နောက်ရာသီလည်း ပီအက်စ်ဂျီမှာပဲ ဆက်နေပြီး ချန်ပီယံလိဂ်ဖလားကို ရယူချင်တယ်လို့ ဝန်ခံလိုက်တဲ့ နေမာ

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက နောက်ရာသီမှာ အသင်းမှာပဲ ဆက်နေသွားမယ်လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဟာ ယခုလအစောပိုင်းမှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့ရပြီး ငိုကြေးခဲ့ရသူဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမဖြစ်ခင်ကတည်းက အသင်းဟောင်း ဘာစီလိုနာက ပြန်ခေါ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

သို့သော်လည်း နေမာက ပီအက်စ်ဂျီအသင်းက ထွက်ခွာမှာမဟုတ်ပဲ နောက်ထပ် တစ်ကြိမ် ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်မှာ ကြိုးစားပြီး အသင်းရဲ့ ဂန္တဝင်ဖြစ်အောင် လုပ်မယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။“ကျွန်တော် ပီအက်စ်ဂျီအသင်းမှာ နောက်နှစ်လည်း ဆက်နေသွားမှာပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ပြီး ဒီတစ်ကြိမ်တော့ ဖလားရအောင် လုပ်မှာပါ။ အသင်းရဲ့ သမိုင်းမှာ ကျွန်တော့်နာမည်ကို ချန်ထားခဲ့ချင်ပါတယ်” နေမာက ပြောသွားခဲ့ပါတယ်။

ပြင်သစ်က သတင်းများအရ ဘရာဇီးကစားသမားဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်နေတဲံ အသင်းဖော်ဟောင်း မက်ဆီကို ပီအက်စ်ဂျီအသင်းဆီကို ခေါ်ယူရန် ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့အပတ်တွေကတည်းက ကာတလန်ဘီလူးအသင်းကနေ ထွက်ခွာရန် တောင်းဆိုထားပြီး သူ့ကို ခေါ်ယူရန် မန်စီးတီးနဲ့ ပြင်သစ်လီဂူး ၁ အသင်းတို့ကပဲ ရေပန်းစားနေပါတယ်။

ေနာက္ရာသီလည္း ပီအက္စ္ဂ်ီမွာပဲ ဆက္ေနျပီး ခ်န္ပီယံလိဂ္ဖလားကို ရယူခ်င္တယ္လို႔ ၀န္ခံလိုက္တဲ့ ေနမာ

ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာက ေနာက္ရာသီမွာ အသင္းမွာပဲ ဆက္ေနသြားမယ္လို႔ အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။ ဘရာဇီးတိုက္စစ္မွဴး ဟာ ယခုလအေစာပိုင္းမွာ ကစားခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ရႈံးနိမ့္ခဲ့ရျပီး ငိုေၾကးခဲ့ရသူျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားကို ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါမျဖစ္ခင္ကတည္းက အသင္းေဟာင္း ဘာစီလိုနာက ျပန္ေခၚမယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။

သို႔ေသာ္လည္း ေနမာက ပီအက္စ္ဂ်ီအသင္းက ထြက္ခြာမွာမဟုတ္ပဲ ေနာက္ထပ္ တစ္ၾကိမ္ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္မွာ ၾကိဳးစားျပီး အသင္းရဲ႕ ဂႏၱ၀င္ျဖစ္ေအာင္ လုပ္မယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။“ကၽြန္ေတာ္ ပီအက္စ္ဂ်ီအသင္းမွာ ေနာက္ႏွစ္လည္း ဆက္ေနသြားမွာပါ။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ျပီး ဒီတစ္ၾကိမ္ေတာ့ ဖလားရေအာင္ လုပ္မွာပါ။ အသင္းရဲ႕ သမိုင္းမွာ ကၽြန္ေတာ့္နာမည္ကို ခ်န္ထားခဲ့ခ်င္ပါတယ္” ေနမာက ေျပာသြားခဲ့ပါတယ္။

ျပင္သစ္က သတင္းမ်ားအရ ဘရာဇီးကစားသမားဟာ ဘာစီလုိနာအသင္းကေန ထြက္ခြာခ်င္ေနတဲံ အသင္းေဖာ္ေဟာင္း မက္ဆီကို ပီအက္စ္ဂ်ီအသင္းဆီကို ေခၚယူရန္ ၾကိဳးစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ မက္ဆီဟာ ျပီးခဲ့တဲ့အပတ္ေတြကတည္းက ကာတလန္ဘီလူးအသင္းကေန ထြက္ခြာရန္ ေတာင္းဆိုထားျပီး သူ႔ကို ေခၚယူရန္ မန္စီးတီးနဲ႔ ျပင္သစ္လီဂူး ၁ အသင္းတို႔ကပဲ ေရပန္းစားေနပါတယ္။