ရီးရဲလ်နည်းပြ အဖြစ်ကနေ အနားယူခဲ့ရင် ကွင်းလယ်လူတိုနီခရူးစ်ကို နည်းပြအဖြစ် လွှဲပေးမယ်လို့ ပြောခဲ့တဲ့ ဇီဒန်း

ရီးရဲလ်နည်းပြ ဇီဒန်းက သူအနေနဲ့ အသင်းနည်းပြနေရာက အနားယူခဲ့မယ်ဆိုရင် နည်းပြသစ်အဖြစ် ကွင်းလယ်လူ တိုနီ ခရူးစ် ကို လွှဲခဲ့မယ်ဆိုပြီး ပြောခဲ့တယ်လို့ သိရပါတယ်။ ဇီဒန်းက ဂျာမနီကွင်းလယ်လူ တိုနီခရူးစ်ဟာ သူကိုင်တွယ်ခဲ့တဲ့ နည်းပြသက်တမ်းမှာ အကောင်းဆုံးကစားသမား တစ်ယောက်ဖြစ်ပြီး အသင်းကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ သိတဲ့ သူ ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။


၂၀၁၄ ခုနှစ်က ဘိုင်ယန်မြူးနစ်ကနေ ရီးရဲလ်ကို ရောက်ရှိလာတဲ့ တိုနီခရူးစ်က အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၃ကြိမ် နဲ့ လာလီဂါချန်ပီယံဆုကို ၂ ကြိမ်ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဇီဒန်းအနေနဲ့ ရီးရဲလ်ကို နှစ်ကြိမ်ကိုင်တွယ်ခဲ့ရာမှာ နှစ်ကြိမ်စလုံးမှာ တိုနီခရူးစ်အနေနဲ့ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရဲ့ကွင်းလယ်မှာ အဓိက,ကစားသမားတစ်ဦးအဖြစ် ပါဝင် ကစားခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။


