ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘရာဟင်မ်ကို အငှားနဲ့ ခေါ်ယူရန် နီးစပ်နေပြီဖြစ်တဲ့ အေစီမီလန်အသင်း

အေစီမီလန်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘရာဟင်မ် ကို ခေါ်ယူရန် နီးစပ်နေပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စီးရီးအေ ကလပ်အသင်းဟာ အသက် ၂၁ နှစ်အရွယ် မန်စီးတီးကစားသမားဟောင်းကို ပြီးခဲ့တဲ့ အပတ်တွေကတည်းက ဆက်သွယ်ထားတာဖြစ်ပါတယ်။

အီတလီက သတင်းများအရ အငှားနဲ့ ခေါ်ယူပြီး နောက်တစ်နှစ်မှာ အပြီးသတ် ဝယ်ယူသွားရန် ၂ သင်းကြား သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။အီတလီကလပ်အသင်းဟာ စပိန်ကစားသမားကို တစ်နှစ်အငှားနဲ့ ခေါ်ယူပြီးမှာ နောက်နှစ်အကုန်မှာ ဝယ်ယူမှာဖြစ်ပါတယ်။ ဘရာဟင်မ်ဒီယက်ဇ်ဟာ မန်စီးတီးအသင်းကနေ ၂၀၁၉ ဇန်နဝါရီလက ရီးရဲလ်မက်ဒရစ်ကို ပေါင် ၁၅.၅ သန်း နဲ့ ပြောင်းရွှေ့ခဲ့ပြီး သူဟာ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်နေလိုပါတယ်။

သို့သော်လည်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ အပြောင်းအရွှေ့ အသုံးစရိတ် လိုနေလို့ ဒီယက်ဇ်ကို မဖြစ်မနေရောင်းချရန် လိုအပ်နေတာဖြစ်ပါတယ်။ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က အသင်းမှာ ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရပြီး ပွဲကစားခွင့်သိပ်မရခဲ့ပါဘူး။ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၂၁) ပွဲကစားပြီး စပိန်လာလီဂါမှာ (၆) ပွဲပဲ ကစားခဲ့ရပါတယ်။ ဒီယက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ (၆) နှစ်ခွဲစာချုပ်ချုပ်ခဲ့တာဖြစ်ပြီး ၂၀၂၅ ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ ဘရာဟင္မ္ကို အငွားနဲ႔ ေခၚယူရန္ နီးစပ္ေနျပီျဖစ္တဲ့ ေအစီမီလန္အသင္း

ေအစီမီလန္အသင္းဟာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ ဘရာဟင္မ္ ကို ေခၚယူရန္ နီးစပ္ေနျပီျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ စီးရီးေအ ကလပ္အသင္းဟာ အသက္ ၂၁ ႏွစ္အရြယ္ မန္စီးတီးကစားသမားေဟာင္းကို ျပီးခဲ့တဲ့ အပတ္ေတြကတည္းက ဆက္သြယ္ထားတာျဖစ္ပါတယ္။

အီတလီက သတင္းမ်ားအရ အငွားနဲ႔ ေခၚယူျပီး ေနာက္တစ္ႏွစ္မွာ အျပီးသတ္ ၀ယ္ယူသြားရန္ ၂ သင္းၾကား သေဘာတူညီမႈ ရသြားျပီလို႔ သိရပါတယ္။အီတလီကလပ္အသင္းဟာ စပိန္ကစားသမားကို တစ္ႏွစ္အငွားနဲ႔ ေခၚယူျပီးမွာ ေနာက္ႏွစ္အကုန္မွာ ၀ယ္ယူမွာျဖစ္ပါတယ္။ ဘရာဟင္မ္ဒီယက္ဇ္ဟာ မန္စီးတီးအသင္းကေန ၂၀၁၉ ဇန္န၀ါရီလက ရီးရဲလ္မက္ဒရစ္ကို ေပါင္ ၁၅.၅ သန္း နဲ႔ ေျပာင္းေရႊ႕ခဲ့ျပီး သူဟာ ရီးရဲလ္မက္ဒရစ္မွာပဲ ဆက္ေနလိုပါတယ္။

သို႔ေသာ္လည္း ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းဟာ အေျပာင္းအေရႊ႕ အသံုးစရိတ္ လိုေနလို႔ ဒီယက္ဇ္ကို မျဖစ္မေနေရာင္းခ်ရန္ လိုအပ္ေနတာျဖစ္ပါတယ္။ကြင္းလယ္ကစားသမားဟာ ျပီးခဲ့တဲ့ႏွစ္က အသင္းမွာ ေျခစြမ္းျပရန္ ရုန္းကန္ခဲ့ရျပီး ပြဲကစားခြင့္သိပ္မရခဲ့ပါဘူး။ သူဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ (၂၁) ပြဲကစားျပီး စပိန္လာလီဂါမွာ (၆) ပြဲပဲ ကစားခဲ့ရပါတယ္။ ဒီယက္ဇ္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ (၆) ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ခဲ့တာျဖစ္ျပီး ၂၀၂၅ ဇြန္လမွာ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမွာ ျဖစ္ပါတယ္။