မက်ဆီ ထံ အာဂျင်းတီးနားသမ္မတက စာပို့ခဲ့ပြီး အသင်းဟောင်းမှာ ကစားသမားဘဝ အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့

ဘာစီလိုနာအသင်းကနေထွက်ဖို့ သတင်းတွေထွက်နေပြီး ဥရောပကလပ်အသင်းကြီးတွေကို ပြောင်းရွှေ့တော့မယ် မက်ဆီ ထံကို အာဂျင်တီးနားသမ္မတ အဲလ်ဘာတိုဖာနန်ဒက်စ်က စာပို့ခဲ့ပြီး မက်ဆီအနေနဲ့ ကစားသမားဘဝအဆုံးသတ်ကိုအသင်း ဟောင်းဖြစ်တဲ့ နယူးဝဲလ်အိုးဘွိုင်းစ်မှာ အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ မက်ဆီအနေနဲ့ အသင်းပြောင်း ဖို့ သေချာသလောက်ရှိနေပေမယ့် သူရဲ့စာချုပ်ပါလျော်ကြေးကြောင့် ခေါ်ယူလိုတဲ့အသင်းတွေအတွက် အဆင်မပြေဖြစ်နေ တာပဲ ဖြစ်ပါတယ်။


မက်ဆီကို ခေါ်ယူဖို့အတွက် ဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးက ရေပန်းအစားဆုံးဖြစ်နေပြီး ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့ ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်ရှိနေပြီဖြစ်ပေမယ့် မက်ဆီကို ဥရောပအသင်းကြီးတွေက အလိုရှိနေဆဲဖြစ်တာကြောင့် အသင်းဟောင်း နယူးဝဲလ်အိုးဘွိုင်းစ်ကို ပြောင်းရွှေ့ဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတဲ့ အနေအထား ကြောင့် အာဂျင်တီးနားသမ္မတက တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။


နယူးဝဲလ်အိုးဘွိုင်းစ် ပရိသတ်တွေအနေနဲ့လည်း အာဂျင်တီးနားနိုင်ငံ ရိုဆာရီယိုမြို့ရဲ့လမ်းမတွေပေါ်မှာ အသင်းကို မက်ဆီ ပြန်လာဖို့အတွက် တောင်းဆိုမှုတွေပြုလုပ်ခဲ့သလို သူဟာ လူငယ်ကစားသမားတွေကို ကိုယ်စားပြုတဲ့သူဖြစ်တယ်လို့ ပြော တာတွေလည်း ရှိတယ်လို့ သိရပါတယ်။အာဂျင်တီးနား သမ္မတ အဲလ်ဘာတိုဖာနန်ဒက်စ်က ဂန္တဝင်ကစားသမား မာရာဒိုနာ ရဲ့ ပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။


C5N ကနေတဆင့် အဲလ်ဘာတိုဖာနန်ဒက်စ်က “ မက်ဆီက အာဂျင်းတီးနားပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိတဲ့သူပါ။သူ ကို အခြားနိုင်ငံတွေမှာ ကစားနေတာကို ကျွန်တော်တို့ မမြင်ချင်ကြပါဘူး။သူရဲ့ကစားသမားဘဝ အဆုံးသတ်ကိုတော့ အသင်းဟောင်းဖြစ်တဲ့ နယူးဝဲလ်အိုးဘွိုင်းစ်အသင်းမှာ ကုန်ဆုံးစေချင်တာကြောင့် သူဆီကို တိုက်ရိုက်ဆက်သွယ်ပြီး စာပို့ ခဲ့တာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version
