လာဇီယိုတိုက်စစ်မှူး အင်မိုဘလီကို ခေါ်ယူရန် စဉ်းစားနေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ လာဇီယိုတိုက်စစ်မှူး အင်မိုဘလီကို အပြောင်းအရွှေ့မှာ ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဘာစီလိုနာအသင်းက မက်ဆီ နဲ့ ဆွာရက်ဇ်တို့ (၂) ယောက်စလုံးဟာ နူးကမ့်ကနေ ထွက်ခွာဖွယ်ရှိနေလို့ နည်းပြသစ် ရော်နယ်ကိုးမန်ဒးဟာ အစားထိုးစရာ ကစားသမားတွေကို ရာသီသစ်အတွက် ရှာဖွေရမှာဖြစ်ပါတယ်။

ကာတာလန်ဘီလူးအသင်းဟာ ကစားသမားအများစုကို ဆက်သွယ်မှုတွေ လုပ်ထားပြီး Sportmail သတင်းဌာနကအဆိုအရ ဘာစီလိုနာအသင်းဟာ လာဇီယိုတိုက်စစ်မှူး အင်မိုဘလီကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်တိုက်စစ်မှူး လာဇီယိုအသင်းအတွက် စီးရီးအေ မှာ (၁၄၂) ပွဲကစားထားပြီး (၁၀၃) ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း အီတလီလက်ရွေးစင်တိုက်စစ်မှူး (၃၆) ဂိုးအထိ သွင်းယူခဲ့ပြီး ဥရောပရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အင်မိုဘလီဟာ လာဇီယိုအသင်းအတွက် အစားထိုးလို့ မရနိုင်သော်လည်း ပေါင် ၄၅ သန်း လောက်ရရှိပါက လက်ခံသွားဖွယ်ရှိနေတာဖြစ်ပါတယ်။



