဇက္က ကစားသမားေကာင္းတစ္ေယာက္ဆိုတာ လူတိုင္းသိပါတယ္။ဒဏ္ရာေတြ ေၾကာင့္သာ သူအေနနဲ႔ အေကာင္းဆံုးေျခစြမ္းမျပႏိုင္တာပါ။ ဒါေပမယ့္ ပရိသတ္ေတြနဲ႔ လူေတြကေတာ့ သူရဲ႕စြမ္းေဆာင္ ရည္ကို အေကာင္းဆံုးပဲ ျမင္ခ်င္ၾကပါတယ္။ လာမယ့္ရာသီမွာ သူအေနနဲ႔ ၁၀၀ ရာခိုင္ႏႈန္းအျပည့္အဝ အသင္းအတြက္ အားစိုက္ကစားႏိုင္မွာမွ အဆင္ေျပမွာပါ။ မဟုတ္ရင္ သူအတြက္ ခက္ခဲ့တဲ့ေဘာလံုးရာသီတစ္ခု ျဖစ္လာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
အသင္းေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ေပၚေနခဲ့တဲ့ ဂါရတ္ေဘးလ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း မိုဒရစ္က “ ေဘးလ္ကလည္း ကစားသမားေကာင္းတစ္ေယာက္ပါ။ သူရဲ႕လက္ရွိအေနအထားက မလြယ္ဘူးဆိုေပမယ့္ သူကို ကြ်န္ေတာ္အၿမဲတမ္းအား ေပးျဖစ္ပါတယ္။ အေကာင္းဆံုးပံုစံရေအာင္ ႀကိဳးစားေနမွ အရင္လိုမ်ိဳးကစားခြင့္ရႏိုင္မယ္” လို႔ေျပာခဲ့ပါတယ္။ ဂါရတ္ေဘးလ္ ဟာ နည္းျပဇီဒန္းနဲ႔ အဆင္မေျပတာေၾကာင့္ ပြဲကစားခြင့္ေပ်ာက္ဆံုးေနခဲ့သူလည္း ျဖစ္ပါတယ္။