ဘာစီလိုနာက ထွက်တော့မယ့် ဆွာရက်ဇ်ကို ဂျူဗင်တပ်အမှုဆောင်ချုပ် နက်ဗက်က ဆက်သွယ်ခဲ့ပြီး ခေါ်ယူဖို့ စီစဉ်နေ

နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ထွက်တော့မယ့် ဆွာရက်ဇ်ကိုခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေ အများအပြားရှိနေပေမယ့် ဂျူဗင်တပ်အသင်းက လက်ဦးမှုရယူကာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ် အမှုဆောင်ချုပ် နက်ဗက်အနေနဲ့ ဆွာရက်ဇ်ကို ဆက်သွယ်ခဲ့တာကြောင့် ဂျူဗင်တပ်ကို ဆွာရက်ဇ်ပြောင်းရွှေ့ဖို့ ရှိနေတယ် ဆိုပြီးလည်း သတင်းတွေက ဖော်ပြနေကြပါတယ်။


ဂျူဗင်တပ်အနေနဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဟီဂူအင်ကို အသင်းကနေ ထွက်ခွင့်ပေးတာထားကြောင့် တိုက်စစ်မှူးခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး အစောပိုင်းတုန်းက ရိုးမားတိုက်စစ်မှူး ဒီဇီကို ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဆွာရက်ဇ်ရဲ့သတင်းတွေ ကြောင့် ဘာစီလိုနာကထွက်ဖို့ သေချာနေတဲ့ဆွာရက်ဇ်ကို ဦးစားပေးခေါ်ယူဖို့ အတွက်လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက သူရဲ့အစီအစဉ်တွေမှာ ဆွာရက်ဇ်မပါဘူးလို့ ပြောခဲ့တာကြောင့် ဆွာရက်ဇ် အနေနဲ့ အသင်းသစ်ရှာဖွေရဖို့ ရှိနေတာဖြစ်ပါတယ်။


စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Mundo Deportivo ကတော့ အပြောင်းအရွှေ့အနေနဲ့ ဖြစ်နိုင်ခြေအများဆုံးရှိနေပြီး ဂျူ ဗင်တပ်အသင်းတိုက်စစ်မှာ စီရော်နယ်ဒိုနဲ့ ဆွာရက်ဇ်ကို တွဲပြီး မြင်ရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား နှစ် ယောက်ဟာ စပိန်မြေမှာတုန်းက ပြိုင်ဘက်ကောင်းတွေ ဖြစ်ခဲ့ပေမယ့် အီတလီမြေမှာတော့ အတူတွဲဖက်ပြီး ခြေစွမ်းပြနိုင် မယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။


ဆွာရက်ဇ်ကိုယ်တိုင်ကလည်း ဂျူဗင်တပ်ကို ပြောင်းရွှေ့ခွင့်ရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေတယ်လို့ ဖော်ပြမှုတွေရှိ နေတာကြောင့် ဂျူဗင်တပ်အသင်းအတွက် အကျိုးရှိစေမယ့် ပြောင်းရွှေ့မှုလို့လည်း ဖော်ပြနေကြပါတယ်။ ဂျူဗင်တပ်ဟာ အစောပိုင်းတုန်းက ဘာစီလိုနာကနေထွက်ဖို့ တောင်းဆိုထားတဲ့ မက်ဆီကို ခေါ်ယူပြီး စီရော်နယ်ဒိုနဲ့ တွဲကစားစေဖို့ ဆန္ဒရှိ ခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

ဘာစီလိုနာက ထြက္ေတာ့မယ့္ ဆြာရက္ဇ္ကို ဂ်ဴဗင္တပ္အမႈေဆာင္ခ်ဳပ္ နက္ဗက္က ဆက္သြယ္ခဲ့ၿပီး ေခၚယူဖို႔ စီစဥ္ေန
ေႏြရာသီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာကေန ထြက္ေတာ့မယ့္ ဆြာရက္ဇ္ကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းေတြ အမ်ားအျပားရွိေနေပမယ့္ ဂ်ဴဗင္တပ္အသင္းက လက္ဦးမႈရယူကာ ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဂ်ဴဗင္တပ္ အမႈေဆာင္ခ်ဳပ္ နက္ဗက္အေနနဲ႔ ဆြာရက္ဇ္ကို ဆက္သြယ္ခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္ကို ဆြာရက္ဇ္ေျပာင္းေရႊ႕ဖို႔ ရွိေနတယ္ ဆိုၿပီးလည္း သတင္းေတြက ေဖာ္ျပေနၾကပါတယ္။
ဂ်ဴဗင္တပ္အေနနဲ႔ တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဟီဂူအင္ကို အသင္းကေန ထြက္ခြင့္ေပးတာထားေၾကာင့္ တိုက္စစ္မွဴးေခၚယူဖို႔ စီစဥ္ေနတာျဖစ္ၿပီး အေစာပိုင္းတုန္းက ႐ိုးမားတိုက္စစ္မွဴး ဒီဇီကို ကိုေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ဆြာရက္ဇ္ရဲ႕သတင္းေတြ ေၾကာင့္ ဘာစီလိုနာကထြက္ဖို႔ ေသခ်ာေနတဲ့ဆြာရက္ဇ္ကို ဦးစားေပးေခၚယူဖို႔ အတြက္လုပ္ေဆာင္လာတာပဲ ျဖစ္ပါတယ္။ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းက သူရဲ႕အစီအစဥ္ေတြမွာ ဆြာရက္ဇ္မပါဘူးလို႔ ေျပာခဲ့တာေၾကာင့္ ဆြာရက္ဇ္ အေနနဲ႔ အသင္းသစ္ရွာေဖြရဖို႔ ရွိေနတာျဖစ္ပါတယ္။
စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Mundo Deportivo ကေတာ့ အေျပာင္းအေရႊ႕အေနနဲ႔ ျဖစ္ႏိုင္ေျခအမ်ားဆံုးရွိေနၿပီး ဂ်ဴ ဗင္တပ္အသင္းတိုက္စစ္မွာ စီေရာ္နယ္ဒိုနဲ႔ ဆြာရက္ဇ္ကို တြဲၿပီး ျမင္ရႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒီကစားသမား ႏွစ္ ေယာက္ဟာ စပိန္ေျမမွာတုန္းက ၿပိဳင္ဘက္ေကာင္းေတြ ျဖစ္ခဲ့ေပမယ့္ အီတလီေျမမွာေတာ့ အတူတြဲဖက္ၿပီး ေျခစြမ္းျပႏိုင္ မယ္လို႔လည္း ေဖာ္ျပခဲ့ၾကပါတယ္။
ဆြာရက္ဇ္ကိုယ္တိုင္ကလည္း ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ခြင့္ရမယ့္ကိစၥနဲ႔ ပတ္သက္ၿပီး ေပ်ာ္ရႊင္ေနတယ္လို႔ ေဖာ္ျပမႈေတြရွိ ေနတာေၾကာင့္ ဂ်ဴဗင္တပ္အသင္းအတြက္ အက်ိဳးရွိေစမယ့္ ေျပာင္းေရႊ႕မႈလို႔လည္း ေဖာ္ျပေနၾကပါတယ္။ ဂ်ဴဗင္တပ္ဟာ အေစာပိုင္းတုန္းက ဘာစီလိုနာကေနထြက္ဖို႔ ေတာင္းဆိုထားတဲ့ မက္ဆီကို ေခၚယူၿပီး စီေရာ္နယ္ဒိုနဲ႔ တြဲကစားေစဖို႔ ဆႏၵရွိ ခဲ့တယ္လို႔လည္း သိရပါတယ္။