မက်ဆီအနေနဲ့ ဘာစီလိုနာမှာ ၉၀ ရာခိုင်နှုန်းလောက် ဆက်နေဖြစ်ဖို့ များတယ်လို့ သတင်းတွေက ဖော်ပြနေကြ

ဘာစီလိုနာကနေ ထွက်ဖို့တောင်းဆိုထားတဲ့ မက်ဆီရဲ့ အပြောင်းအရွှေ့ဟာ နွေရာသီမှာ အလှုပ်ခတ်ဆုံးလို့ ဆိုရမှာဖြစ်ပြီး မန်စီးတီးကို ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေ ရခဲ့ပြီလို့တောင် ဖော်ပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓ ဟူးနေ့မှာ မက်ဆီရဲ့ဖခင်လည်းဖြစ်ပြီး အေးဂျင့်လည်းဖြစ်သူက ဘာစီလိုနာအသင်းတာဝန်ရှိသူတွေနဲ့ တစ်နာရီခွဲကြာ ဆွေး နွေးအပြီးမှာတော့ မက်ဆီအနေနဲ့ ဘာစီလိုနာဆက်နေဖို့ ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ အာဂျင်တီးနားနိုင်ငံရဲ့ TyC Sports ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။


မက်ဆီရဲ့ဖခင်ဖြစ်တဲ့ စီနီယာမက်ဆီနဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာအချက်အလက် တွေကို အသေးစိတ်ဖော်ပြခြင်းမရှိပေမယ့် အာဂျင်တီးနားမီဒီယာအများစုကတော့ မက်ဆီရဲ့အပြောင်းအရွှေ့ဟာအပြောင်း အလဲဖြစ်သွားပြီး မက်ဆီအနေနဲ့ ဘာစီလိုနာမှာဆက်နေဖို့ ၉၀ ရာခိုင်နှုန်းသေချာနေပြီလို့ ဖော်ပြနေကြတာဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၂၁ ဇွန်လကျမှ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူလည်း ဖြစ်ပါတယ်။


အာဂျင်တီးနားကနေ စပိန်နိုင်ငံကိုရောက်ရှိလာတဲ့ မက်ဆီရဲ့ဖခင်ကို မီဒီယာသမားတွေက မေးမြန်းမှုပြုလုပ်ခဲ့တုန်းက မက်ဆီအနေနဲ့ ဘာစီလိုနာဆက်နေဖို့ ခက်ခဲသွားပြီလို့ ပြောခဲ့ပေမယ့် ဘယ်အသင်းကိုပြောင်းမလဲဆိုတဲ့မေးခွန်းကိုတော့ သူမသိဘူးလို့ ဖြေသွားခဲ့တယ်လို့ သိရပါတယ်။ မက်ဆီအနေနဲ့ စာချုပ်ပါလျော်ကြေး ပေါင်သန်း ၆၃၀ မပေးစေလိုဘဲ မန်စီး တီးကို ပြောင်းရွှေ့ဖို့ တောင်းဆိုထားတယ်လို့လည်း သတင်းတွေက ဖော်ပြထားကြပါတယ်။


ဘာစီလိုနာရဲ့ လာမယ့်ရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကြော်ငြာရာမှာတော့ မက်ဆီရဲ့ပုံရိပ်ပါဝင်လာတာကြောင့်အသင်း မှာ မက်ဆီဆက်ရှိမယ်ဆိုပြီး ဖော်ပြနေပေမယ့် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို မက် ဆီအနေနဲ့ လာရောက်ခဲ့ခြင်းမရှိသလို ဒီနေ့(ကြာသပတေးနေ့)မှာ ပြုလုပ်မယ့် ဒုတိယအကြိမ်လေ့ကျင့်ရေးအစီအစဉ်တွေ အတွက်လည်း မက်ဆီက အသင်းနဲ့ပူးပေါင်းဦးမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။