Real France ကနေတဆင့် ဇီဒန်းက “ သူကစားရတဲ့နေရာအတွက်တော့ တိုနီခရူးစ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား လို့တောင် ဆိုရမှာပါ။ သူလိုကစားသမားမျိုးကို နည်းပြခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ နည်းပြဘဝကနေ အနား ယူသွားခဲ့ရင် စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်၊ မိုဒရစ်၊ ရာမို့စ်နဲ့ တိုနီခရူးစ် တို့လိုကစားသမားတွေကို နည်းပြဖူးတယ်ဆိုပြီး ပြော နိုင်မှာပါ။ တိုနီခရူးစ်က ပုံမှန်ထက်ပိုပြီး ကြိုးစားတဲ့သူတစ်ယောက်ပါ” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဇီဒန်းက တိုနီခရူးစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့လည်း “ စွမ်းဆောင်နိုင်မှု အမြင့်ဆုံးကို ၁၀ လို့ သတ်မှတ်မယ်ဆိုရင် တိုနီခရူးစ်က အမြဲတမ်း ၆ ရဲ့အထက်မှာ ရောက်နေတဲ့သူပါ။သူရဲ့ ဘောလုံးကစားဟန်၊ အပြင်းကန် ချက်တွေနဲ့ ဂိုးဖန်တီးမှုတွေက အံသြဖွယ်ကောင်းလောက်ပါတယ်။ သူအမြဲပြောတာတစ်ခုက သူရဲ့ကြိုးစားမှုကို ဘယ်တော့ မှ ရပ်မှာမဟုတ်ဘူး ဆိုတာပါပဲ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ရီးရဲလ္နည္းျပ အျဖစ္ကေန အနားယူခဲ့ရင္ ကြင္းလယ္လူတိုနီခ႐ူးစ္ကို နည္းျပအျဖစ္ လႊဲေပးမယ္လို႔ ေျပာခဲ့တဲ့ ဇီဒန္း
ရီးရဲလ္နည္းျပ ဇီဒန္းက သူအေနနဲ႔ အသင္းနည္းျပေနရာက အနားယူခဲ့မယ္ဆိုရင္ နည္းျပသစ္အျဖစ္ ကြင္းလယ္လူ တိုနီ ခ႐ူးစ္ ကို လႊဲခဲ့မယ္ဆိုၿပီး ေျပာခဲ့တယ္လို႔ သိရပါတယ္။ ဇီဒန္းက ဂ်ာမနီကြင္းလယ္လူ တိုနီခ႐ူးစ္ဟာ သူကိုင္တြယ္ခဲ့တဲ့ နည္းျပသက္တမ္းမွာ အေကာင္းဆံုးကစားသမား တစ္ေယာက္ျဖစ္ၿပီး အသင္းကို ဘယ္လိုထိန္းေက်ာင္းရမလဲဆိုတာ သိတဲ့ သူ ျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
၂၀၁၄ ခုႏွစ္က ဘိုင္ယန္ျမဴးနစ္ကေန ရီးရဲလ္ကို ေရာက္ရွိလာတဲ့ တိုနီခ႐ူးစ္က အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၃ႀကိမ္ နဲ႔ လာလီဂါခ်န္ပီယံဆုကို ၂ ႀကိမ္ရယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဇီဒန္းအေနနဲ႔ ရီးရဲလ္ကို ႏွစ္ႀကိမ္ကိုင္တြယ္ခဲ့ရာမွာ ႏွစ္ႀကိမ္စလံုးမွာ တိုနီခ႐ူးစ္အေနနဲ႔ ေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းရဲ႕ကြင္းလယ္မွာ အဓိက,ကစားသမားတစ္ဦးအျဖစ္ ပါဝင္ ကစားခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။
Real France ကေနတဆင့္ ဇီဒန္းက “ သူကစားရတဲ့ေနရာအတြက္ေတာ့ တိုနီခ႐ူးစ္ဟာ ကမ႓ာ့အေကာင္းဆံုးကစားသမား လို႔ေတာင္ ဆိုရမွာပါ။ သူလိုကစားသမားမ်ိဳးကို နည္းျပခြင့္ရတဲ့အတြက္လည္း ေပ်ာ္ရႊင္မိပါတယ္။ နည္းျပဘဝကေန အနား ယူသြားခဲ့ရင္ စီေရာ္နယ္ဒို၊ ဂါရတ္ေဘးလ္၊ မိုဒရစ္၊ ရာမို႔စ္နဲ႔ တိုနီခ႐ူးစ္ တို႔လိုကစားသမားေတြကို နည္းျပဖူးတယ္ဆိုၿပီး ေျပာ ႏိုင္မွာပါ။ တိုနီခ႐ူးစ္က ပံုမွန္ထက္ပိုၿပီး ႀကိဳးစားတဲ့သူတစ္ေယာက္ပါ” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဇီဒန္းက တိုုနီခ႐ူးစ္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီးေတာ့လည္း “ စြမ္းေဆာင္ႏိုင္မႈ အျမင့္ဆံုးကို ၁၀ လို႔ သတ္မွတ္မယ္ဆိုရင္ တိုနီခ႐ူးစ္က အၿမဲတမ္း ၆ ရဲ႕အထက္မွာ ေရာက္ေနတဲ့သူပါ။သူရဲ႕ ေဘာလံုးကစားဟန္၊ အျပင္းကန္ ခ်က္ေတြနဲ႔ ဂိုးဖန္တီးမႈေတြက အံၾသဖြယ္ေကာင္းေလာက္ပါတယ္။ သူအၿမဲေျပာတာတစ္ခုက သူရဲ႕ႀကိဳးစားမႈကို ဘယ္ေတာ့ မွ ရပ္မွာမဟုတ္ဘူး ဆိုတာပါပဲ” လို႔ ေျပာခဲ့ပါတယ္။