ဘာစီလိုနာအတွက်၊ ရီးရဲလ်အတွက်၊ စပိန်ဘောလုံးလောကအတွက် မက်ဆီကို စပိန်မြေမှာပဲ ဆက်ရှိနေစေချင်တယ်လို့ ပြောလိုက်တဲ့ ရာမို့စ်

ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က ပြိုင်ဘက်ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီရဲ့ အသင်းပြောင်းရွှေ့မယ့် သတင်းတွေကြောင့် ဘာစီလိုနာအတွက်၊ ရီးရဲလ်အတွက်နဲ့ စပိန်ဘောလုံးလောကအတွက် စပိန်မြေမှာပဲ မက်ဆီကိုဆက်ရှိ စေချင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဆက်လက်ပြီး ရာမို့စ်က မက်ဆီကို သူရဲ့ကစားသမားဘဝတစ်ခုလုံး မြုပ်နှံခဲ့တဲ့ ဘာစီလို နာအသင်းအပေါ် လေးစားမှုရှိသင့်ကြောင်းလည်း ပြောခဲ့ပါတယ်။


ဘာစီလိုနာနဲ့ မက်ဆီရဲ့ အပြောင်းအရွှေ့ဟာ နွေရာသီဈေးကွက်မှာ အလှုပ်ခတ်ဆုံးဖြစ်နေပြီး အဆုံးသတ်က ဘယ်လိုဖြစ် သွားမလဲဆိုတာကိုလည်း အားလုံးက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။မက်ဆီအနေနဲ့ ဘာစီလိုနာက ပြောင်းရွှေ့သွားခဲ့ မယ်ဆိုရင် လာမယ့်ရာသီမှာကစားမယ့် အယ်ကလက်ဆီကိုပွဲစဉ်မှာ နောက်ဆုံး ၁၀ နှစ်အတွင်း မက်ဆီ-စီရော်နယ်ဒိုတို့ မပါတဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။


ဂျာမနီနဲ့ ကစားမယ့် နေးရှင်းလိဂ်မတိုင်ခင် ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ရာမို့စ်က “ မက်ဆီအနေနဲ့ ဘာစီလိုနာမှာ လေးစားမှုတွေ အများကြီးရခဲ့တဲ့သူပါ။ လက်ရှိအချိန်မှာ သူအတွက်အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုတာကို ကျွန် တော် မသိပါဘူး။ဒါပေမယ့် စပိန်ဘောလုံးလောကအတွက်၊ ဘာစီလိုနာအတွက်နဲ့ ရီးရဲလ်အတွက်တော့ သူကို ဘာစီလိုနာ မှာပဲ ဆက်ရှိစေချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မက်ဆီရဲ့ဖခင်နဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ မက်ဆီရဲ့ အပြောင်းအရွှေ့အတွက် တစ်နာရီခွဲကြာအောင် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပေမယ့် ဆွေးနွေးမှုရလဒ် ကိုတော့ မသိရသေးတာဖြစ်ပါတယ်။ အာဂျင်တီးနားမီဒီယာတွေကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာမှာ ဆက်ရှိနေဖို့ အတွက် ၉၀ ရာခိုင်နှုန်းလောက် သေချာနေပြီလို့ ဖော်ပြနေကြပါတယ်။

zawgyi version

ဘာစီလိုနာအတြက္၊ ရီးရဲလ္အတြက္၊ စပိန္ေဘာလံုးေလာကအတြက္ မက္ဆီကို စပိန္ေျမမွာပဲ ဆက္ရွိေနေစခ်င္တယ္လို႔ ေျပာလိုက္တဲ့ ရာမို႔စ္
ရီးရဲလ္အသင္းေခါင္းေဆာင္ ရာမို႔စ္က ၿပိဳင္ဘက္ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီရဲ႕ အသင္းေျပာင္းေရႊ႕မယ့္ သတင္းေတြေၾကာင့္ ဘာစီလိုနာအတြက္၊ ရီးရဲလ္အတြက္နဲ႔ စပိန္ေဘာလံုးေလာကအတြက္ စပိန္ေျမမွာပဲ မက္ဆီကိုဆက္ရွိ ေစခ်င္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ ဆက္လက္ၿပီး ရာမို႔စ္က မက္ဆီကို သူရဲ႕ကစားသမားဘဝတစ္ခုလံုး ျမဳပ္ႏွံခဲ့တဲ့ ဘာစီလို နာအသင္းအေပၚ ေလးစားမႈရွိသင့္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။
ဘာစီလိုနာနဲ႔ မက္ဆီရဲ႕ အေျပာင္းအေရႊ႕ဟာ ေႏြရာသီေစ်းကြက္မွာ အလႈပ္ခတ္ဆံုးျဖစ္ေနၿပီး အဆံုးသတ္က ဘယ္လိုျဖစ္ သြားမလဲဆိုတာကိုလည္း အားလံုးက စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။မက္ဆီအေနနဲ႔ ဘာစီလိုနာက ေျပာင္းေရႊ႕သြားခဲ့ မယ္ဆိုရင္ လာမယ့္ရာသီမွာကစားမယ့္ အယ္ကလက္ဆီကိုပြဲစဥ္မွာ ေနာက္ဆံုး ၁၀ ႏွစ္အတြင္း မက္ဆီ-စီေရာ္နယ္ဒိုတို႔ မပါတဲ့ ပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
ဂ်ာမနီနဲ႔ ကစားမယ့္ ေနးရွင္းလိဂ္မတိုင္ခင္ ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ရာမို႔စ္က “ မက္ဆီအေနနဲ႔ ဘာစီလိုနာမွာ ေလးစားမႈေတြ အမ်ားႀကီးရခဲ့တဲ့သူပါ။ လက္ရွိအခ်ိန္မွာ သူအတြက္အေကာင္းဆံုးနည္းလမ္းက ဘာလဲဆိုတာကို ကြ်န္ ေတာ္ မသိပါဘူး။ဒါေပမယ့္ စပိန္ေဘာလံုးေလာကအတြက္၊ ဘာစီလိုနာအတြက္နဲ႔ ရီးရဲလ္အတြက္ေတာ့ သူကို ဘာစီလိုနာ မွာပဲ ဆက္ရွိေစခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က မက္ဆီရဲ႕ဖခင္နဲ႔ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဟာ မက္ဆီရဲ႕ အေျပာင္းအေရႊ႕အတြက္ တစ္နာရီခြဲၾကာေအာင္ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၾကတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရေပမယ့္ ေဆြးေႏြးမႈရလဒ္ ကိုေတာ့ မသိရေသးတာျဖစ္ပါတယ္။ အာဂ်င္တီးနားမီဒီယာေတြကေတာ့ မက္ဆီအေနနဲ႔ ဘာစီလိုနာမွာ ဆက္ရွိေနဖို႔ အတြက္ ၉၀ ရာခိုင္ႏႈန္းေလာက္ ေသခ်ာေနၿပီလို႔ ေဖာ္ျပေနၾကပါတယ္။