zawgyi version

မက္ဆီအေနနဲ႔ ဘာစီလိုနာမွာ ၉၀ ရာခိုင္ႏႈန္းေလာက္ ဆက္ေနျဖစ္ဖို႔ မ်ားတယ္လို႔ သတင္းေတြက ေဖာ္ျပေနၾက
ဘာစီလိုနာကေန ထြက္ဖို႔ေတာင္းဆိုထားတဲ့ မက္ဆီရဲ႕ အေျပာင္းအေရႊ႕ဟာ ေႏြရာသီမွာ အလႈပ္ခတ္ဆံုးလို႔ ဆိုရမွာျဖစ္ၿပီး မန္စီးတီးကို ေျပာင္းေရႊ႕ဖို႔အတြက္ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈေတြ ရခဲ့ၿပီလို႔ေတာင္ ေဖာ္ျပခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶ ဟူးေန႔မွာ မက္ဆီရဲ႕ဖခင္လည္းျဖစ္ၿပီး ေအးဂ်င့္လည္းျဖစ္သူက ဘာစီလိုနာအသင္းတာဝန္ရွိသူေတြနဲ႔ တစ္နာရီခြဲၾကာ ေဆြး ေႏြးအၿပီးမွာေတာ့ မက္ဆီအေနနဲ႔ ဘာစီလိုနာဆက္ေနဖို႔ ၉၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္လို႔ အာဂ်င္တီးနားႏိုင္ငံရဲ႕ TyC Sports ကေန သတင္းထုတ္ျပန္ခဲ့ပါတယ္။
မက္ဆီရဲ႕ဖခင္ျဖစ္တဲ့ စီနီယာမက္ဆီနဲ႔ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြ ေဆြးေႏြးခဲ့တဲ့ အေၾကာင္းအရာအခ်က္အလက္ ေတြကို အေသးစိတ္ေဖာ္ျပျခင္းမရွိေပမယ့္ အာဂ်င္တီးနားမီဒီယာအမ်ားစုကေတာ့ မက္ဆီရဲ႕အေျပာင္းအေရႊ႕ဟာအေျပာင္း အလဲျဖစ္သြားၿပီး မက္ဆီအေနနဲ႔ ဘာစီလိုနာမွာဆက္ေနဖို႔ ၉၀ ရာခိုင္ႏႈန္းေသခ်ာေနၿပီလို႔ ေဖာ္ျပေနၾကတာျဖစ္ပါတယ္။ မက္ဆီဟာ ၂၀၂၁ ဇြန္လက်မွ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္သူလည္း ျဖစ္ပါတယ္။
အာဂ်င္တီးနားကေန စပိန္ႏိုင္ငံကိုေရာက္ရွိလာတဲ့ မက္ဆီရဲ႕ဖခင္ကို မီဒီယာသမားေတြက ေမးျမန္းမႈျပဳလုပ္ခဲ့တုန္းက မက္ဆီအေနနဲ႔ ဘာစီလိုနာဆက္ေနဖို႔ ခက္ခဲသြားၿပီလို႔ ေျပာခဲ့ေပမယ့္ ဘယ္အသင္းကိုေျပာင္းမလဲဆိုတဲ့ေမးခြန္းကိုေတာ့ သူမသိဘူးလို႔ ေျဖသြားခဲ့တယ္လို႔ သိရပါတယ္။ မက္ဆီအေနနဲ႔ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္သန္း ၆၃၀ မေပးေစလိုဘဲ မန္စီး တီးကို ေျပာင္းေရႊ႕ဖို႔ ေတာင္းဆိုထားတယ္လို႔လည္း သတင္းေတြက ေဖာ္ျပထားၾကပါတယ္။
ဘာစီလိုနာရဲ႕ လာမယ့္ရာသီအတြက္ အိမ္ကြင္းဝတ္စံုသစ္ေၾကာ္ျငာရာမွာေတာ့ မက္ဆီရဲ႕ပံုရိပ္ပါဝင္လာတာေၾကာင့္အသင္း မွာ မက္ဆီဆက္ရွိမယ္ဆိုၿပီး ေဖာ္ျပေနေပမယ့္ တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြကို မက္ ဆီအေနနဲ႔ လာေရာက္ခဲ့ျခင္းမရွိသလို ဒီေန႔(ၾကာသပေတးေန႔)မွာ ျပဳလုပ္မယ့္ ဒုတိယအႀကိမ္ေလ့က်င့္ေရးအစီအစဥ္ေတြ အတြက္လည္း မက္ဆီက အသင္းနဲ႔ပူးေပါင္းဦးမွာ မဟုတ္ေသးဘူးလို႔ သိရပါတယ္။