အသင်းကနေ မက်ဆီ ထွက်သွားခဲ့ရင် ကျောနံပါတ် ၁၀ ကို ဝတ်လို့ရမလားဆိုပြီး မေးခဲ့တဲ့ ဘရေဝေ့ချ်
လီဂါနက်စ်အသင်းကနေ ဘာစီလိုနာကို ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းက အရေးပေါ်အခြေအနေကြောင့် ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဘရေဝေ့ချ်က အသင်းကထွက်ဖို့တောင်းဆိုထားတဲ့ မက်ဆီ မရှိတော့ဘူးဆိုရင် ကျောနံပါတ် ၁၀ ဂျာစီကို ဝတ် ဆင်ကစားလို့ရမလားဆိုပြီး အသင်းတာဝန်ရှိသူတွေကို မေးခဲ့တယ်လို့ သိရပါတယ်။ စပိန်သတင်းဌာနတွေကတော့ ဘရေ ဝေ့ချ်ရဲ့လုပ်ရပ်ဟာ လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်လို့ ဖော်ပြနေကြပါတယ်။
ဒိန်းမတ်လက်ရွေးစင်ကစားသမားဖြစ်တဲ့ ဘရေဝေ့ချ်က ဒိန်းမတ်သတင်းစာတစ်စောင်ဖြစ်တဲ့ BT ကနေတဆင့် “ လူတွေ က ဘယ်လိုစဉ်းစားနေကြတယ်ဆိုတာ နားမလည်နိုင်ပါဘူး။ မက်ဆီရဲ့ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားချင်တယ်ဆိုတာ နဲ့ ပတ်သက်ပြီး လေးစားမှုမရှိတဲ့လုပ်ရပ်လို့ ပြောနေကြပါတယ်။ မက်ဆီရဲ့အကြောင်းတွေကို အများကြီးရေးသားဖော်ပြနေ ပေမယ့် လက်ရှိမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ကျွန်တော် မသိပါဘူး” လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ဘရေဝေ့ချ်က “ ကျွန်တော်ပြောနိုင်တာတစ်ခုက မက်ဆီက နာမည်ကျော်ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်ရဲ့အသင်းဖော်ပါ။ ဘောလုံးသမားတစ်ယောက်အနေနဲ့ သူလိုမျိုး ဘယ်သူမှမလုပ်ပြနိုင်ပါဘူး။သူကို ဆုံးရှုံးရမှာ အသင်းအတွက် အများကြီးထိခိုက်မှုရှိတယ်ဆိုတော ပြောစရာမလိုအောင်ပါပဲ။ ဒါပေမယ့် မက်ဆီအနေနဲ့ အသင်းပြောင်း သွားမယ်ဆိုရင် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားလို့ရမလားဆိုပြီးပဲ မေးခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
ဘရေဝေ့ချ်ကို ဘာစီလိုနာအနေနဲ့ စာချုပ်ပါလျော်ကြေး ယူရို ၁၈ သန်းပေးပြီး လေးနှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့တာကြောင့် ၂၀၂၄ ခုနှစ်အထိ ရှိနေမှာဖြစ်ပါတယ်။ ဘရေဝေ့ချ်ရဲ့ ဘာစီလိုနာအတွက် ပထမဆုံးဂိုးကိုတော့ မာယော့ကာကို ၄ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီက ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဘရေဝေ့ချ်ဟာ ဘာစီလိုနာအတွက် ပြီးခဲ့တဲ့ရာသီဝက်က ၁၁ ပွဲ ကစားခွင့်ရခဲ့ပေမယ့် တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
zawgyi version
အသင်းကနေ မက်ဆီ ထွက်သွားခဲ့ရင် ကျောနံပါတ် ၁၀ ကို ဝတ်လို့ရမလားဆိုပြီး မေးခဲ့တဲ့ ဘရေဝေ့ခ်ျ
လီဂါနက်စ်အသင်းကနေ ဘာစီလိုနာကို ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းက အရေးပေါ်အခြေအနေကြောင့် ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဘရေဝေ့ခ်ျက အသင်းကထွက်ဖို့တောင်းဆိုထားတဲ့ မက်ဆီ မရှိတော့ဘူးဆိုရင် ကျောနံပါတ် ၁၀ ဂျာစီကို ဝတ် ဆင်ကစားလို့ရမလားဆိုပြီး အသင်းတာဝန်ရှိသူတွေကို မေးခဲ့တယ်လို့ သိရပါတယ်။ စပိန်သတင်းဌာနတွေကတော့ ဘရေ ဝေ့ခ်ျရဲ့လုပ်ရပ်ဟာ လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်လို့ ဖော်ပြနေကြပါတယ်။
ဘရေဝေ့ခ်ျကို ဘာစီလိုနာအနေနဲ့ စာချုပ်ပါလျော်ကြေး ယူရို ၁၈ သန်းပေးပြီး လေးနှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့တာကြောင့် ၂၀၂၄ ခုနှစ်အထိ ရှိနေမှာဖြစ်ပါတယ်။ ဘရေဝေ့ခ်ျရဲ့ ဘာစီလိုနာအတွက် ပထမဆုံးဂိုးကိုတော့ မာယော့ကာကို ၄ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီက ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဘရေဝေ့ခ်ျဟာ ဘာစီလိုနာအတွက် ပြီးခဲ့တဲ့ရာသီဝက်က ၁၁ ပွဲ ကစားခွင့်ရခဲ့ပေမယ့် တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။